အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

ကြက်ဥအကာ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာ နှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင် သုတ်လိုက်ပါ။

အုန်းဆီ

အုန်းဆီဟာ အင်တီအောက်ဆီးဒင့်အဆီ ဖြစ်တာကြောင့် မျက်နှာကို တင်းရင်း နုပျိုစေပါတယ်။ အုန်းဆီ စစ်စစ်ကို ဗီတာမင်အီး အဆီအစက် အနည်းငယ်နဲ့ ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်း ရောက်မှ ရေနဲ့ မျက်နှာသစ်ပေးပါ။



နာနတ်သီး

ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကို ထည့်ထားပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက် အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ နာနတ်သီးစိတ် နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ် လိမ်းကာ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။

သံပရာရည်၊ ရှောက်ရည်

သံပရာရည်၊ ရှောက်ရည်မှာပါတဲ့ အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည် အစက် အနည်းငယ်ကို အရေပြားပေါ် လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။

ရွှေဖရုံစေ့

ရွှေဖရုံစေ့မှာပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့ လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ

အိမ်၊ တိုက်ခန်းတွေမှာ အတိတ်နိမိတ်ကောင်းအောင်၊ လာဘ်လာဘတွေ ရွှင်လန်းအောင် ဖုန်းရွှေ လိုအပ်သလား

ဆယ်လ်လီတွေ ပိုင်ဆိုင်တဲ့ တန်ဖိုးအကြီးဆုံး စံအိမ်ကြီး ၅ လုံး

ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့


Credit By : amawpyay
Posted By :Chan Myae (ShweProperty.com)