By Kyi Soe (IC), Shweproperty.com
Updated at 17 July 2015
အိမ်ခြံမြေကို “ရောင်းမယ်” လို. ပြောလိုက်တာနဲ. ဒီမြေ၊ ဒီအိမ်ကို အရှုပ်အရှင်းမရှိပိုင်ဆိုင်ကြောင်းနဲ. ရောင်းပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုရာရောက်ပါတယ်တဲ့။ (ဥပဒေမှာ အတိအကျရှိပါတယ်နော်)
ဒီအပြင်ပိုင်ဆိုင်ကြောင်း စာရွက်တမ်းမူရင်းတွေ အကုန်ပြနိုင်ရပါ့မယ်။
စရန်ယူစဉ် စရန်စာချုပ်မှာပါတဲ့ “လွှဲပြောင်းပေးမည့် ပစ္စည်းစာရင်း “အတိုင်းငွေပြေ / ငွေကျေချေတဲ့နေ.မှာ လွှဲပေးနိုင်အောင်အဆင်သင့်ပြုလုပ်ထားရပါ့မယ်။
မြေနဲ.တိုက်ကိုရောင်းတယ်ဆိုရင်တော့ မှတ်ပုံတင်ရုံးမှာ စာချုပ်ချုပ်ဆိုပေးတဲ့အထိ တာဝန်ရှိပါတယ်နော်။ (ဥပဒေတွင် ပြည့်စုံစွာပါပါတယ်)
အိမ်မြေရောင်းချတဲ့သူတွေရဲ. တာဝန်ကတော့ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ - ၅၅မှာ အပြည့်အစုံ ဖော်ပြပါရှိပါတယ်ခင်ဗျား။
ကိုယ်ရောင်းမည့်တိုက် / ခြံမှာ မမြင်နိုင်လောက်တဲ့ ချို.ယွင်းချက်ရှိလျှင် ဖွင့်ပြောရမယ်ဆိုတာလည်း ပါပါတယ်။ အဲဒီတိုက် / ခြံနဲ.ပတ်သက်ပြီး မေးမြန်းခဲ့လျှင်လည်း ဖြေကြားရမယ်လို.လဲပါပါတယ်။ စရန်ယူထားစဉ်မှာလဲ ကိုယ့်ပစ္စည်းကဲ့သို. ထိန်းသိမ်းစောင့်ရှောက်ရမယ်လို.လဲ ပါသေးတယ်။
ပြီးတော့ ငွေအကုန်မချေဘဲနဲ. “ ငွေချန်” နဲ.လွဲပေးခဲ့လျှင် အဲဒီ “ချန်ငွေ” ပေါ်မှာ အတိုးစားခွင့်ရှိတာတို. တိုက် / ခြံကိုမလွှဲ၊ မပြောင်းမချင်း ရေခွန်၊ မီးခွန်တွေကို ပိုင်ရှင်ဟောင်းက ဆောင်ရမယ်ဆိုတာလဲ ပါပါတယ်ဗျာ။
ဥပဒေမှာ ဖော်ပြထားတာကများတော့များပါတယ်။ လက်တွေ.မှာ ဒီ(၉)ချက်ကို ကဗျာလေးနဲ.ဆိုလျှင် မှတ်မိမှာပါ။
“ရှုတ်ရှင်း၊ ချို.ယွင်း၊ အကုန်ပြ မေးတာစောင့် ရှောက်ကြပြီးလျှင် အကုန်လွှဲများလဲလွှဲ၊ မလွှဲခင်ထမ်း၊ မှတ်ပုံချုပ်စတမ်း” တဲ့။
Ref : Kyi Soe(IC)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ