By Sint Sint, Shweproperty.com
Updated at 9 June 2021
အိမ်မှာ နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းတွေက သင်ရုတ်တရက်ကြုံလာရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ တခါမှ တွေးဖူးမှာ မဟုတ်ပါဘူး။ တခါတရံမှာ ဖြတ်လမ်းနည်းလေးတွေကို သိရတာ ပိုပြီး ပျော်စရာကောင်းပါတယ်။ အဲဒါတွေက ပိုက်ဆံနဲ့ အချိန်ကုန်တာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် အိမ်သုံးပစ္စည်းတွေကို အခြားနည်းလမ်းနဲ့ အသုံးပြုလို့ ရမယ့် နည်းတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါကို သုံးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ မုန့်ဖုတ်ဆိုဒါကို အနံ့ပျောက်ဆေး၊ ခေါင်းလျော်ရည်၊ သွားတိုက်ဆေး စတာတွေ အဖြစ် အလွယ်တကူသုံးနိုင်ပြီး ပိုးမွှားတွေ ကိုက်တာခံရရင်လည်း ခန္ဓာကိုယ်မှာ လိမ်းထားလို့ ရပါသေးတယ်။ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးဝင်တဲ့ အပြင် အိမ်တွင်းက ဆိုးဝါးတဲ့ အနံ့တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားရာမှာလည်း အသုံးဝင်ပါတယ်။ (၂) လက်သည်းနီ လက်သည်းနီအကြည်ကို ကော်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ အိမ်မှာ ကော်မရှိတဲ့ အချိန်တွေမှာ ကပ်စရာတခုခု ပေါ်လာခဲ့ရင် လက်သည်းနီကို သုံးနိုင်ပြီး သင့်အင်္ကျီက ကြယ်သီးတွေ ပိုပြီး အရောင်လက်ဖို့လည်း လက်သည်းနီ အကြည်ကို သုံးနိုင်ပါသေးတယ်။ ဒါ့အပြင် အရောင်ပါတဲ့ လက်သည်းနီတွေကိုတော့ ပစ္စည်းတွေကို အမှတ်အသား ပြုလုပ်ရာမှာ အသုံးပြုလို့ရပါတယ်။ (၃) သံလွင်ဆီ သံလွင်ဆီကို အသုံးပြုပြီး ဟင်းချက်ရင် ကောင်းမွန်တဲ့ ဟင်းလျာတွေကို ရတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါ့အပြင် သံလွင်ဆီကို သုံးလို့ရတဲ့ အခြာနည်းလမ်းတွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ခန္ဓာကိုယ်လှပဖို့အတွက်ပါပဲ။ သံလွင်ဆီကို မျက်နှာအစိုဓာတ်ထိန်းပေးတဲ့ အရာအနေနဲ့ လိမ်းနိုင်သလို ရေချိုးတဲ့ အခါ ရေထဲ သံလွင်ဆီ နှစ်စက်ခန့် ထည့်ပြီး ချိုးခြင်းဟာလည်း အသားအရေကို လှပအောင် ထိန်းသိမ်းပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရိဘောဂပစ္စည်းတွေကို အရောင်တင်ဖို့ သုံးနိုင်ပါသေးတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ GAS မီးဖို သုံးစွဲတဲ့ အိမ်တိုင်း သတိထား ဂရုပြုသင့်သော အချက်များ အခန်းတွင် ရေမွှေးဖယောင်းတိုင်များထွန်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ အိမ်တွင်းအလှစိုက်အပင်များထဲမှ လူကြိုက်အများဆုံးအပင် ၃ ပင်အကြောင်း Credit By : Burma Irrawaddy Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ