By Aye Sandar, Shweproperty.com
Updated at 5 February 2021
သင့်အိမ်တွင်း အကြောင်းအရင်းတစ်စုံတစ်ရာမရှိဘဲ အခက်အခဲအတားအဆီးများ၊ စီးပွားရေးကြပ်တည်းခြင်းများဆက်တိုက်ဆိုသလို ကြုံနေရပါက သင့်အိမ်ကို လေ့လာစမ်းစစ်ကြည့်ဖို့ လိုအပ်နေပါပြီ။ အခုပြောပြပေးမည့်ပစ္စည်းတွေ သင့်အိမ်တွင်းရှိနေပြီဆိုပါက ချက်ချင်းဖယ်ရှားပစ်သင့်ပါသည်။ ၁။ ရပ်တန့်နေတဲ့နာရီ (သို့) ပျက်ဆီးကျိုးပဲ့သွားတဲ့ နာရီ နာရီအပျက်များသည် မကောင်းတဲ့ နိမိတ်ကိုညွှန်နေတဲ့ လက္ခဏာရှိပါသည်။ အချိန်ကာလကို ညွှန်ပြသော အရာဟာ အလုပ်မလုပ်တော့ဘဲ ရပ်တန့်နေခြင်းသည် မိမိရဲ့တိုးတက်မှုလမ်းကြောင်းကိုပါ ပိတ်ဆို့ရပ်တန့်ခြင်း နိမိတ်မျိုးဆောင်၍ အိမ်တွင် မထားကောင်းဘူးဟု ဆိုခြင်းဖြစ်သည်။ ၂။ လှုပ်ကုလားထိုင် လေတိုက်လို့ သူ့ဟာသူလှုပ်နေတာတောင် တွေးကြည့်ရုံနဲ့ စိတ်ခြောက်ခြားစေနိုင်တဲ့ ထိုကုလားထိုင်မျိုးသည် အိမ်တွင်း၊ အခန်းတွင်းမရှိအပ်သောအရာပင်ဖြစ်ပါသည်။ မကောင်းတဲ့ဝိဉာဉ်များကို ဖိတ်ခေါ်ခြင်းသဘောဆောင်သည်ဟု ရှေးခေတ်အိုင်းရစ်လူမျိုးများက ဆိုသည်။ ၃။ ကန္တာရဆူးပင် အလှစိုက်အပင်အချို့တွင် ဆူးပါသောအပင်များကို အိမ်တွင်းမစိုက်ကောင်းပေ။ ဆူးပင်တို့သဘောသည် အခက်အခဲ၊ အတားအဆီးကို ကိုယ်စားပြုပြီး အိမ်တွင်းစိုက်ထားပါက လူမှုဆက်ဆံရေးနဲ့ မိသားစုအချင်းချင်း ကတောက်ကဆဖြစ်စေနိုင်သည်ဟူသော အယူအဆရှိသည်။ ၄။ ခြောက်သွေ့နေသောသစ်ပင် အိမ်တစ်အိမ်ရဲ့ ကံကောင်းခြင်းတွေကို ဆိုးယုတ်စေနိုင်သော အရာသည် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်နဲ့ သေနေသော အပင်များပင်ဖြစ်သည်။ အိမ်ရဲ့အလှကိုလည်း ဖျက်ဆီးစေသည်မို့ အပင်သေများကို အမြန်ဆုံးလွှင့်ပစ်သင့်ပါသည်။ ၅။ ပြက္ခဒိန်အဟောင်း နာရီအပျက်နဲ့ အလားတူစွာပင် အချိန်နဲ့ပတ်သက်တာမှန်သမျှကို ရှေးလူကြီးများသည် အယူသီးလေ့ရှိပါသည်။ ပြက္ခဒိန်အဟောင်းများကို အိမ်တွင် ဆက်လက်ထားခြင်းသည် စီးပွားရေးကိုပါ လာဘ်တိတ်စေနိုင်သည်ဟု ဆိုပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို အိမ် ကျက်သရေတိုးစေရန် နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်း သိထားအံ့ အိမ်အတွင်းအပြင် စီးပွားလာဘ်ပွင့်နည်း ကြွယ်ဝခြင်းနိမိတ်ဆောင်တဲ့ အိမ်တွင်းစိုက် LUCKY အပင်များ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ