By Ra Wai, Shweproperty.com
Updated at 22 December 2021
လူအတော်များများက ပုံပန်းသွင်ပြင်နဲ့ ပြူမူပြောဆိုပုံကို ကြည့်ပြီး တခြားသူတွေအပေါ် ကောက်ချက်တွေချလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း စုံထောက်ဉာဏ်ရှိတဲ့သူတွေကတော့ အိမ်အပြင်အဆင်တွေကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်တတ်ကြပါတယ်။ စုံထောက်ရှားလော့ဟုမ်းတောင် ချီးကျူးချင်လောက်တဲ့ အဲ့လိုလူတွေက အိမ်အပြင်အဆင်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်အနေအထားကို ဘယ်လို အကဲခတ်တတ်ကြတယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်နော်။ (၁) အပင်တွေ အိမ်တွင်းအပင်စိုက်ခြင်းကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိနိုင်ပါတယ်။ စိတ်ထားတဲ့ အပင်အမျိုးအစားက လူတစ်ယောက်ရဲ့ စိတ်ကို ဖော်ပြပေးနိုင်ပါတယ်။ ဥပမာအားဖြင့် သျှားစောင်းလက်ပတ် ဒါမှမဟုတ် လီလီပန်း စိုက်ထားတတ်တဲ့သူတွေက များသောအားဖြင့် တည်ငြိမ်ကြပြီး သက်တောင့်သက်သာ ရှိတတ်ကြသူတွေ ဖြစ်ကြပါတယ်။ ဒီအပင်တွေက စိတ်ဖိအားတွေကို လျော့ကျစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ သစ်ခွပန်း စိုက်ပျိုးတတ်ကြသူတွေကတော့ မိတ်ဆွေနည်းနည်းနဲ့ တရင်းတနှီးနေရတာကို သဘောကျတတ်ကြပါတယ်။ (၂) မီးဖိုချောင်နဲ့ ရေချိုးခန်း မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အစားသောက်တွေ မီးဖိုချောင်ထဲမှာ ခပ်များများရှိတဲ့သူတစ်ယောက်က ဖော်ရွေတယ်၊ မိတ်ဆွေအပေါင်းအသင်းတွေကို အကူအညီပေးဖို့ ဝန်မလေးဘူးဆိုတာကို သိသာစေတဲ့သူ ဖြစ်ပါတယ်။ သူတို့တွေဟာ မိတ်ဆွေတွေနဲ့ တပျော်တပါး ဝိုင်းဖွဲ့စားသောက်ရတာ၊ ပျော်ပျော်ရွှင်ရွှင်နေရတာကို သဘောကျတတ်ပါတယ်။ ရေချိုးခန်းထဲမှာ ပစ္စည်းအသေးအမွှားကအစ စုံလင်နေအောင် ထားတတ်ကြသူတွေကတော့ ဦးဆောင်ရတာ သဘောကျတတ်ကြပြီး ပွင့်လင်းတတ်ကြသူတွေဖြစ်ကြပါတယ်။ (၃) အိပ်ခန်း အိပ်ယာခင်းနဲ့ ခေါင်းအုံးတွေရဲ့ အရောင်တွေကလည်း လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ပြောပြနိုင်ပါသေးတယ်။ ဥပမာအားဖြင့် စွမ်းရည်ထက်မြက်ပြီး တက်ကြွတဲ့သူတွေဟာ အနီရောင်ကွဲအမျိုးမျိုးကို သဘောကျထားကြပါတယ်။ တိရစ္ဆာန်ပုံ အရုပ်တွေပါတဲ့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကို သဘောကျတဲ့သူတွေကတော့ ယုံကြည်မှု ရှိကြသူတွေ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြသူတွေကတော့ အကွက်နဲ့ အကြောင်အကျားတွေ ပိုသဘောကျလေ့ရှိကြပါတယ်။ (၄) ပရိဘောဂ နေရာချထားမှု အိမ်ကို ဧည့်သည်တွေ လာတဲ့အခါ အဆင်ပြေစေဖို့ ပရိဘောဂတွေ နေရာချထားမှုကလည်း အရေးကြီးပါတယ်။ သက်တောင့်သက်သာဖြစ်မယ့် အနေအထား ထားရှိမှုက မိတ်ဆွေတွေပေါ် အလေးထားတယ်၊ မိတ်ဆွေတွေ အဆင်ပြေစေဖို့ လိုလားတယ်ဆိုတဲ့သူတွေရဲ့ စိတ်နေစိတ်ထားကို ပြောပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေဟာ မိတ်ဆွေတွေကြားမှာ တန်ဖိုးထားရတဲ့၊ ချစ်ခင်ရတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ (၅) အစီအစဉ်တကျ ရှိနေမှုနဲ့ ရှုပ်ပွနေမှု ပစ္စည်းတွေကို အစီအစဉ်တကျ နေရာချထားတတ်တဲ့သူတွေဟာ အရာရာကို ပြင်ဆင်ပြီးမှ လုပ်တတ်ကြသူတွေပဲ ဖြစ်ကြပါတယ်။ သူတို့တွေဟာ အချိန်ကို တန်ဖိုးထားတတ်ပြီး အချိန်တိကျကြသူတွေဖြစ်ပါတယ်။ ပစ္စည်းတွေကို ရှုပ်ပွနေအောင် ထားတတ်ကြသူတွေကတော့ များသောအားဖြင့် အမှားလုပ်မိတဲ့အခါ တောင်းပန်ရမှာ ဝန်လေးကြသူတွေဖြစ်ပါတယ်။ မလျှော်ရသေးတဲ့ အဝတ်တွေ စုပြုံနေတာကလည်း အဲ့ဒီလူဟာ အတိတ်ကို အတိတ်မှာ ချန်ထားခဲ့ဖို့ ဝန်လေးတတ်ကြသူတွေဖြစ်တယ်ဆိုတာ ပြနေတာပဲဖြစ်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင် သင့်အိမ်ခန်း သို့မဟုတ် ရုံးခန်းထဲက HOUSEPLANTS လေးများကို ဘယ်လိုဂရုစိုက်ရမလဲ သင့်ကျန်းမာရေးကောင်းအောင် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ အခန်းတွင်း လေသန့်စင်ပေးနိုင်မယ့် အပင်လေးတွေ စိုက်ကြည့်ရအောင် Credit By: Aunt May Posted By : Ra Wai, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ