By Eleven Media Group, Shweproperty.com
Updated at 18 January 2019
ပြည်တွင်းဘဏ်များအား သက်တမ်းသုံး နှစ်ထက်ပိုသည့် အိမ်ရာချေးငွေ ထုတ်ချေးခြင်းကို ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သတင်း ရရှိသည်။
အဆိုပါ ညွှန်ကြားချက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက် ညွှန်ကြားချက်အမှတ် ၇/ ၂၀၁၇ ဖြင့် ဘဏ်များအား သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များကို ထုတ်ချေးခွင့်ပြုခဲ့ကြောင်း၊ ဘဏ်များ၏ ချေးငွေဈေးကွက်ချဲ့ထွင်နိုင်ရန် နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ချေးငွေသက်တမ်း သုံးနှစ်ထက်ပိုသော အိမ်ရာချေးငွေများထုတ်ချေးခြင်းကို ဘဏ်၏ စုစုပေါင်းချေးငွေ (Total Loan Protfolio) ၏ ငါးရာခိုင်နှုန်းအထိ ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်
ထို့ပြင် ဘဏ်များအနေဖြင့် စုစုပေါင်းချေးငွေ၏ ငါးရာခိုင်နှုန်းအတွင်း အိမ်ရာချေးငွေမှအပ သက်တမ်းသုံးနှစ်ထက်ပိုသည့် အခြားသောချေးငွေများကို ထုတ်ချေးလိုပါက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စနှင့် စည်းကမ်းချက်များဖော်ပြပြီး ကိစ္စရပ်တစ်ခုချင်းအလိုက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြပြီး ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ပါရှိသည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ