ကလေးရှိတဲ့ မိသားစုတွေအတွက် ဆင်ခြင်နိုင်ဖို့ အောက်ပါ ရွက်လှပင် အကြောင်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။


အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင် အမျိုးမျိုးကို အလှပန်း အိုးတွေ အဖြစ် စိုက်ထားလေ့ ရှိကြတယ်။ မျက်စိ ပသာဒ ဖြစ်စေ သလို၊ အခန်းတွင်း လေသန့်ရှင်းစေလို့၊ ကြည့်ရ တာလည်း လှလို့ စာရေးသူလည်း သဘောကျမိတယ်။ အောက်ဖော်ပြပါ စာ ဆက်ဖတ် ကြည့်ရင်တော့ အဲလို အပင်မျိုး အလှအဖြစ်တောင် ဘယ်နေရာမှ မစိုက်သင့်တော့ပါဘူး။


အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်းအတွင်း လူကြီးဆိုရင်လည်း ၁၅ မိနစ် အတွင်း အသက် သေစေနိုင်ပါသတဲ့။


Keep (+) Healthy မှာ မိခင် တစ်ယောက်က ပြောတာကို အခုလို တွေ့ရတယ်။ ”ကျွန်မ သမီးလေး အသက် ဆုံးရှုံးရတော့ မလို ဖြစ်သွား ရတယ်။ အသိ ဦးပေလို့သာ။ အဲဒီအရွက် တစ်ပိုင်း တစ်စကို ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင်းလက်ငင်း သမီးရဲ့ လျှာတွေ ထူထဲ ရောင်ရမ်းလာတယ်။ အသက်ရှူရ ခက်ခဲလာတယ်။ အဲဒီအရွက်နည်းနည်းလေးဝါးမိတဲ့ ကျွန်မ သမီးလေး သေတော့မလို့ ဖြစ်သွားရတယ်။ လူအတော်များများက ဒီအရွက်က အဆိပ်ပြင်းမှန်း၊ မသိကြဘူး။ သတိလည်း မထားမိကြဘူး။”


အဲဒီအရွက်က သိပ်ပြီး အသက်အန္တရာယ် ပေးနိုင်ပါတယ်။ သူ့လိုနဲ့ သူ့လောက် အသက်အန္တရာယ် ခြိမ်းချောက်တဲ့ အပင် များများစားစား မရှိလှဘူး။





အဲလို ရွက်လှပင်တွေ အိမ်တွင်း အိမ်ပြင် လုံးဝ မစိုက်သင့်ပါဘူး။ တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့ လက်လှမ်း မမှီတဲ့ နေရာ၊ အဝေးနဲ့ အမြင့် တစ်နေရာ တင်ထားတာ ကောင်းပါတယ်။ ကလေးကို အဲဒီအနား မသွားစေဘို့ မျက်ခြေမပြတ် ထိန်းသိမ်း စောင့်ရှောက် နေသင့်ပါတယ်။ ကလေး ရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့ နေရာနဲ့ အိပ်ယာတွေကို၊ အဲဒီ အပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေးမှာ ထားရှိသင့်ပါတယ်။


အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ဆီမှာတော့ ရွက်လှဂမုန်းလို့ ခေါ်ကြတယ်။ စာရေးသူတောင် ကြည့်ရတာလှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထားမိသေးတယ်။


ကိုယ်ပိုင် ကလေးမရှိပေမဲ့ လူနာကလေးလေးတွေ မတော်တဆ အိမ်ခေါင်းရင်း ရောက်သွား ဆော့ကစား စားမိရင်၊ ကလေးတွေ ဒုက္ခများမှာ စာရေးသူလည်း ပြေးပေါက်မှားမှာ စိုးရိမ်လို့၊ ဒီစာရေးပြီးရင်ကို၊ သွားရောက် ဖယ်ရှားပစ်တော့မယ်။


အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ ” ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။


အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံးစေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေနိုင်တဲ့အထိ အဆိပ်ပြင်းထန်ပါတယ်။





အရွက်ရဲ့အဆိပ်က ဘယ်လောက်ပြင်းထန်သလဲဆိုရင် ၊ မျက်စိထဲ ဝင်မိရင် မျက်စိတောင် ကွယ်စေ မျက်စိကန်းစေနိုင်တယ်။


ချစ်စွာသော စာရှုသူ။ သင်တို့ အိမ်မှာ ရုံးမှာ အဲဒီ ရွက်လှပင် ရှိနေပါသလား။ အခုပဲ သွားရောက် နှုတ်ပစ်ဖယ်ရှားလိုက်တာက သင့်အတွက်ရော မိသားစု အတွက်ရော၊ မိတ်ဆွေတွေ သားသမီးတွေ အတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရပါလိမ့်မယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


သင့်အိမ်မှာ ရွှေလာငွေလာဂမုန်းအပင် စိုက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ


အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်


အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ


သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ


Credit : Wunyan
Posted By : Sint Sint (ShweProperty.com)