By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 12 June 2018
လှည်းကူးမြို့နယ်ရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် ECO Green City ဆိုသည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတစ်ခုကို အကောင်းအထည်ဖော်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုအခါ ယင်းစီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ Eco Green City စီမံကိန်းကိုဆောက်လုပ်ရန် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့က ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ကိုင်ရန် သဘောတူခဲ့ပြီးဖြစ်သည်။
ယင်းစီမံကိန်းတွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၄၀၀၀ ထွက်ပေါ်လာရေးအတွက် လုပ်ငန်းများ စတင်နေပြီး ဖြစ်ကြောင်းလည်းသိရသည်။
ယင်းစီမံကိန်းကို လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃ မိုင် ၁ ဖာလုံနှင့် ၅ မိုင် ၂ ဖာလုံအနီး လမ်းဘေးဝဲယာရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပန္နက်တင်ခဲ့ပြီး စီမံကိန်းကာလသည် ၁၀ နှစ်ခန့်ကြာမြင့်ဖြစ်ကြောင်းသိရသည်။
စီမံကိန်း ပထမအဆင့် ငါးနှစ်အတွင်း မြေဧက ၆၆၇ ဒသမ ၆၈ ဧကတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ လူနေအသင့်အတင့်ထူထပ်သည့် အိမ်ရာများ အပြင် အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဈေးနှင့် စားသောက်ဆိုင်များ ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ ရှော့ပင်းမော၊ Mixed use zone ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် လမ်းကွန်ယက်နှင့် အခြေံအဆောက်အအုုံများကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် စီမံကိန်းဒုတိယအဆင့် ငါးနှစ်၌ မြေဧက ၇၈၅ ဒသမ ၃၂ ဧကခန့်တွင် သီးသန့်လုံးချင်းအိမ်ရာများ၊ နိုင်ငံတကာအဆင့်မီ ဆေးရုံနှင့်ကျောင်း၊ အများပြည်သူအနားယူ အပန်းဖြေရန်နေရာ၊ ဟိုတယ်ဇုန်၊ ဂေါက်ကွင်း၊ Media Village နှင့် Agro-Park များကို ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး အစိုးရသစ်၏ တန်ဖိုးသင့်၊ တန်ဖိုးလတ်၊ တန်ဖိုးနည်း အိမ်ရာများပါဝင်သည့် အကြီးမားဆုံး မြို့သစ်စီမံကိန်းကြီး တစ်ခုလည်းဖြစ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Buildersguide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ