By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 17 September 2019
ဟိုတယ်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ(၃၆)သန်းကျော်နဲ့ ကျပ်(၁၆၃)ဘီလျံကျော်ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။
မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတို့မှ လုပ်ငန်း စုစုပေါင်း (၈)ခုကို ခွင့်ပြုခဲ့ပါတယ်။
အဆိုပါလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ ဒေါ်လာ (၃၆)ဒသမ (၇၄၅)သန်းနဲ့ ကျပ်(၁၆၃၃၀၂) ဒသမ ၇၅၃ သန်းရှိပြီး၊ ပြည်တွင်းလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၁၀၀)ကျော် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း(၅၀)ကျော်မှ စီးပွားရေးကဏ္ဍ(၁၂)ခုအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးဖြစ်ပြီး၊ လျှပ်စစ်ကဏ္ဍတွင် ဒုတိယ၊ ကုန်ထုတ်လုပ်မှုတွင် တတိယအများဆုံး ရင်းနှီးမှုရှိကြောင်း သိရပါတယ်။
Written By : ဝိုင်းနန္ဒီထွန်း (ShweProperty.com)
Photo Credit : Mizzima
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ