By 7daydaily, Shweproperty.com
Updated at 18 December 2015
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာနပိုင် လှည်းကူးမြို့နယ်ရှိ မြေဧကကိုးရာကျော်ပေါ်တွင် တည်ဆောက်ထားသော အိမ်ခြေတစ်ထောင်ကျော် ကို ဒီဇင်ဘာ ၁၇ ရက်နံနက် ၃ နာရီခန့်မှစတင်ကာ မြေကော်စက်များဖြင့် ဖျက်ဆီးဖယ်ရှားခဲ့ ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စခန်းကြီးကျေး ရွာအုပ်စု၊ ကျွန်းကလေးစိုက်ခင်း မြေနေရာပေါ်၌ အကွက်ရိုက် ဆောက်လုပ်ထားသည့်အိမ်ခြေ တစ်ထောင်ကျော်ကို ဖျက်ဆီးရာ တွင် လူနေအိမ် ၃၀၀ ခန့်ပါဝင်ပြီး ကျန်ခုနစ်ရာကျော်မှာ လူမနေ ထိုင်သည့်အိမ်များဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီနှင့် ရာသီသီးနှံဌာနခွဲညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။
‘‘အစိုးရဌာနပိုင်ခြံတွေ၊ စိုက် ကွင်းတွေက ဧရိယာကျယ်တော့ ခြံစည်းရိုးမကာနိုင်ဘူး။ အဲဒီတော့ ဝိသမလောဘနဲ့ မြေကို မတရားရယူပိုင်ဆိုင်ဖို့ စီးပွားရှာချင်သူ တွေအတွက် လွယ်ကူနေတဲ့အနေ အထားဖြစ်နေတယ်။ ဝယ်ယူသူ တွေကလည်း သေချာမစုံစမ်းဘဲ ဝယ်တာ။ ဒီမြေက ဌာနပိုင်မြေဆို တာ လွန်ခဲ့တဲ့ လေးလလောက်က တည်းက ဗီနိုင်းတွေကပ်၊ နို့တစ် တွေ ထုတ်ပြီး ကြေညာထားတာ’’ ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ဖျက်ဆီးမှု ကြောင့် နစ်နာခဲ့သူများသည် လှည်းကူးမြို့နယ်တရားရုံးတွင် ဥပဒေကြောင်းအရ ဖြေရှင်းရန် တိုင်ကြားနိုင်ပြီး နစ်နာမှုအတွက် တရားရုံးကို အကူအညီတောင်း ခံနိုင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။
အဆိုပါ ကျွန်းကလေးစိုက် ခင်းမြေနေရာပေါ်တွင် ၂၀၁၅ မတ်လမှစတင်ကာ ပေ ၄၀×၆၀ အ ကျယ်အဝန်းရှိ မြေနေရာများကို အကွက်ရိုက်၍ တစ်ကွက်လျှင် တစ်သောင်းမှ ကျပ်သိန်းငါးဆယ် စသည်ဖြင့် ဈေးနှုန်းသတ်မှတ်ပြီး DKBA, KNU စသည့်လက်နက် ကိုင်အဖွဲ့အစည်းအမည်ခံပုဂ္ဂိုလ် များက ရောင်းချခဲ့ကြောင်း မြေ ကွက်ဝယ်ယူထားသူအချို့က 7Day Daily သတင်းစာအား ပြော သည်။
‘‘အဒေါ်တို့ ဒီမြေကွက်ကို ရှစ်လပိုင်းက ဝယ်ထားတာ သုံး သောင်းပေးရတယ်။ အဲဒီတုန်းက ဗိုလ်နဂါးက စလစ်နဲ့ရောင်းတယ်။ နောက်ပိုင်း စောသာခေးက ပြန် သိမ်းပြီး ပြန်ရောင်းတယ်။ သူတို့ က DKBA ကလို့ပြောတယ်။ ဗိုလ် နဂါးက DKBA မဟုတ်ဘူးဆိုပြီး အဖမ်းခံရတယ်လို့ကြားတယ်။ အဲဒါပြီးတော့ စောသာခေးဝင်လာ တာပဲ။ အခုတော့ သူလည်း ဘယ် ပြေးပြီလဲ မသိတော့ဘူး’’ဟု အ သက်(၅၃)နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
စိုက်ပျိုးရေးဌာနပိုင်မြေနေ ရာမှန်းမသိရှိဘဲ ဈေးနှုန်းချိုသာ သောကြောင့် ထောက်ကြန့်၊ ပုလဲ မြို့သစ်၊ တောင်ဒဂုံ၊ ဒဂုံအရှေ့ ပိုင်း စသည့်မြို့နယ်များတွင် နေ ထိုင်သူများက လာရောက်ဝယ်ယူ ခဲ့ကြပြီး မြေကော်စက်များဖြင့် ဖျက်ဆီးပစ်ချိန်တွင် သိန်းရာချီ၍ ဆုံးရှုံးမှုများရှိကြောင်း ညွှန် ကြားရေးမှူး ဦးမြင့်ဆွေက ပြော သည်။
‘‘ဒီနေ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး လူနှစ်မျိုးနဲ့တွေ့ရတယ်။ တစ်မျိုး က ဒီမြေကို အဆင့်ဆင့် ရောင်းချ ပြီး အမြတ်ထွက်သွားတဲ့သူတွေ။ နောက်တစ်မျိုးက အမြတ်ထွက် မယ်ထင်ပြီး လေးငါးခြောက်ကွက် ဝယ်ထားပြီး ပိုက်ဘောမိတဲ့ သူ တွေ။ အဲဒီတော့ မြေဝယ်မယ့်သူ တွေကို အကြံပြုချင်တာက မြေ ရာဝယ်ယူတော့မယ်ဆိုရင် အိမ် ရာဆောက်လုပ်ခွင့်ရှိတဲ့အိမ်မြေ ဟုတ်၊ မဟုတ်နဲ့ အစိုးရပိုင်မြေ ဟုတ်၊ မဟုတ်ကို သက်ဆိုင်ရာ ထွေ/အုပ်နဲ့ မြေယာစာရင်းအင်း ဌာနတွေမှာ မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူသင့်တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်ထား သည့် ယာယီအိမ်များကိုဖျက်ဆီး ရာတွင် နှစ်ပါင်း နှစ်ဆယ်ကျော် နေထိုင်ခဲ့သော အိမ်ထောင်စုနှစ် ဆယ်ခန့်ပါဝင်ကြောင်း ဖျက်ဆီး ခံရသည့် ပြည်သူများက ပြော သည်။
‘‘ကိုယ်တွေကလည်း ဒီမှာ နေတာကြာပြီဆိုတော့ မပါ လောက်ဘူးထင်ပြီး အေးဆေးနေ တာပေါ့။ အခုလို အများထဲမှာ ရောပါသွားတော့ စိတ်မကောင်း တာကလွဲလို့ ဘာတတ်နိုင်မလဲ’’ ဟု အိမ်ဖျက်ဆီးခံရသည့် ဦးသိန်း အောင်က ဆိုသည်။
ဖျက်ဆီးခံရသည့် ကျူးကျော်အိမ်အရေအတွက်သည် နှစ် ထောင်ကျော်ရှိသည်ဟု ဒေသခံအ ချို့က ပြောဆိုသော်လည်း သက်ဆိုင်ရာက တစ်ထောင်ကျော်ရှိ သည်ဟု ဆိုသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ