By Myanmar Builders Guide, Shweproperty.com
Updated at 28 May 2019
လှည်းကူးမြို့နယ်တွင် ဖော်ဆောင်မယ့် မြိုသစ်စီမံကိန်းတွေကြောင့် အိမ်ခြံမြေဈေးများ ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း လှည်းကူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
‘‘ဈေးတွေက ရက်ပိုင်းအတွင်း အရင်ဆယ်ဂဏန်းရှိတဲ့အကွက်က ရာဂဏန်းပြောင်းသွားတယ်’’ဟု အိမ်ခြံမြေအကျိုးဆောင်က ပြောသည်။
အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနေရာအနီး လှည်းကူးမြို့အဝင် ကျွန်းကုန်းကျေးရွာအနီးတွင် ပေ ၁၀၀ ကျယ် မြေကွက် တစ်ကွက်လျှင် ယခင် ကျပ်သိန်း ၆၀၀ တန်မြေကွက်မှာ ယခုရက်ပိုင်းအတွင်း ကျပ် သိန်း ၈၀၀၀ မှ သိန်းတစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း လှည်းကူးကျွန်းကလေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်မည့် ရန်ကုန်-သင်္ဃန်းကျွန်းဘက်မှ ပဲခူးဘက်သို့ လာသည့်ကားလမ်းကြောင်းပေါ်ရှိသည့် ဆားတလင်းနှင့် ကျွန်းကုန်းရွာကြား လယ်မြေအများစုလည်း ယခင်ဆယ်ဂဏန်းဝန်းကျင်ရှိခဲ့ရာမှ ယခုရာဂဏန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ကျွန်းကုန်းနှင့် နဘဲပင်ကျေးရွာကြားရှိ မြေကွက်များတွင်လည်း တစ်ဧကလျှင် သိန်း ၃၅၀ ကျော်အထိ ဈေးကောင်းပေးဝယ်ယူနေကြကြောင်း အဆိုပါ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။‘‘ ဖြစ်လာနိုင်တဲ့လမ်းကို ရွေးချယ်ပြီး လာဝယ်နေကြတာ’’ဟု လှည်းကူးမြို့ဒေသခံတစ်ဦးကဆိုသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ