By Aye Sandar, Shweproperty.com
Updated at 16 February 2021
အိမ်တွင် စိုက်ပျိုးသင့်သော အပင်များရှိသလို၊ လာဘ်တိတ်စေလို့ စိုက်ပျိုးရန်မသင့်သော အပင်များလည်းရှိပါသည်။ထို့ကြောင့်အပင်စိုက်တိုင်း မကောင်းပါ။ ဉပမာ - မိတ်သလင်၊ ပင်စိမ်းပင်၊ ငှက်ပျောပင်၊ ငရုတ်ပင်၊ စပါးလင်ပင်၊ ခံသီးပင်တို့ကို အိမ်ရှေ့မျက်နှာစာ၌ မစိုက်ကောင်းပါ။ ခိုက်တတ်သော အပင်များဖြစ်ပါသည်။ အိမ်ပတ်ဝန်းကျင်တွင် မရှိအပ်သော အပင်များမှာ - အိမ်၏အရှေ့မျက်နှာတွင် ညောင်၊ သပြေပင်များရှိပါက စီးပွားပျက်တတ်သည်ဟုဆိုသည်။ အနောက်ဘက်တွင် လက်ပံပင်၊ ထိန်ပင်၊ တောင်ဘက်တွင် သျှစ်သျှားပင်၊ ဖီးခြမ်းငှက်ပျော၊ သင်္ဘောပင် နဲ့ မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊ သဖန်းပင်၊ အုန်းသျှစ်ပင်များရှိပါက (စိုက်ပျိုးပါက) စီးပွားယုတ်စေပြီး ရောဂါဘယထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်ဟု ဆိုပါသည်။ ဒါ့အပြင် ဂမုန်းပင်များသည်လည်းအိမ်တွင်စိုက်ပျိုးရန် မသင့်သည့် အပင်များထဲတွင်ပါဝင်နေသသည်။ မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ကျမ်းဂန်များတွင်ပါ အမျိုးပေါင်း (၁၀၉) မျိုးရှိသည်ဟု ဆိုထားသည်။ ယင်းတို့အနက်မှ စိုက်ပျိုးရန်မသင့်သည့် ဂမုန်းပင်အနွယ်ဝင် ၁၀ မျိုးရှိလေသည်ဟု ဆိုသည်။ စိုက်ပျိုးရန်မသင့်သော ဂမုန်းအနွယ်ဝင်များထဲမှ ဆင်စွယ်ဂမုန်းပင်သည် မြေကြီးမှ တစ်ပင်ချင်း ပေါက်တဲ့ အပင်မျိုးဖြစ်ပြီး ဒန့်ဒလွန်သီးအပင်နှင့် ဆင်တူလေသည်။ အဆိုပါအပင်စိုက်ပျိုးပါက စီးပွားလာဘ်လာဘကျဆင်းစေပြီး အမျိုးသားများအနေဖြင့် ထိုအပင်ကို ကျော်နင်းမိပါက အူကျခြင်းကို ဖြစ်စေသည်ဟုပင် ဆိုထားသည်။ မိသားစုဝင်အချင်းချင်း ရန်လိုခြင်း၊ ဘေးရန်ပေါများကာ အမှုအခင်းများ ကြုံနိုင်သည်။ထို့ကြောင့် အထူးရှောင်ရှားစိုက်ပျိုး အပ်ကြောင်း ရှေးလူကြီးများက ဆိုကြခြင်းဖြစ်ပေသည်။ လူအများအနေဖြင့် ဂမုန်းပင်များသည် နတ်ကြီးသည်ဟုပင် ယူဆလာကာ လက်ဆောင်ရခဲ့သော် နေအိမ်တွင် ဖျားနာခြင်း၊ ပြဿနာအခက်အခဲများ ကြုံစေနိုင်သည်ဟုပင် ထင်မှတ်လာပေသည်။ ရှေးမြန်မာတို့၏ အစွဲအလမ်းဟုပင်ဆိုဆို မလိုလားအပ်သော စီးပွားရေးကျဆင်းမှုများ မဖြစ်ပေါ်စေရန် ရှောင်ကြဉ်သင့်ပေသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မိမိအိမ်ရာဝင်းအတွင်း အပင်စိုက်ပျိုးထားသူများ သတိပြုစရာအချက် ၁၀ ချက် အိမ်တိုင်း စိုက်ပျိုးထားသင့်သည့် ရှားစောင်းလက်ပတ်ပင်ရဲ့ ဆေးဖက်ဝင်ပုံများ ကြွယ်ဝခြင်းနိမိတ်ဆောင်တဲ့ အိမ်တွင်းစိုက် LUCKY အပင်များ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ