By Aye Sandar, Shweproperty.com
Updated at 4 February 2021
အိမ်တွင်းအလှစိုက် အပင်အနေနဲ့ပဲဖြစ်စေ၊ အခန်းတွင်း လေသန့်စင်အောင်ပဲဖြစ်စေ၊ ဒါမှမဟုတ် ဆေးဖြစ်ဝါးဖြစ်အပင်အနေနဲ့ပဲဖြစ်စေ စိုက်ပျိုးထားရှိဖို့ရာ အသင့်လျော်ဆုံးအပင်မှာ ရှားစောင်းလက်ပတ် (Aloe Vera) ပင်ဖြစ်ပါသည်။ ရှားစောင်းပင်ကို မိမိအိမ်မှာပဲ အိုးနဲ့ စိုက်ပျိုးတော့မယ်ဆိုရင် စျေးကွက်ထဲမှာ ဝယ်ယူနိုင်တဲ့ အသင့်မြေနဲ့ မြေဆွေးရောမွှေ၍ အလွယ်တကူစိုက်ပျိုးနိုင်ပါသည်။ ရှားစောင်းလက်ပတ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်သင့်တင့်ရုံမျှနှင့်လည်း စိုက်ပျိုးနိုင်တယ်။ ဒါ့အပြင် ရှားစောင်းပင်သည် ရေများများလောင်းစရာမလိုဘဲ၊ ရက်ခြားရေလောင်းပေးရုံပဲမို့ ပြုစုပျိုးထောင်တဲ့ခါအလုပ်ရှုပ်သက်သာစေတဲ့ အပင်ဆိုလည်း မမှားနိုင်ပေ။ ကောင်းမွန်သော ရှားစောင်းပင်တစ်ပင်တွင် လူ့ခန္ဓာကိုယ်အတွင်းရော၊ အပြင်အတွက်ပါ အကျိုးပြု Antioxidant နှင့် Antibacterial ဂုဏ်သတ္တိများပါဝင်နေသည်။ ၄င်းဓာတ်သည် ရောင်ရမ်းနာကျင်ခြင်း၊ သွားရောဂါများနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး သွေးထဲက သကြားဓာတ်ကိုပါ လျော့ချပေးနိုင်သည်။ ဒါ့အပြင် မိန်းကလေးများအတွက် အလှအပဆိုင်ရာ အထောက်အကူပြု သဘာဝအလှဆီဟု တင်စားနိုင်သော အဆီအနှစ်တစ်မျိုးလည်းဖြစ်သေးသည်။ အသားအရည်အတွက်တင်မက အရေပြားရောင်ရမ်းခြင်း၊ အမာရွတ်များကိုပါ ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိလည်းရှိသေးသည်။ အပူလောင်ဒဏ်ရာအမျိုးမျိုးအတွက်လည်း ရှားစောင်းလက်ပတ်အနှစ်ကို လိမ်းပေးခြင်းဖြင့် အမာရွတ်မကျန်ဘဲ ပကတိသက်သာပျောက်ကင်းစေနိုင်ပါသည်။ အစာခြေလမ်းကြောင်းတွင် တွေ့ရတတ်သော ကိုယ်တွင်းပြည်တည်နာဖြစ်စေနိုင်သည့် H. pylori ဘက်တီးရီးယားများ၏ ကြီးထွားမှုနှုန်းကို တားဆီးနိုင်စွမ်းရှိသည်။ ရှားစောင်းလက်ပတ်ကို မီးကင်ကာ နေ့စဉ်အနည်းငယ်စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါကိုပါ ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။ ဒါ့အပြင် သွေးဝမ်းသွားခြင်းကိုလည်း သက်သာစေနိုင်ပါသည်။ ဖျော်ရည်သောက်သုံးပေးခြင်းဖြင့်လည်း အမျိုးသမီးများဓမ္မတာမှန်ခြင်းနဲ့ သားအိမ်ကိုပါ သန့်စင်ပေးနိုင်သည်ဟု ဆိုပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ကြွယ်ဝခြင်းနိမိတ်ဆောင်တဲ့ အိမ်တွင်းစိုက် LUCKY အပင်များ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် အိမ်တွင်း စိုက်ပျိုးသင့်သော အပင်များထဲမှ နာနတ်ပင်ရဲ့ အသုံးဝင်ပုံ လေလည်းသန့်၊ လာဘ်လည်းပွင့်စေတဲ့ အိမ်တွင်းစိုက်အပင်ငယ်များ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ