By 7daydaily, Shweproperty.com
Updated at 28 June 2016
ကျိုက်ထီးရိုးစေတီ ဂေါ ပကအဖွဲ့ကို ပညာရှင်များပါဝင် သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် အသစ် ဖွဲ့စည်းမည်ဖြစ်ပြီး တောင်ပေါ် တွင် ခွင့်ပြုချက်ထက် ပိုမိုဆောက် ထားသော တည်းခိုခန်းများ တစ် လအတွင်းပိတ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့က ဆုံးဖြတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနမှ သတင်းရရှိသည်။
နေပြည်တော်ရှိ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တွင် ကျိုက်ထီးရိုးစေတီတော် ဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ဇွန်လ ၂၇ ရက်၌ ကျင်းပခဲ့ပြီး အ ချက်သုံးချက်ပါ သဘောတူညီ ချက်ကို အတည်ပြုခဲ့ကြောင်းယင်း ဌာနညွှန်ကြားရေးမှူး ဦးအောင် ဆန်းဝင်းကပြောသည်။
‘‘ဂေါပကအဖွဲ့ကို ယာယီ ဂေါပက ဖွဲ့စည်းပြီးတော့ ပြည် နယ်အစိုးရက ပို့ထားတဲ့ ဂေါပက စည်းမျဉ်းကို သာသနာရေးရယ် ဟိုတယ်နဲ့ ခရီးသွားလာရေးက စိစစ်ပြီး ရှေ့နေချုပ်ရုံးကို တင် မယ်။ ရှေ့နေချုပ်ရုံးကပြန်ကျလာ တာနဲ့ ကျွန်တော်တို့ဂေါပကအဖွဲ့ ဖွဲ့စည်းပါမယ်။ ၁၅ ဦးနဲ့။ ၁၅ ဦးနဲ့ ဖွဲ့စည်းတဲ့အချိန်မှာ အတတ်ပ ညာရှင်၊ အသိပညာရှင်တွေပါ မယ်။ လွှတ်တော်ကိုယ်စားလှယ် တွေ ပါမယ်။ အဲဒါက ပထမတစ် ချက်ပါ။ ဒုတိယတစ်ချက်က အဲဒီ တောင်တော်ကြီးစည်ပင်သာယာ လှပရေးအတွက် ရေ၊မီး၊မိလ္လာ၊ အမှိုက်ပစ်တာကအစ မွန်ပြည် နယ်အစိုးရက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တတိယအချက်က တော့ ရိုးရိုုးလေးဟိုတယ်က ဟို တယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဌာနက ခွင့်ပြုထားတဲ့ ၁၃၅ ခန်း အပြင် ပိုလျှံနေတဲ့ ၁၀၆ခန်းကို ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး က သူတို့သွားတဲ့ အချိန်ကတည်း က ပိတ်ထားခိုင်းတယ်။ အဲဒါကို အစည်းအဝေးမှာ ဆုံးဖြတ်ပေး တာပါ’’ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။
ရွှေတိဂုံစေတီတော်၊ ကျိုက် ထီးရိုးစေတီတော်နှင့် မဟာမြတ် မုနိရုပ်ပွားတော်တို့၏ ဂေါပကအ ဖွဲ့များကို သက်ဆိုင်ရာ ပညာရှင် များထည့် သွင်း၍ အသစ်ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက ပြောကြားထားပြီး ယခုအခါ ကျိုက်ထီးရိုးစေတီဂေါပ ကအဖွဲ့ ပြန်လည်ဖွဲ့စည်းရန် ဆုံး ဖြတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ထင်ရှား သည့် စေတီသံုံးဆူ၏ ဂေါပကအ ဖွဲ့များ ပြန်လည်ဖွဲ့စည်းမည်ကို ပြည်သူလူထုက ကြိုဆိုခဲ့ပြီးကျိုက် ထီးရိုးစေ တီပေါ်တွင် ဖွင့်လှစ် ထားသော ဟိုတယ်အခန်းများနှင့် ပတ်သက်၍ စိတ်ဝင်စားမှု များ ပြားခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ကျိုက်ထီးရိုးတောင် ပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ် ကိုင်နေသည့် ရိုးရိုးလေးကုမ္ပဏီ ကို ဟိုတယ်အခန်းပေါင်း ၁၃၅ ခန်း ဖွင့်လှစ်ခွင့်ပြုထားသော် လည်း ၁၀၆ ခန်းပို၍ ဖွင့်လှစ်ထား သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ထို့ကြောင့် ခွင့်ပြုချက်ထက် ပို ဆောက်ထားသော တည်းခိုခန်း များကို တစ်လအတွင်းပိတ်သိမ်း ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးကညွှန်ကြား လိုက်ကြောင်း ဦးအောင်ဆန်းဝင်းက ပြောကြား သည်။
ဟိုတယ်အခန်းများ ပိတ် သိမ်းခိုင်းခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး နှင့်မွန်ပြည်နယ် ဝန်ကြီးချုပ်တို့ထံ အသနားခံစာ တင်မည်ဖြစ် ကြောင်း ရိုးရိုးလေးကုမ္ပဏီဥက္ကဋ္ဌ ဦးနေ ထက်သိန်းနိုင်က ပြောကြား သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ