By 7daydaily, Shweproperty.com
Updated at 22 October 2015
ငါးလောင်းပြိုင်လူသတ် မှုဖြစ်ပွားခဲ့သော ကမာရွတ်မြို့ နယ်၊ စိမ်းလဲ့ကန်သာလမ်းရှိ ခြံ အမှတ် (၁၂၆) ကို အိန္ဒိယလုပ် ငန်းရှင်တစ်ဦးက နိုင်ငံတကာအ ဆင့်မီ စားသောက်ဆိုင်အဖြစ် ဖွင့် လှစ်ရန် ပြင်ဆင်နေကြောင်း သ တင်းရရှိသည်။
ROYAL LEGACY အမည်ရှိ အဆိုပါစားသောက်ဆိုင်ကို နိုဝင် ဘာ ၁ ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဆိုင်အတွင်း အရက်ဘားပါရှိမည်ဖြစ်ပြီး အိနိယအစားအစာနှင့် အခြား အစားအစာများကို အကောင်းဆုံး ဝန်ဆောင်မှုဖြင့် ရောင်းချသွား မည်ဟု ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ မစ္စတာ Shiva Pinrenu က ပြောသည်။
‘‘ဒီနေရာမှာ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ ဆိုင် မရှိသေးဘူး။ နေရာလည်း ကောင်းတယ်။ ဒီနေရာက နေရာကောင်း လို့ ရွေးချယ်လိုက်တာပါ။ အိန္ဒိယ တွေက များသောအားဖြင့် မြန်မာ တွေဆိုလို့ရှိရင် ဘယ်လောက်ပဲ နှစ်ပေါင်းကြာကြာ မေ့လို့မရဘူး။ ရည်ရွယ်ချက်က ဒီအရာတွေကို ဒီလိုမျိုးသတ်ခဲ့တဲ့ ဖြတ်ခဲ့တဲ့နေရာ ကြီးကို အောင်မြင်အောင်လုပ်ချင် တယ်။ အဓိကကတော့ အဲဒီရည် ရွယ်ချက်ပါ။ ဒီအိမ်ကို ဘာဖြစ်လို့ ဝယ်လိုက်တာလဲဆိုတော့ အိန္ဒိယ ဆိုပေမယ့် ဗုဒ္ဓဘာသာဘက်ကို နွှယ်တယ်ပေါ့။ လူသတ်မှုဖြစ်ခဲ့ တယ်ဆိုတာကြီးကို မေ့ထားပြီး တော့ ဒီနေရာက နေရာလည်း ကောင်းတယ်။ ဒီသတင်းကို အမှီ ပြုပြီးတော့ပေါ့’’ဟု ၎င်းက ပြော သည်။ ငါးလောင်းပြိုင်လူသတ်မှု ဖြင့် နာမည်ကျော်ကြားခဲ့သော အိမ်ကို စားသောက်ဆိုင်ဖွင့်ရန် ဒေါ်လာနှစ်သန်းကျော်အကုန်အ ကျခံကာ ပြန်လည်ပြင်ဆင်ထား ကြောင်း ၎င်းက ဆက်လက်ပြော သည်။ မည်သည့်ဈေးနှုန်းဖြင့် ဝယ်ယူသလဲဆိုသည့် မေးခွန်းကို ဖြေဆိုခြင်းမရှိပေ။ အခင်းဖြစ်ပွားခဲ့သော အခန်းကိုလည်း ပြင်ဆင်ပြီး စားသောက်ဆိုင်အခန်းအဖြစ် ထည့်သွင်းအသုံးပြုသွားမည်ဟု ယင်းဆိုင်မှ ဈေးကွက်မန်နေဂျာ မရတနာက ပြောသည်။
သို့သော် ငါးလောင်းပြိုင်လူ သတ်မှုတွင် လူသတ်တရားခံများ မမိသေးသော အိမ်ကို ပြင်ဆင် မှု ပြုလုပ်ပါက သက်သေခံအ ထောက်အထားများရှာဖွေရန် အ ခက်အခဲရှိကြောင်း တရားလွှတ် တော်ရှေ့နေ ဦးခင်ဇော်က ပြော သည်။
‘‘တရားရုံးကလွဲပြီး စီမံခန့်ခွဲ လို့ မရဘူးလေ။ တရားရုံးကို တင် ပြရမယ်။ တရားရုံးက ကျင့်ထုံးပုဒ်မ ၅၁၇ အရ စီမံခန့်ခွဲရမယ်။ အခု လို စားသောက်ဆိုင်လုပ်ငန်းတစ်ခု က အဲဒီအိမ်ကြီးကို ပြင်လိုက်ရင် အမှုဟာ လိုအပ်တဲ့အထောက်အ ထားတွေ လျော့သွားကုန်မှာပေါ့။ အမှုအခင်းဖြစ်နေတဲ့ အိမ်၊ တရား ခံမမိသေးတဲ့ အချိန်မှာ အဲဒီလို လုပ်မယ်ဆိုရင် မှုခင်းဖော်ထုတ် ရာမှာ အခက်အခဲတွေဖြစ်သွားနိုင်တယ်။ မလုပ်ရဘူးလို့တော့ ဥပဒေမှာ သတ်မှတ်ချက်မရှိဘူး။ အဲဒီလိုလုပ်လိုက်တဲ့အတွက် သက်သေခံ အထောက်အထား ပြန်လည်စိစစ် ရှာဖွေရာမှာ အခက်အခဲဖြစ်နိုင် တယ်’’ ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှုမှန်မပေါ်တိုင်း အိမ်ကိုပိတ် ထားရမည်ဆိုပါက ပိုင်ရှင်ဘက်မှ နစ်နာနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းဗိုလ်က ပြောသည်။
‘‘အဲဒါက စီအိုင်ဒီကို အမှုလွှဲ ထားပါတယ်။ ဒါပေမဲ့ အမှုပေါ် သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ ဒီအိမ်ကို ချိပ်ပိတ်ထားတာမှ မ ဟုတ်တာ။ တရားခံမပေါ်တိုင်း ဒီ ဟာကြီးပိတ်ထားရင် ပိုင်ရှင်ဘက်က မတရားရာကျမှာပေါ့။ ဒါပေမဲ့ ဆုံးဖြတ်တာက ကျွန်တော်တို့ ဆုံးဖြတ်တာမဟုတ်လို့ မသိဘူး။ ရိုး ရိုးလေးစဉ်းစားကြည့်တာပါ။ မူး ယစ်ဆေးဝါးကျူးလွန်တယ်ဆိုရင် တော့ ဘယ်ဖွင့်ပေးလို့ရမလဲ။ ဒါ ကြီးကို မပေါ်တိုင်းပိတ်ထားမယ် ဆိုရင် ပိုင်ရှင်က အများကြီးနစ်နာ တာပေါ့’’ဟု ၎င်းက ပြောသည်။
စားသောက်ဆိုင်အတွင်း ထိုင်ခုံသုံးလုံး၌ လေးစားရသည့် လူပုဂ္ဂိုလ်သုံးဦး၏ အမည်များကို ကပ် ထားမည်ဖြစ်ပြီး ၎င်းတို့မှာ ဦးဌေးဦးနှင့် အိန္ဒိယနိုင်ငံမှ လူနှစ်ဦး၏ အမည်များဖြစ်ကြောင်း မရတနာက ပြောသည်။
‘‘လူတိုင်းလူတိုင်းမှာ ကိုယ့် အတွက် တန်ဖိုးထားရတဲ့သူတော့ ရှိတာပဲ။ ဒီသုံးယောက်က အရမ်း အလေးထားရတဲ့သူမို့ ရွေးထား တာပါ’’ဟု ၎င်းက ပြောသည်။
၂၀၀၈ မတ်လ ၃ ရက်တွင် စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ်၌ နေထိုင်သော မိုးကုတ်သူဌေးကြီး ဦးမြမောင်၏သမီး မိသားစုဝင်လေးဦးနှင့် အိမ်အကူတစ်ဦးတို့သေနတ်ဖြင့် ပစ်သတ်ခံရပြီး ယင်းအမှုကို ၂၀၁၂ တွင် စီအိုင်ဒီသို့ လွှဲပြောင်းခဲ့သည်။ ငါးလောင်းပြိုင်လူသတ်မှုသည် ရှစ်နှစ်ခန့်ကြာပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိတရားခံများကို မဖော်ထုတ်နိုင်သေးပေ။
Ref : 7daydaily
Photo Credit : 7daydaily
Posted By :Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ