By Chan Myae, Shweproperty.com
Updated at 23 May 2022
ကလေးအခန်းတွေကို အလှဆင်တဲ့အခါမှာ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်သင့်ပါတယ်။ ကလေးတွေရဲ့ ကာယ၊ ဉာဏဖွင့်ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ကလေးအခန်းတွေဖန်တီးတဲ့အခါ ဘယ်အရာတွေက အရေးပါသလဲဆိုတာကို လေ့လာကြည့်နိုင်ဖို့ Myanmar Home & Décor က တင်ပြပေးထားပါတယ်။ နယ်ပယ်လေးများ ကန့်သတ်ပေးပါ။ (စာဖတ်ရန်။ ကစားရန်၊ အိပ်ရန်) အိပ်ရာသည် ကောင်းမွန်စွာ အိပ်စက်အနားယူဖို့အတွက် သီးသန့်ပြုလုပ်ထားတယ်ဆိုတာကို ကလေးတို့ရဲ့ ငယ်စဉ်ဘဝမှာကတည်းက နှလုံးသွင်းပေးထားရမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ဖို့စာကြည့်စားပွဲကို အိပ်ရာရဲ့ဘေး (ဒါမှမဟုတ်) အခန်းရဲ့ ထောင့်တစ်နေရာမှာ စီစဉ်ပေးထားရပါမယ်။ ဒါမှသာ မိမိရဲ့ ကလေးငယ်က ကုတင်ပေါ်မှာ စာကြည့်ရင်း အိပ်ပျော်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ကစားဖို့ နေရာလပ်ကလေးလည်း လိုအပ်ပါသေးတယ်။ ဒါမှလည်း ကလေးရဲ့ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ပျံသန်းခွင့်၊ တီထွင်ခွင့်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းပြီး လုံခြုံမှုရှိအောင် ဖန်တီးပါ။ ရှာဖွေစူးစမ်းလိုစိတ် ပြင်းပြခြင်းက ကလေးငယ်တို့ရဲ့ ထုံးစံပါ။ အခန်းတွင်းမှာ ပရိဘောဂပစ္စည်းများကို နေရာချရာမှာ ပြတင်းပေါက်နားမှာ မထားမိပါစေနဲ့။ ပရိဘောဂများရဲ့ အစွန်းများက ချွန်ထွက်နေတာမျိုးမပါ၀င်အောင် သတိထားပါ။ ဖြစ်နိုင်မယ်ဆိုရင် ကလေးများအတွက် သီးသန့်ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ပရိဘောဂများကို ရွေးချယ်ဝယ်ယူပါ။ အခန်းထဲမှာ ကွဲရှလွယ်တဲ့ အသုံးအဆောင်ပစ္စည်းများကို မထားမိဖို့ သတိပြုပါ။ အခန်းမှာရှိတဲ့ ဗီရိုတံခါး၊ ပြတင်းပေါက်တံခါးများမှာလည်း အဖွင့်အပိတ်ပြုလုပ်တဲ့အခါမှာ အရှိန်ကို ထိန်ပေးထားတဲ့ ကြားခံပစ္စည်းများကို ထည့်သွင်းအသုံးပြုပါ။ ကလေးများရဲ့ လက်ချောင်းကလေးများက သေးငယ်တဲ့အတွက် မတော်တဆ ကစားရင်း လက်ညပ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ အခန်းဖွဲ့စည်းမှုမှ ကလေးအတွက် သင့်တော်တဲ့ ဗီရိုများပါ၀င်ပါစေ။ ကလေးတွေရဲ့ အခန်းထဲမှာ ရှုတ်ပွမနေဖို့အတွက် အလိုအပ်ဆုံးအရာကတော့ ဗီရိုများပဲဖြစ်ပါတယ်။ ပစ္စည်းများသိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက လေ့ကျင့်ပြီးသားဖြစ်စေပါတယ်။ အနည်းဆုံးကလေးတို့ရဲ့ ကစားစရာအရုပ်များ၊ ရောင်စုံခဲတံနဲ့ ပန်းချီစာအုပ် အစရှိတဲ့ ကလေးအသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းနိုင်မယ့် ဗီရိုများကို ကလေးတို့ရဲ့ အရပ်နဲ့ မီအောင် ပြင်ဆင်ပေးထားသင့်ပါတယ်။ အဲဒီအပြင်စာအုပ်စင်များကိုလည်း ထည့်သွင်းပေးထားရင် စာဖတ်တတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူပေးနိုင်ပါတယ်။ စာအုပ်စင်ကိုတော့ ကလေးအရပ်နဲ့ လိုက်လျောညီထွေရှိစေဖို့ သတိပြုရပါမယ်။ စာအုပ်စင်ပေါ်မှာလည်း စာအုပ်အထူများ၊ အလေးချိန်ရှိတဲ့ ပစ္စည်းများ မထားမိစေဖို့ အထူးသတိပြုရပါမယ်။ အရောင်လှလှ တန်ဆာဆင်ပါ။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အရောင်များက အထောက်အကူဖြစ်စေတယ်လို့ ဆရာဝန်များရဲ့ လေ့လာမှုများအရ သိရပါတယ်။ အပြာရောင်၊ အစိမ်းရောင်နုတို့ကတော့ ကလေးများအတွက် သင့်တော်တဲ့ အခန်းအရောင်များဖြစ်ပါတယ်။ အရောင်စုံလေးများခြယ်သထားရင်လည်း ကလေးတို့အတွက် ဉာဏ်ရည်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးရောင်များကို လှပစွာခြယ်သထားခြင်းဖြင့် ကလေးငယ်တို့ရဲ့ စိတ်ကို ရွှင်လန်းစေပါတယ်။ မှန်ကန်တဲ့ အလင်းရောင်ကို ပေးစွမ်းပါ။ အခုခေတ်ကလေးတော်တော်များများက ငယ်ငယ်ကတည်းက တီဗီကြည့်၊ ဂိမ်းဆော့နဲ့ အတော်ကို မျက်စိပျက်စီးကြပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အိပ်ခန်းမှာ အဓိကအားဖြင့် စာကြည့််ဖို့၊ ပန်းချီဆွဲဖို့၊ ကွန်ပျူတာသုံးဖို့ လုံလောက်ပြည့်စုံတဲ့အလင်းရောင်ရရှိဖို့လိုပါတယ်။ ဒါမှသာ အဝေးမှုန်ခြင်းနဲ့ မျက်စေ့စုံချက်မညီခြင်း အစရှိတဲ့ ဝေဒနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ နေ့လည်ခင်းမှာ သဘာဝအလင်းရောင်ကို ရရှိစေနိုင်ဖို့ဖန်တီးပေးပါ။ သဘာဝနေရောင်ခြည်ဟာ ကလေးငယ်တို့အတွက် နှာစေးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်စီဓာတ်ပါ၀င်ပါတယ်။ ဒါပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက်တော့ ပြန်လည်စဉ်းစားရင်း ခန်းဆီးလိုက်ကာများနဲ့ ၀န်းရံပေးလိုက်ပါ။ နေဝင်လို့ ကလေးအများစု စာကြည့်ချိန်ကို ရောက်လာတဲ့အခါ အလင်းရောင်အပြည့်အဝပေးစွမ်းနိုင်မယ့် စာကြည့်မီးအိမ် (သို့) မီးချောင်းကို တပ်ဆင်ပေးပါ။ ကလေးငယ်ကို သီးသန့်အခန်းနဲ့ ခွဲထုတ်ပေးလိုက်တဲ့အခါမှာ စိတ်ပိုင်းအပြောင်းအလဲများ၊ စိုးရိမ်ကြောက်လန့်မှုများ ရှိတတ်ပါတယ်။ အလင်းရောင်က အဲ့ဒီစိုးရိမ်ကြောက်လန့်မှုအတွက် ခွန်အားတစ်ခုအသွင် ခြေဖျက်ပေးနိုင်ပါတယ်။ သာမန်မီးအလင်းရောင်က ညအိပ်တဲ့အခါမှာ မျက်စေ့ကြောင်နေတတ်ပါတယ်။ ညအိပ်တဲ့အခါမှာ ညထွန်းမီးလုံးလေးကို တပ်ဆင်ပေးဖို့ မမေ့ပါနဲ့။ တစ်ယောက်တည်းနေလို့ နေသားတကျဖြစ်လာတဲ့အခါမှာတော့ အိပ်ခါနီးမှာ မီးလုံးတွေကို အလွယ်တကူပိတ်နိုင်အောင် အိပ်ယာနဲ့ လက်တစ်ကမ်းအလိုမှာ ညထွန်းမီးလုံးများထားရှိပေးပါ။ ဖတ်ရှု့မှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နေအိမ်အတွင်း စီးပွားလာဘ်လာဘ ပွင့်လန်းစေရန် ဒါလေးတွေ ဆောင်ရွက်ပေးပါ ဆေးသုတ်ရာတွင်မှားလေ့မှားထရှိတ့အချက်(7)ချက်.. ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ အိမ်မှာရှိတဲ့ ကျန်းမာရေးအန္တရာယ်တွေ Credit By :homedecor Posted By :Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ