By Lily, Shweproperty.com
Updated at 8 August 2022
"ဒီနှစ်ကိုတော့ တစ်ထပ်အိမ်လေးပဲ ဆောက်ထားဦးမယ်၊ နောက်နှစ်တွေမှ အထပ်မြှင့်တာပေါ့""ငွေမနိုင်သေးလို့ တစ်ထပ်ပဲ ဆောက်ထားဦးမယ်၊ နောက်မှ အထပ်မြှင့်မယ်လေ" ဆိုတဲ့ လူကြီးမင်းများအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားပါမယ်။ အိမ်တစ်အိမ် ဆောက်ပြီဆိုရင် မြေအမျိုးအစား၊ ကွန်ကရစ်၊ အိမ်မှာနေထိုင်မယ့် လူအရေအတွက်၊ ပရိဘောဂပစ္စည်းတွေအတွက် ခံနိုင်ဝန်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းတွက်ချက်ပြီးမှ ဆောက်လုပ်ရပါတယ်။ "အခြေခံ အုတ်မြစ်သည်သာ အဓိက" ဆိုသလို အထပ် ထပ်မြှင့်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အောက်ခြေ အုတ်မြစ်ကို ၂ ထပ်စာ၊ ၃ ထပ်စာ ချထားရပါတယ်။ ဒါပေမဲ့ မြေအမျိုးအစားအလိုက် အုတ်မြစ် ဘယ် နှစ်ပေထိ ချမလဲ၊ ဘယ်ဆိုဒ်ချမလဲ ဆိုတာကို ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တွက်ချက်ထားသင့်ပါတယ်။ ဒီလိုတွက်ချက်မှုတွေ မပါဘဲ ၂ ထပ်စာ ( ဒါမှမဟုတ် ) ၃ ထပ်စာကို နောက်ကန်ထရိုက်နဲ့ ဆောက်လိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ မြေကျွံလာတာ၊ အိမ်စောင်းသွားတာ၊ နံရံ အက်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ ပထမဆောက်တဲ့ ကန်ထရိုက်နဲ့ ဒုတိယဆောက်တဲ့ ကန်ထရိုက်ကို တစ်မျိုးတည်းသာ သုံးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိမ်ရဲ့ အောက်ခြေအုတ်မြစ် ဘယ်နှစ်ပေရှိတယ်၊ ဘာမြေအမျိုးအစားဖြစ်တယ်၊သံဘယ်နှစ်ချောင်းပါတယ်၊ မြေတူးစဉ်က ရေထွက်ခဲ့သလား ဆိုတာတွေကို မူရင်းပထမဆုံး ဆောက်တဲ့ကန်ထရိုက်ကသာ အသိဆုံး ဖြစ်တာကြာင့်ပဲ ဖြစ်ပါတယ်။ ကဲ....ဒါဆိုရင် အထပ်မြှင့်ချင်တဲ့ အိမ်ရှင်တွေအတွက် ဘာတွေ သတိထားရမလဲ? အချက် ၄ ချက် ရှိပါတယ်။ ( ၁ ) ခိုင်မာတဲ့ အောက်ခြေအုတ်မြစ် အောက်ခြေအုတ်မြစ်ဖြစ်တဲ့ footing size မပြည့်ရင်လည်း အဆောက်အအုံ ကျွံဝင်သွားစေပါတယ်။ အုတ်မြစ်နဲ့ ပတ်သတ်ပြီး အများဆုံး ဖြစ်လေ့ ရှိတာကတော့ အဆောက်အဦးနံရံတွေမှာ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။ ဒါဟာ အုတ်စီတာညံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါဘူး။ footing ကျွံနေလို့ နံရံတွေကွဲလိုက်တာတာလည်း ဖြစ်နိုင်ပါတယ်။ ( ၂ ) အောက်ခြေကွန်ကရစ် မာကြောမှု အပြည့်ရှိရဲ့လား တစ်ချို့ဟာ မြေကျင်းကျကျနန တူးထားတာနဲ့ formwork မရိုက်ဘဲ လောင်းတတ်ကျပါတယ် အဲ့ဒီ့အခါ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးက တိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားစေနိုင်ပါတယ်။ ပလတ်စတစ်စ ကာလောင်းရင်လည်း ရပါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပြီး လောင်းတာဟာ ကွန်ကရစ်အုတ်မြစ်ကို ကောင်းမွန်စွာ မာကြောကျစ်လျစ်စေပါတယ်။ လောင်းမဲ့ ကွန်ကရစ်ကို ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင်လည်း ကွန်ကရစ်မာကျောမှုကို ကျစေတာကြောင့် သတိထားသင့်ပါတယ်။ ( ၃ ) မြေကြီးခံနိုင်အား မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ကြည့်ပီး ဆုံးဖြတ်ကြပါတယ်။ ဒီနည်းလမ်းဟာ အမှားအယွင်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သေချာအောင် soil test စစ်ရပါမယ်။ သာမန်အထပ်နိမ့်ပီး လူနေနည်းတဲ့ အဆောက်အဦးအတွက်ကတော့ အသင့်အတင့် မြေကောင်းရုံနဲ့ ဆောက်လုပ်လို့ရပြီး အဆင်ပြေပေမယ့် အထပ်မြင့် တိုက်ခန်းတွဲလို အိမ်ရာတိုက်ခန်းတွေ အတွက်ကတော့ မြေရဲ့အခြေအနေ မကောင်းဘူးဆိုရင် မြေကြီးထဲ တစ်ဖြေးဖြေး ကျွံဝင်လာတာ၊ အက်ကွဲကြောင်းတွေ ထလာတာ၊ ပြိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တကယ့် အဆောက်အဦးကြီးတွေ ဆောက်မယ်ဆိုရင် အထက်မှာ ပြောခဲ့သလို Soil test စစ်ထားတာ အကောင်းဆုံးပါပဲ။ ( ၄ ) တစ်ခါတည်း ဆုံးဖြတ်ချက်ချပါ အိမ်ကို ကိုယ်လိုချင်တဲ့ အထပ်အမြင့်အတိုင်း တစ်ခါတည်းနဲ့ အပြီးဆောက်လိုက်ခြင်းဟာ စားရိတ်စကလည်း ပိုသက်သာနိုင်ပြီး ခိုင်မာမှုလည်း ရှိစေပါတယ်။ မဟုတ်ရင်တော့ အိမ်ဆောက်ဖို့ စုရတဲ့ ငွေကြေးဟာလည်း မနည်းလှတာကြောင့် အချော်အချွတ် ရှိခဲ့ရင်တောင် အိမ်ရှင်အတွက် ဆုံးရူံးနစ်နာမှု ကြီးလှပါတယ်။ သေချာတာကတော့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပြီး သူတွက်ချက်ပေးတဲ့အတိုင်း ကန်ထရိုက်နဲ့ဆောက်လုပ်ခြင်းပါပဲ။ Design အပ်ထားပြီးတာနဲ့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်ပြီးသားဖြစ်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သက်သာသာနဲ့ safeဖြစ်စေပါတယ်။ ဒါဆိုရင်တော့ အိမ်ဆောက်မယ့် အိမ်ရှင်များအတွက် knowledge တစ်ခု ရသွားမယ်လို့ ယုံကြည်မိပါတယ်။ အိမ်ရှင်တိုင်း ခိုင်မာတဲ့ အိမ်ကြီးအိမ်ကောင်းများ ပိုင်ဆိုင်ရပါစေကြောင်း Shwe Property မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ အေးချမ်းသာယာပျော်ရွှင်တဲ့အိမ်လေးဖြစ်ဖို့ ဒီလိုဖုန်းရွှေနည်းလေးတွေသုံးကြမယ် သင့်အိမ်ကို ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ အဆောင်ယောင် အပြင်အဆင်များ သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်ထားပါသလား၊ မစိုက်ရသေးရင် စိုက်ထားပါ Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ