By အေဝိုင်အီး, Shweproperty.com
Updated at 17 February 2013
မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောငမ် တှု ငွ ် အဓကိ ကျလာမည့် ကျောြက်ဖူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာဧည့်သည်များအတွက် လိုအပ်သော ဟိုတယ်ဇုန်ကြီးတစ်ခုကို ထူထောင်သွားရန်ရှိနေကြောင်းဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ၇-၂-၂ဝ၁၃ ရက်က သတင်းရရှိသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိုတရုတ်နိုင်ငံနှင့် မြန်မာမှလုပ်ငန်းမှ အချို့တို့က အကျိုးတူပူးပေါင်းဖော်ဆောင်ကြမည်ဖြစ်ပြီး စီမံကိန်းစတင်အကောင် အထည်ဖော်မှုကို ယခုနှစ်မကုန်မီ စတင် နိုင်မည်ဖြစ်ကာ သီလဝါ၊ ထားဝယ်တို့နှင့် တပြိုက်နက်နီးပါး အကောင်အထည်ပေါ်လာရန် ရှိနေသည်ကို သိရသည်။
''ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်ကြီးနဲ့ တွဲဖက်ပြီးဟိုတယ်ဇုန်ကြီးတစ်ခု ထူထောင်သွားဖို့ရှိတယ်။ ကုမ္ပဏီတွေကိုတော့ စပြီးဖိတ်ခေါ်ဖို့ ပြင်နေတုန်းပါပဲ'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြား သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဟိုတယ်ဇုန်ဖော်ဆောင်ရန် သတ်မှတ်ထားမှုများအရ ရန်ကုန်၊ နေပြည်တော်၊ပဲခူး၊ ဟံသာဝတီ၊ အင်းလေး၊ ပုဂံ၊ မန ္တလေးစသည်တို့ရှိနေပြီး အကောင်အထည်ဖော်မှုတွင်အားနည်းချက်များရှိနေသည်ဟု သိရသည်။
''ဟိုတယ်ဇုန်တွေ လိုအပ်နေပြီလေ၊ တခါတရံမှ မလိုလားအပ်တဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရတာရှိနေတယ်။ ပုဂံစီမံကိန်းဆိုရင်ကြည့်လေ ရပ်ထားရတယ်။ အင်းလေးလည်း ကန့်ကွက်တာတွေလုပ်လာကြတယ်" ဟု ညွန်းကြားရေးမှုးချုပ် ကဆက်လက်ပြောကြားသည်။
Source : pyi myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ