By Myanmar Times, Shweproperty.com
Updated at 4 May 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော် နေထိုင်သူများကို ပြန်လည်စိစစ်ကာ အမှန် တကယ်နေရာထိုင်ခင်းအခက်အခဲရှိသည့် ကျူးကျော်များအတွက် မြေနေရာရှာဖွေပေး သွားမည်ဖြစ်ကြောင်း ဧပြီ ၂၅ ရက်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
"သူတို့ကို တိုက်ခန်းဆောက်ပြီးရောင်းပေး၊ ငှားပေးမယ်ဆိုရင်လည်း အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ အလုပ်အကိုင်ကလည်း ရန်ကုန်မှာပဲရှိတယ်။ ဒီတော့ ရန်ကုန်တက်လာပြီး ဘဝရှင်သန်ရေးအတွက် ကြိုးစားကြ တယ်။ ရှိပြီးသား ကျူးတဲတွေကို လူလေးငါးယောက်စုပြီး တဲတစ်တဲကို တစ်သိန်း၊ ငါးသောင်းနဲ့ ဝယ်နေတယ်။ သူတို့တွေကို လုပ်စားသွားတဲ့လူတွေလည်း အများကြီးရှိ တယ်။ စက်ရုံအလုပ်သမားတွေက နိုင်ငံအတွက် အသုံးတည့်တဲ့သူတွေ ဖြစ်တယ်။ သူတို့ကို အဝေးကြီးသွားထားလို့ မရဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ရွှေ့ပြောင်းအလုပ် သမားတွေ အရမ်းများတယ်" ဟု ကျူးကျော် နေထိုင်သူများအရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ တာဝန်ရှိသူများတွေ့ဆုံပွဲတွင် စက်မှုဇုန် များရှိ ကျူးကျော်ပြဿနာအပေါ် ဖြေရှင်း ပေးနိုင်ရန် လုပ်ငန်းရှင်များက တင်ပြခဲ့ခြင်း ဖြစ်သည်။ "ကျွန်တော်တို့အစိုးရက ဘူဒိုဇာအစိုးရ မဟုတ်ပါဘူး။ ကျူးကျော်ကိစ္စလို အခြေအနေ မျိုးတွေကို အချိန်တစ်ခု ယူပြီးဖြေရှင်းရမှာပါ။ ဆင်းရဲပြီး နေစရာထိုင်စရာ မရှိတဲ့သူတွေက လုပ်စားတဲ့သူတွေရဲ့ အသုံးချခံလို ဖြစ်နေ ပါတယ်။ ကျွန်တော်တို့အစိုးရ မှန်မှန်ကန်ကန် ဖြေရှင်းပါ့မယ်။ အုပ်ချုပ်သူတွေကော၊ အုပ်ချုပ် ခံရသူတွေ အားလုံး ဥပဒေလက်အောက်မှာ နေရမှာဖြစ်ပါတယ်။ စက်မှုဇုန်တွေမှာ ဥပဒေ စိုးမိုးမှု ပျက်ပြားပြီး လူမိုက်ဂိုဏ်းတွေလို ဖွဲ့ ပြီး၊ ထင်ရာကျဲနေတဲ့လူတွေ၊ အစိုးရသစ် လက်ထက်မှာ မဖြစ်နိုင်တော့ဘူးလို့ပဲ ပွင့်ပွင့် လင်းလင်း ပြောပါရစေ " ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန်များ ဖွံ့ဖြိုးရေးအတွက် ပြုလုပ်ခဲ့သည့် ယင်းအစည်း အဝေးပွဲတွင် စက်မှုဇုန်ဥက္ကဋ္ဌ များက စက်မှုဇုန်များအတွင်းရှိ ကျူးကျော် ပြဿနာများအပါအဝင် ဥပဒေစိုးမိုးမှု အားနည်းခဲ့သည့် ဖြစ်စဉ်များ၊ အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ဧက ၁,၄၀၀ ကျော်အကျယ်အဝန်းရှိ လှိုင်သာယာစက်မှု ဇုန် အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၆)၊ (၇) တို့ တွင် ကျူးကျော်တဲပေါင်း ၈,၀၀၀ ကျော်ရှိနေပြီး၊ ကျူးကျော်တဲများမှာ အဆင်ပြေသလို ဆောက်လုပ် ထားခြင်း၊ စည်းကမ်းမဲ့ မစင် စွန့်ပစ်ခြင်း၊ မီးဘေးအန္တရာယ်နှင့် ဥပဒေ စိုးမိုးမှုအားနည်းချက်များကြောင့် လုယက်မှု နေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟု လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအုံးဆိုင်က တင်ပြခဲ့သည်။
"ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက အရင်အစိုးရ ကို ကျုးကိစ္စကိုတင်ပြခဲ့ပေမယ့် အလုပ်မဖြစ် ပါဘူး"ဟု ၎င်းက ပြောသည်။ ကျူးကျော်ပြဿနာများကို ဖြေရှင်းရာ တွင် ဘူဒိုဇာများသုံးကာ ဖယ်ရှားစေခြင်း၊ အင်အားသုံးဖယ်ရှားခြင်းသည် အဖြေမှန် မဟုတ်သည့်အတွက် ဆင်းရဲပြီး နေရာထိုင်ခင်းအခက် အခဲရှိသည့် ပြည်သူများ အတွက် မြေနေရာဖန်တီးပေးခြင်း အိမ်ရာ များကို တည်ဆောက်ခြင်း၊ ကျူးကျော်ပြဿနာ များဖြစ်ပွားရသည့် အဓိကအကြောင်း ရင်းဖြစ်သည့် ကျေးလက်များတွင် အလုပ် အကိုင်အခွင့်အလမ်းရှားပါးသည့် ပြဿနာ များကို တာဝန်ယူဖြေရှင်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြန်လည်ရှင်းလင်းခဲ့သည်။
စက်မှုဇုန်အတွင်းရှိ နိုင်ငံပိုင်မြေကွက် လွတ်များပေါ်တွင် ကျူးကျော်တဲများ များပြား လာခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည့် ခြိမ်းခြောက်လုယက်မှုများ နေ့စဉ်ရက်ဆက်ဆို သလို ဖြစ်ပွားခဲ့သည့်အတွက် ယခင်အစိုးရ အဆက်ဆက်တာဝန် ရှိသူများထံ စက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီ များက တင်ပြခဲ့သော်လည်း အရေးယူခဲ့ခြင်း မရှိသည့်အတွက် အစိုးရ သစ်လက်ထက်တွင် ထပ်မံတင်ပြ ရခြင်းဖြစ်ကြောင်း ရွှေပြည်သာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
"ကျွန်တော့်စက်မှုဇုန်ထဲမှာဆို ဓာတ်အား ခွဲရုံဆောက်မယ့် မြေမှာ ညတွင်းချင်း ကျူးတဲ အလုံးနှစ် ဆယ်လောက် ပေါ်လာတယ်။ သွားဖယ်ဖို့ ပြောရင်လည်း အန္တရာယ်ရှိ တယ်၊ ဝန်ကြီးချုပ်တို့အနေနဲ့ စရဖ၊ ရဲ၊ ထွေအုပ် တို့နဲ့ ပူးပေါင်းပြီး ကျုးကျော်တဲတွေ အုံနဲ့ ကျင်း နဲ့ ဖြစ်အောင် လုပ်တဲ့သူတွေကို စုံစမ်းမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဘာသာတော့ သွားမလုပ်ရဲဘူး။ အရင် အစိုးရ လက်ထက်မှာ တင်ပြခဲ့တဲ့ စာတွေက လည်း ပိဿာချိန်နဲ့တောင် ရောင်းစားလို့ရ နိုင်ပေမယ့် အကြောင်း မထူးပါဘူး "ဟု ၎င်းက ပြောသည်။ စက်မှုဇုန်များအတွင်းရှိ ကျူးကျော် ပြဿနာများအပြင်၊ လျှပ်စစ်မီး လုံလောက် စွာရရှိရေး၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ များ၏ တိကျသည့် ဖွဲ့စည်းပုံများ ပြဋ္ဌာန်းနိုင်ရေး၊ ရေဆိုးထုတ်စနစ်များ ပြုပြင်ရေး၊ လမ်း တံတားများ ပျက်စီးနေမှု အခြေအနေနှင့် ဘုရင့်နောင်တံတား ဖြတ်သန်းခ ကောက်ခံ မှုနှုန်းထားများ မြင့်တက်နေသည့် ပြဿနာ များကို စက်မှုဇုန်ဥက္ကဋ္ဌများက တင်ပြခဲ့ ကြသည်။ "စီးပွားရေးသမားတွေ အလှူလာပေးတာ မဟုတ်ပါဘူး။ မြတ်လို့လာ လုပ်နေကြ တာပါ။ သိန်းပေါင်းဘယ်လောက် ရင်းထား ပေမယ့်ရလာတဲ့ အမြတ်အစွန်းကနေ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရမှာ ပဲ။ အကျိုးစီးပွားနဲ့ရမယ့် အကျိုးအမြတ်ကို ချင့်ချိန်ပြီး အလုပ်သမားကို ထိန်းထားလို့ရ သလို ဖြေရှင်းလို့ရတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ