By စည်သူလင်းလက်, Shweproperty.com
Updated at 26 April 2017
Shwe Property အိမ်ခြံမြေဝဘ်ဆိုက် နှင့်အိမ်ခြံမြေပွဲ ကျင်းပရေး ကုမ္ပဏီက တာဝန်ယူကျင်းပမယ့် Hottest Property Deals in Myanmar အရောင်းပြပွဲကြီးကို ဇွန်လ (၃၀) ရက်၊ဇူလိုင် (၁) ရက်နေ့နဲ့ (၂) ရက်နေ့တွေမှာ တပ်မတော်ခန်းမမှ ာကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီအိမ်ခြံမြေပြပွဲကိုShwe Property ရဲ့ International Partner တွေဖြစ်တဲ့ Myanmar Property Award နဲ့ Property Guru တို့ပူးပေါင်းကျင်းပတာလဲဖြစ်ပါတယ်။
“ကျွန်တော်တို့ဝယ်ယူသူတေ ွဘာလိုချင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ အထူးခြားဆုံး ရောင်းဝယ်မှု၊ အကောင်း ဆုံးဈေးနှုန်း၊ အိမ်ခြံမြေလုပ်ငန်းရှင်တွေ ပြုလုပ်ရမယ့်အကြီးမားဆုံး အရောင်းမြှင့်တင်မှုတွေကို ကျွန်တော်တို့ သိနေပါတယ် ဒါကြောင့် ဒီနှစ်ရဲ့ အကြီးကျယ်ဆုံး အိမ်ခြံမြေ အရောင်းပြပွဲကို ကျင်းပတာဖြစ်ပါတယ်" လို့Shwe Property ရဲ့ Managing Director Mr Kevin Goos ကပြောပါတယ်။
Shwe Property က အိမ်ခြံမြေ လုပ်ငန်းရှင်များအတွက် ဝယ်ယူမယ့် လူဦးရေ အမျိုးအစားအသစ်ကို မြင်တွေ့နေရပါတယ်။ ဒါကတော့ ပထမဆုံး အိမ်ဝယ်ယူမယ သူတွေပဲဖြစ်ပါတယ်။“ ကျွန်တော်တို့က အိမ်ခြံမြေ လုပ်ငန်းရှင်များကို ရင်းနှီးမြှုတ်နှံ သူတွေအတွက်ပဲအ ာရုံစိုက်တာမဟုတ်ပဲ ပထမဆုံး အိမ်ဝယ်ယူမယ့် သူတွေကိုလည်း အာရုံစိုက်ဖို့ အကြံပြုထားပါတယ်” လို့ Kevin ကပြောပါတယ်။
ပထမဆုံး အိမ်ဝယ်ယူမယ့်သူများဟာ ကြင်စဦး ဇနီးမောင်နှံများ၊ အောင်မြင်လာတဲ့ စီးပွားရေး လုပ်ငန်းရှင်များ၊ လစဉ် (၁၅) သိန်းမှ (၂၀) သိန်းအတွင်း ဝင်ငွေရှိတဲ့ လစာမြင့် ကျွမ်းကျင် ဝန်ထမ်းများပဲ ဖြစ်ပါတယ်။ သူတို့ဟာ အရစ်ကျငွေပေးခြေမှုန ဲ့ဝယ်ယူနိုင်ကြပါတယ်။
အားနည်းမှုတွေရှိနေတဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ယှဉ်ပြိုင်မှုတွေကို အိမ်ခြံမြေလုပ်ငန်းရှင်တွေ အနေနဲ့ ဝယ်ယူသူ အသစ်တွေက ိုတိုးမြှင့်ခြင်းနဲ့ ပြုလုပ်နိုင်ကြပါတယ်။ ဒါဟာ အလားအလာရှိတဲ့ ဝယ်ယူသူတွေကို ရရှိနိုင်ဖို့ အကောင်းဆုံးအဖြေပါပဲ။ “ Shwe Property ကြိုးစား ဆောင်ရွက် နေတာဟာ အိမ်ခြံမြေကဏ္ဍ ကောင်းမွန်ဖို့ပါ။ သူတို့က ကျွန်မတို့ကို အိမ်ဘယ်လိုဝယ်ရမယ်၊ ဘယ်လိုကောင်းမွန်တဲ့ ရင်းနှီးမြှုတ်နှံမှု လုပ်ရမယ်ဆိုတာ အကြံပေးပါတယ်။ ပြီးတော့သူတို့က ရွေးချယ်စရာ အားလုံးကို တစ်နေရာထဲ တစ်ချိန်ထဲမှာ အထူးခြားဆုံး ရောင်းဝယ်မှု အဖြစ် ယူဆောင်လာပေးပါတယ်” လို့ ပထမဆုံး အိမ်ဝယ်ယူမယ့် မနှင်းဆုမွန် ကပြောပါတယ်။
ပြီးခဲ့တဲ့လက ရွှေတောင်ဆောက်လုပ်ရေး ကုမ္ပဏီက ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ကွန်ဒိုဝယ်ယူသူများအတွက် အခန်းတန်ဖိုးရဲ့ (၇၀) ရာခိုင်နှုန်းကို (၁၅) နှစ်အတွင်း အရစ်ကျ ပေးခြေနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒါဟာအလားအလာရှိတဲ့ ဝယ်ယူသူတွေကို ပိုလို့များပြားစေခဲ့ပါတယ် ဒီအပြောင်းအလဲမှာ လစာမြင့် ဝန်ထမ်းများ၊ လူလတ်တန်းစားများဟာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပစ်မှတ်ထားလာတဲ့ ပထမဆုံး အိမ်ဝယ်ယူမယ့် သူများဖြစ်ပါတယ်။
Shwe Property ရဲ့တည်ထောင်သူ ကိုကောင်းသူဝင်းရဲ့ပြောပြချက်အရ အကြီးမားဆုံး ဆောက်လုပ်ရေး လုပ်ငန်းရှင်များဟာ Shwe Property Expo မှာပါဝင်ပြသဖို့ဆက်သွယ်ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့အကောင်းဆုံး ငွေပေးခြေမ ှုစနစ်များနဲ့ အထူးခြားဆုံးရောင်း ဝယ်မှုတွေကိုယူဆောင်လာကြမှာဖြစ်ပါတယ်။အဲ့ဒီထဲကမှထင်ရှားတဲ့ဆောက်လုပ်ရေးကုမ္ပဏီများက YOMA Strategic, Naing Group, Aya Chan Tha Executive Condominiums တို့ပဲဖြစ်ပါတယ်။ အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီ (၃၀) ကျော်ကပြီးခဲ့တဲ့ သတင်းပတ် တွင်းမှာ ပဲပါဝင်ပြသဖို့သဘောတူညီပြီးဖြစ်ပါတယ်။ “ အကြမ်းဖျင်း Expo ရဲ့အရောင်းပြခန်း (၅၀) ရာခိုင်နှုန်း ကိုဒီရက်ပိုင်းအတွင်းမှ ာပဲရောင်းချပြီးပါပြီ။ ကျွန်မတို့ Expo မှာပါဝင် ချင်တဲ့အိမ်ခြံမြေ လုပ်ငန်းရှင်တွေရဲ့ အကောင်းဆုံး၊ အကြီးမားဆုံး တုံ့ပြန်မှုကို ရရှိထားပါတယ်။ ”လို့Shwe Property ရဲ့ Vice President of Sales Dolly ကပြောပါတယ်။
Shwe Property Expo ယူဆောင်လာတဲ့ မြင်ကွင်းအသစ်က ရည်ရွယ်ထားတဲ့ လာရောက်ကြည့်ရှုသူတွေနဲ့ ပထမဆုံး ပါဝင်ပြသ မယ့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပဲဖြစ်ပါတယ်။ “ လက်ရှိ ကျွန်တော်တို့မှာ အရည်အသွေးပြည့်မှီတဲ့ ဝယ်ယူသူ (၂၅၀၀) ကျော် ဒီပွဲကိုလာဖို့ရှိနေပါတယ် ကျွန်တော်တို့ မျှော်လင့်တာက အမှန်တကယ် ဝယ်ယူမည့်သူ (၈၀၀၀) အထက် လာရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဆောက်လုပ်ရေး လုပ်ငန်းရှင်များရဲ့အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့G reenArc Myanmar ရဲ့ Managing Director Mark Tanner က “Shwe Property လုပ်ဆောင်နေတာတွေက တကယ်ကိုကောင်းပါတယ်။ သူတို့ကဝယ်ယူသူတွေနဲ့ ရောင်းချသူတွေကို တစ်နေရာထဲမှာ အတူတကွ စုစည်းပေးနေပါတယ်။ပြီးတော့ အိမ်ခြံမြေ လုပ်ငန်းရှင်တွေအတွက်လည်း ဈေးကွက်ရှာဖွေရတဲ့ ကုန်ကျစရိတ်တွေကို သက်သာစေပါတယ်။ ဒီစရိတ်စခသက်သာမှုနဲ့ ဝယ်ယူသူတွေအတွက ်ပိုမိုပြီးဆောင်ရွက်ပေး နိုင်ပါတယ်။ ဒါကအားလုံး အတွက် အဆင်ပြေတဲ့ Win-Win Strategy ပဲဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
ပါဝင် ပြသလို့သည့် လုပ်ငန်းရှင်များဖုန်းနံပါတ် 0997 7285 0881 ကိုဆက်သွယ်နိုင်ပါတယ်။
Written By : စည်သူလင်းလက် (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ