By Napannsan, Shweproperty.com
Updated at 3 August 2019
အိမ်သားအားလုံး ကျန်းမာပျော်ရွှင်စေဖို့ အိမ်တိုင်းမှာ ကောင်းတဲ့ စွမ်းအင်တွေ ပျံ့လွင့်နေဖို့ လိုအပ်ပါတယ်။ အိမ်တစ်အိမ်မှာ မကောင်းတဲ့ စွမ်းအင်တွေ ပိုမိုများပြားလာရင် အိမ်သားတွေ နေထိုင်မကောင်းတာ၊ တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည် စကားများတာတွေအပြင် အခြားပြဿနာတွေ အများအပြား ကြုံတွေ့နိုင်ပါတယ်။ အဲဒါကြောင့် အိမ်ထဲမှာ ကောင်းတဲ့ စွမ်းအင်တွေ တိုးပွားလာဖို့အတွက် မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားရှင်းလင်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အနောက်တိုင်းနည်း
တခါတလေ မိမိ အိပ်ခန်းထဲ ဝင်လိုက်တာနဲ့ မပျော်မရွှင် ဖြစ်သွားတာ လူက “ငေါင်” သွားတာ ကြုံဘူးကျမှာပါ။ လူသားတွေ အပေါ်မှာ ပတ်ဝန်းကျင်က Positive စွမ်းအင်နဲ့ Negative စွမ်းအင်သက်ရောက်နေတတ်ပါတယ်။ ဒါတွေက မမြင်ရပါဘူး။
Negative စွမ်းအင်ကမကောင်းပါဘူး။ “ဒါဖြင့်ရင်ဒီမကောင်းတဲ့ စွမ်းအင်တွေ ဘယ်လိုဖျက်မလဲ? ”
(၁) ရှာလကာရည် ထမင်းစားဇွန်း နှစ်ဇွန်း
(၂) ဆားလ္ဘက်ရည်ဇွန်း နှစ်ဇွန်း
(၃) သန့်စင်တဲ့ အနည်မပါတဲ့ရေ16 အောင်စကို သန့်ရှင်းစင်ကြယ်တဲ့ ဖန်ခွက်ထဲထည့်ပါ။
အခြားဓာတ်တွေ မပါဝင်စေဘို့ ဖန်ခွက်သန့်စင်ဘို့ အရေးကြီးသလို ရေကိုလည်း filter နဲ့ စစ်ဘို့လိုပါတယ်၊ မိမိစိတ်မသန့်တဲ့ အခန်းထဲမှာ ၂၄ နာရီထားပါ။ အောက်ခြေမှာ အနည်ထိုင်နေတဲ့ဆားတွေ အပေါ်ကိုကြွ လာပြီဆိုရင် အခန်းထဲ က Negative Energy (မကောင်းတဲ့ စွမ်းအင်တွေ) ကို စုပ်ယူလိုက်ပါပြီ။
အိန္ဒိယ အယူအဆကတော့ “ကရဝေးရွက် ” ကို မီးရို့ပေးခြင်းဖြင့် မကောင်းတဲ့ အငွေ့အသက်များကို နှင်ထုတ်ပြီး အိမ်သားတွေရဲ့ စိတ်ကို ပျော်ရွှင်စေပါတယ်။
တရုတ်ဖုန်းရွှေအရကတော့ ပစ္စည်းအထားအသို ရွှေ့ပြောင်းခြင်း ဟောင်နွမ်းနေတဲ့ ပစ္စည်းများ စွန့်ပစ်ခြင်းဖြင့် ဓာတ်သဘောမျှတအောင်လုပ်နိူင်ပါတယ်။
မေတ္တာပို့ အမျှအတန်းဝေရင်လဲ ok နိူင်ပါတယ်။
Ref : Napannsan
Photo Credit : Theaa
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ