By ကုမုဒြာ, Shweproperty.com
Updated at 14 May 2013
လှည်းတန်းမှာ အိမ်ဝယ်မယ်ဆိုရင်
လှည်းတန်းမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို အိမ်ခြံမြေအသင်းမှ ပြန်ကြားရေးတာဝန်ခံ၊ ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောပြပါတယ်။
လှည်းတန်းမှာ မြေဝယ်မယ်ဆိုရင် ဂရန်မြေနဲ့ ဘိုးဘွားပိုင်မြေတွေ ရှိပါတယ်။ ပိုင်ဆိုင်မှုခိုင်မာအောင် စည်ပင်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းဆိုရင် စည်ပင်မှာ စစ်ဆေးရမှာဖြစ်ပြီး အိုးအိမ်နဲ့ သက်ဆိုင်တာဆိုရင်တော့ အိုးအိမ်မှာ စုံစမ်းရမှာဖြစ်ပါတယ်။
တိုက်ခန်းဝယ်မယ်ဆိုရင်တော့ တိုက်ခန်းရဲ့ မြေရှင်ဟုတ် မဟုတ် စစ်ဆေးရမှာဖြစ်ပြီး လိုအပ်ရင် ဂရန်မူရင်းမှာ ပိုင်ရှင်အမည်ပေါက် မှန် မမှန်ကို စစ်ဆေးရမှာဖြစ်ပါတယ်။
မြေရှင်ရှိတဲ့တိုက်ခန်းကို ဝယ်မယ်ဆိုရင်မြေရှင်က သက်သေအဖြစ် လက်မှတ်ထိုးပေးရမှာဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာလည်း ဟုတ်မဟုတ်သေချာစစ်ဆေးဖို့အတွက် အဆောက်အအုံတစ်ခုလုံးရဲ့ ဂရန်ပေါ်မှာ ပေါက်တဲ့နာမည် ဟုတ်မဟုတ်ကို သေချာကြည့်ပြီးဝယ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂရန်ရှိတဲ့နာမည်နဲ့ မှတ်ပုံတင်က နာမည်ကိုလည်းဟုတ် မဟုတ် စစ်ဆေးရမှာဖြစ်တယ်။ သက်တမ်းကျော်နေတဲ့ ဂရန်မြေကို ဝယ်မိရင်လည်း သက်တမ်းပြန်တိုးရတာခက်ခဲတာကြောင့် သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
Ref: ကုမုဒြာ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ