By Ra Wai, Shweproperty.com
Updated at 25 February 2022
ပါမစ်စာရွက်စာတမ်းနှင့်ပတ်သက်၍ သိရှိလာရသည့်အချက်တစ်ခုအား မျှဝေတင်ပြလိုက်ပါသည်။ လွန်ခဲ့သည့်ရက်ပိုင်းခန့်က ပါမစ်မြေ အရောင်းအဝယ် တွင် စာချုပ်ချုပ်ဆိုပေးရန် အလုပ်အပ်နှံလာသဖြင့် စရန်ပေးစာချုပ်ချုပ်ဆိုပေးခဲ့ပြီးနောက် ပါမစ်စာရွက်စာတမ်း သည် အမည်ပေါက်မှန်ကန်ခြင်းရှိ၊မရှိ /ကန့်ကွက်တင်ထားခြင်းရှိ၊မရှိ /ဂရန်သစ်လျှောက်ထားခြင်းရှိ ၊ မရှိ စသဖြင့်သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာရုံးတွင် သွားရောက်စစ်ဆေးခဲ့ရာမှ ပါမစ်စာရွက်စာတမ်းတွင် အပေါက်ဖောက်ထားပါက မည်သို့ပြသာနာရှိနိုင်သည်ကို သိရှိခဲ့ရခြင်းဖြစ်ပါသည်။ အချို့သူများသည် စာရွက်စာတမ်းများအားသိမ်းဆည်းရာတွင် စနစ်တကျသိမ်းဆည်းလိုသောရည်ရွယ်ချက်ဖြင့် ဖိုင်တွဲတွင်သိမ်းဆည်းနိုင်ရန် အလို့ဌာ ဖိုင်တွဲရန်အတွင်ဘေးတွင် အပေါက်ဖောက်သည် များရှိပါသည်။ အခြားသောစာရွက်စာတမ်းများတွင် ပြဿနာရှိ၊မရှိ မပြောလိုပါ။ သို့ရာတွင် ပါမစ်စာရွက်စာတမ်းတွင်မူ ထိုသို့အပေါက်မဖောက်သင့်ပါ။ ပလစ်စတစ်လောင်းခြင်းမျိုးလည်းမပြုလုပ်သင့်ပါ။ အပေါက်ထားခြင်း၊ ပလစ်စတစ်လောင်စထားခြင်းတို့ ရှိပါက ဂရန်လျှောက်ထားရာတွင်အခက်အခဲရှိနိုင်သည်ဟု သိရပါသည်။ အပေါက်ဖောက်ထားခြင်းအား မပြုလုပ်သင့် ခြင်းမှာ သက်ဆိုင်ရာရုံးသည် (ယခင်ကဆိုလျှင်) ပါမစ်မှ ဂရန်လျှောက်ထားခြင်းအပေါ် ခွင့်ပြု၍ ဂရန်ထုတ်ပေးသည့်အခါတွင် မူလပါမစ်စာရွက်စာတမ်းအားဘေးတွင် အပေါက်ဖောက်၍ ဖိုင်တွဲတွင် သိမ်းဆည်းပါသည်။ သို့ဖြစ်ရာ ပါမစ်စာရွက်စာတမ်းအား ဖိုင်တွဲရန် ဖောက်ထားသည့် အပေါက်များရှိနေပါက ဂရန်ထွက်ပြီးသွားသည့်သဘောဖြစ်နေပါသည်။ ပါမစ်စာရွက်စာတမ်း မည်မျှပြဲနေပါစေ၊ ဟောင်းနွမ်းနေပါစေ အရှိအတိုင်းထားပါ။ ထိုသို့ ပြဲနေသော်လည်း ၊ ဟောင်းနွမ်းနေသော်လည်း ပါမစ်စာရွက်စာတမ်း မှန်ကန်ပါက သက်ဆိုင်ရာရုံးသည် လက်ခံသည်ဟု သိရပါသည်။ အပေါက်ဖောက်ခြင်း၊ ပလစ်စတစ်လောင်းခြင်းတို့ရှိပါကမူ မူလစာရွက်စာတမ်းအားစစ်ဆေးရာတွင် အခက်အခဲရှိသည်ဖြစ်၍ ဖြေရှင်းဆောင်ရွက်ရသည်ဟုသိရပါသည်။ သို့ဖြစ်ရာ ပါမစ်စာရွက်စာတမ်းတွင် အပေါက်ဖောက်ထားသည်များရှိပါက မည်သို့အဓိပ္ပါယ်သက်ရောက်သွားနိုင်သည် ဆိုသည့်အချက်နှင့် မှန်ကန်နေပါကလည်း ဂရန်လျှောက်ထားရာတွင် မည်သို့အခက်အခဲရှိနိုင်သည်တို့ကို သိရှိလာသည့်အပေါ် မျှဝေတင်ပြလိုက်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဂရန်မြေကို အရပ်စာချုပ်ဖြင့် ၀ယ်ယူလျှင် ပိုင်ဆိုင်မှုခိုင်မာသလား မြေခွန်ပြေစာ ဆိုသည်မှာ စာချုပ်ချုပ်မည်ဆိုလျှင် ရောင်း ပေါင် စာချုပ် ဟုတ်မဟုတ်ကိစ္စ စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း Credit By: စာချုပ်ရှေ့နေ (ဦးအောင်ဇေယျ) Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ