By 7daydaily, Shweproperty.com
Updated at 12 October 2015
မြန်မာနိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရန် ကျေးလက်များတွင် ကျန်းမာရေးဌာန ၁၀၀ တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျန်းမာရေးဌာန ၁၀၀ တည်ဆောက်ရန် ကလေးသေနှုန်းလျှော့ချရေး မိခင်ကျန်းမာရေးတိုးတက်ကောင်းမွန်ရေးနှင့် HIV တီဘီနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး၊ ရန်ပုံငွေအဖွဲ့ (3MDG) မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ချင်း၊ ရှမ်းနှင့် ကယားပြည်နယ်တို့အပြင် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပြုထားသော မြို့နယ်များတွင် တည်ဆောက်ပေးမည် ဖြစ်ကြောင်း 3MDG မှ ရန်ပုံငွေညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ် ဆန်ဒါက ပြောသည်။
‘‘ကျန်းမာရေးအဆောက်အ အုံတွေမရှိတဲ့ ကျေးရွာတွေရှိတယ်။နေရာတိုင်းတော့ မဆောက်ပေးနိုင်ပေမယ့် လိုအပ်တဲ့နေရာတွေမှာ ဆောက်ပေးဖို့ လိုအပ်တယ်။ အဓိကရည်ရွယ်တာကတော့ အ ရည်အသွေးပြည့်ဝတဲ့၊ လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေဖြစ်ဖို့ပါ။ ဒါကြောင့် အခုကစပြီး ၂၀၁၆ ခုနှစ်အကုန်ထိ ကျန်းမာရေးဌာန တစ်ရာကိုဆောက်ပေးသွားပါမယ်’’ဟု ၎င်းကပြောသည်။
ယင်းအတွက် ရန်ပုံငွေကန်ဒေါ်လာ ၁၅ သန်းသုံးစွဲမည်ဖြစ် သည်။ အဆိုပါဌာနများတွင် ကျန်း မာရေးဌာန အခြေခံအဆောက်အ အုံ၊ ရောဂါစမ်းသပ်ခန်း၊ မီးဖွား ခန်း၊ လူနာစောင့်ဆိုင်းခန်းနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် ရုံးခန်းစသည်တို့ ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်ကျန်းမာရေးဌာနများ လုံလောက်မှုမရှိသဖြင့် ကိုယ်ဝန်ဆောင်မိခင် နှစ်ထောင့်လေးရာခန့်နှင့် ကလေးသူငယ်ပေါင်း ခုနစ်သောင်းခန့် နှစ်စဉ် သေဆုံးနေရပြီး ယခုကဲ့သို့ ကျန်း မာရေးဌာနများတည်ဆောက်ပေးခြင်းဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတိုးတက်ကောင်း မွန်လာခြင်း၊ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင် ခြင်းနှင့် မိခင်ကလေးသေဆုံးနှုန်း လျှော့ချနိုင်ခြင်းစသည့် အကျိုး သက်ရောက်မှုများဖြစ်ပေါ်လာနိုင် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘လူတိုင်းလက်လှမ်းမီတဲ့ ကျေးလက်ကျန်းမာရေးစောင့် ရှောက်မှုတွေ ဆောင်ရွက်တဲ့အခါ မှာ ကျန်းမာရေးဌာနခွဲတွေဟာ အ ခြေခံအုတ်မြစ် ဖြစ်ပါတယ်။ မြန် မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာကျေးလက်ဒေသတွေမှာနေကြပြီး သူတို့တွေရဲ့ ကျန်းမာရေးအဆင့် အတန်းတွေ မြင့်မားဖို့အတွက် ကျန်းမာရေးဌာနတွေက လိုကိုလို အပ်တယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယဉ်သန္တာလွင်က ပြောသည်။
လက်ရှိအထိ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျေးရွာပေါင်း ခြောက်သောင်းကျော်တွင် ကျန်းမာရေးဌာန၊ ၁၆၉၆ ခုနှင့် ကျေးလက်ဌာနခွဲပေါင်း ၈,၆၄၀ ခု ဖွင့်လှစ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Ref : 7daydaily
Photo Credit : Myanmar Hotel Booking
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ