By 7daydaily, Shweproperty.com
Updated at 26 November 2014
မြန်မာ့မီးရထားပိုင်ဘူ တာမြေများပေါ်ရှိ နေအိမ်အ ဆောက်အအုံ၊ ဆိုင်ခန်းများ ဖယ်ရှားပေးရန် အကြောင်းကြား ထားပြီး ကျူးကျော်အိမ်ခြေနှင့် အဆောက်အအုံ စာရင်းများကို လိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။
နယ်မြေအလိုက် တိုင်း အရာရှိများနှင့် သက်ဆိုင်ရာမြို့ နယ်ရဲတပ်ဖွဲ့၊ မြို့တော်စည်ပင် တို့က ကောက်ခံနေပြီး တိုင်းဒေသ ကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် အချိန်ပေးရှင်းလင်းသွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားတိုင်းမန် နေဂျာ ဗိုလ်မှူးစိုးမိုးအောင်က ပြောသည်။
‘‘မီးရထားနယ်မြေကို ဖွံ့ဖြိုး အောင်လုပ်တဲ့အခါ ငြိစွန်းနိုင်တဲ့ ကျူးကျော်တွေရဲ့ စာရင်းကို ကောက်တာပါ။ အနာဂတ်မှာ စီ မံကိန်းတွေအများရှိတဲ့အတွက် အခုကတည်းက ရှင်းလင်းနေ တာ’’ ဟု ၎င်းက ဆက်လက်ပြောသည်။
မီးရထားမြို့ပတ်လမ်းတစ် လျှောက်ဘူတာ ၂၀ ခန့်ရှိ ကျူး ကျော်အဆောက်အအုံများကို စာ ရင်းကောက်ခံနေပြီး နောက်ဆုံး ထားဖျက်သိမ်းပေးရမည့်နေ့ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူး စိုးမိုးအောင်ကပြော သည်။
မြန်မာ့မီးရထားပိုင်နက်မြေ ဘူတာအလိုက် ပေ ၇၀မှ ၃၅၀ အတွင်းရှိ မည်သည့်အဆောက် အအုံမဆိုဖျက်သိမ်းပေးရမည်ဖြစ် သည်။
‘‘ဖွံ့ဖြိုးအောင်လုပ်တဲ့အခါ မှာ အဲဒီဧရိယာမှာ ပါဝင်တဲ့ ကျူး ကျော်နေထိုင်သူတွေအပြင် အ ဆောက်အအုံတွေ၊ ဘာသာရေး ဘုရားကျောင်း၊ စာသင်ကျောင်း၊ ကစားကွင်း၊ ဈေးတွေကို စာရင်း ကောက်ပြီး သက်ဆိုင်ရာဌာနတွေ နဲ့ ညှိနှိုင်းပြီး စီမံချက်ရေးဆွဲနေ တယ်’’ဟု မြန်မာ့မီးရထားရန်ကုန် တိုင်းတာဝန်ခံက ပြောသည်။
ဥက္ကလာပဘူတာမှ မီးရ ထားပိုင်မြေပေါ်တွင် နှစ်ပေါင်း ၄၀ ခန့်နေထိုင်ခဲ့သူ ဦးငွေဦးက ‘‘စာရင်းကောက်သွားတယ်။ မြေ တိုင်းတယ်။ ဓာတ်ပုံတွေရိုက်သွား ပြီး ဖျက်ပေးရမယ်တဲ့။ ဦးတို့ ကိုး ကွယ်နေတဲ့ ဘုန်းကြီးကျောင်း တောင် ဖျက်ရမှာ။ နေရာတော့ ပြန်ချပေးစေချင်တယ်။ အဝေး ကြီးလည်း မပြောင်းချင်ဘူး’’ဟု ဆိုသည်။ ကျူးကျော်အများစုကို မလွှကုန်း၊ ကြို့ကုန်း၊ ရွာသာကြီး ဘက်သို့ ရွှေ့ပြောင်းချထားပေး မည်ဟု သိထားကြောင်း နယ်ခံ အများစုက ပြောသည်။
ကျူးကျော်မြေများ ရှင်းလင်း ပြီးနောက် မြို့ပတ်ရထားလမ်း တစ်လျှောက်အန္တရာယ် ကင်းရှင်းစေရေးအတွက် အုတ်စည်းရိုး ကာရန်ငွေကျပ်သန်း ၆၀၀ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမြို့ပြအင်ဂျင်နီယာဌာနမှ သိရသည်။
မြန်မာ့မီးရထားကို အဆင့် မြှင့်တင်ရာတွင် ရထားပြေးဆွဲမှု အမြန်နှုန်းမြင့်ခြင်း၊ ပြည်ပက ရထားများအသုံးပြုပြေးဆွဲခြင်း၊ လမ်းချဲ့ခြင်းတို့အပြင် လျှပ်စစ် ရထားပြေးဆွဲနိုင်ရန် ထည့်သွင်းစဉ်းစားနေကြောင်း ဗိုလ်မှူး စိုးမိုးအောင်ကပြောသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ