By BE News, Shweproperty.com
Updated at 17 January 2019
ပြည်သူများအိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်စေရန်အတွက် အိမ်ရာချေးငွေများ ရယူရာတွင် ပြည်တွင်းဘဏ်များအနေနှင့် ချေးငွေသက်တမ်း (၃) နှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ အိမ်ရာချေးငွေဝန်ဆောင်မှုအတွက် ဘဏ်များက ဆောင်ရွက်ရာတွင် ဘဏ်၏ စုစုပေါင်းချေးငွေ၏ ၅ % အထိ ထုတ်ချေးပေးရန် ဗဟိုဘဏ်က ညွှန်ကြားထားပြီး (၃) နှစ်ထက်မပိုသော ကာလသတ်မှတ်ချေးငွေ ဖြစ်ရမည်ဟု ဆိုသည်။
ထို့အပြင် ဘဏ်များအနေနှင့် စုစုပေါင်းချေးငွေ (Total Loan Portfolio) ၏ ၅ % အတွင်း အိမ်ရာချေးငွေမှအပ သက်တမ်း (၃) နှစ်ထက်ပိုသည့် အခြားသောချေးငွေများကို ထုတ်ချေးလိုပါက ချေးငွေထုတ်ချေးခြင်းဆိုင်ရာကိစ္စရပ်နှင့် စည်းကမ်းချက်များ (Terms and Conditions) ကို ဖော်ပြ၍ ကိစ္စရပ်တစ်ခုချင်းအလိုက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြပြီး ခွင့်ပြုချက်ရယူရမည်ဟုလည်း ညွှန်ကြားထားသည်။
Ref : BE News
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ