By Aye Sandar, Shweproperty.com
Updated at 22 January 2021
စီးပွားလာဘ်တိုးလို့ ဇာတာမြင့်စေရန် ဆောင်သင့် ရှောင်သင့်သော အယူအဆများနဲ့ အမူအကျင့်များရှိသလို အရောင်းအဝယ်ငွေကြေးဆိုင်ရာ၊ ကျန်းမာရေးအရ လိုက်နာရမည့် အရာများလည်းရှိပါသည်။ ယခုပြောပြပေးမယ့် နည်းလမ်းတွေကတော့ သုတေသီတို့ စနစ်တကျ ရေးသားပြုစုထားသည့် ကျမ်းများအနက်မှ အိမ်နဲ့ မြေကွက်များ အဆင်ပြေပြေ အမြန်ဆုံး ရောင်းချနည်းများပင် ဖြစ်ပါသည်။ ၁။ ဘိုးဘွားပိုင်အိမ် အမြန်ဆုံးရောင်းထုတ်နည်း ဘိုးဘွားပိုင်အိမ် ရောင်းချလိုပါက မူလဆောက်လုပ်ခဲ့သော ဘိုးဘွားတို့အား သက္ကစ္စဂါရဝ ပြုသည့်အနေဖြင့် ရောင်းချမည့်အိမ်တွင် ဖယောင်းတိုင် သုံးတိုင်နှင့် အမွှေးတိုင်သုံးတိုင်တို့ကို မြေကြီးပေါ်တွင် ထွန်းညှိရပါမည်။ ထို့နောက် ပရလောကသတ္တဝါအပေါင်းတို့အား မေတ္တာပို့သ အမျှဝေ ခွင့်တောင်းရပါမည်။ အဆောင်လုပ်ရမည့်နေ့မှာ ရောင်းချမည့်သူ၏ မွေးနေ့ ညနေ ၆ နာရီအချိန်တွင် ဖြစ်ပါသည်။ ရက်ပိုင်းအတွင်း အရောင်းဝယ်တည့်မည်ဟု ဆိုသည်။ ၂။ မြေကွက်များ စျေးကောင်းရနည်း မိမိတွင်ရှိသော မြေအား အမြန်ဆုံးရောင်းချလိုပါက ယခုပြောပြမယ့်နည်းလမ်းလေးကို စနစ်တကျလိုက်နာ အသုံးချသင့်ပါသည်။ မြေအိုးလွတ်တစ်လုံးထဲသို့ ရောင်းချမည့်မြေ၏ မြေကြီးကို ထည့်ပေးပါ။ မှန်ကွဲများ၊ ပဲပင်ပေါက်၊ ပဲပြားကိုလည်း ထိုအိုးထဲသို့ ထည့်ပေးရမည်။ ထို့နောက် ရောင်းမည့် မြေကြီးကိုတူးပြီး မြေပေါ်တွင် မြေဖြူမှုန့်များ ဖြူးပေးပါ။ ထိုနေရာတစ်ဝိုက်တွင် မြေအိုးကို မြှုပ်ရမည်။ ပဲပင်ပေါက်များကို အိုးပေါ်မှာ တင်ထားပြီး မြေပြန်ဖို့ရမည်။ ဖို့ထားသော ထိုမြေပေါ်တွင် “မ” အက္ခရာရေးသားရင်း မြေစျေးကောင်းရပြီး အမြန်ဆုံးရောင်းရလိုပါကြောင်း နှုတ်ကပြောပေးရပါမည်။ ၃။ ဆိုင်ခန်းအရောင်းတက်နည်း ဆိုင်ခန်းများ၊ ကုန်စုံဆိုင်များ ဖွင့်လှစ်ထားသဖြင့် ရောင်းအားတက်ချင်သူများအတွက် နည်းလမ်းကောင်းကိုလည်း မျှဝေပေးလိုက်ပါသည်။ မိမိဆိုင်မှာ နေရာကောင်းကောင်းနဲ့ အချက်အချာကျသော နေရာတွင်တည်ရှိနေသော်လည်း အရောင်းအဝယ်တိတ်နေတဲ့အခါ အရောင်းသွက်အောင် ဆိုင်ကောင်တာစားပွဲပေါ်တွင် အလှပန်းအိုး တစ်အိုးကို တင်ထားရမည်။ အဆိုပါ ပန်းအိုးအတွင်းသို့ ဆီးညွန့် ၃ ညွန့်၊ နှင်းဆီ ၃ ပွင့်၊ သပြေ ၃ ခက်တို့အား စုပြုံလျက် ထိုးပေးပါ။ ပြီးသွားရင် ပန်းအိုးကို ကိုင်၍ “ဆိုင်စည်စည်ကားကားဖြစ်ပါစေ၊ ကုန်တွေအရောင်းထွက်လို့ အရောင်းသွက်ပါစေ” ဟူ၍ ဆုတောင်းရမည်။ အံ့သြလောက်ဖွယ် စီးပွားရေးအဆင်ပြေလာသည်ကို တွေ့ရပါမည်။ ၄။ အိမ်အမြန်ဆုံး ရောင်းထုတ်နည်း အကြောင်းအမျိုးမျိုးကြောင့် မိမိအိမ်အား ရောင်းထွက်လိုပါက အုန်းလက် တစ်လက်ပေါ်တွင် “အိမ်ရောင်းထွက်” ဆိုသည့် စာတန်းကို ဆော့ပင် (Marker Pen) နှင့် ထင်ရှားအောင် ရေးရမည်။ ထိုအုန်းလက်ကို အိမ်ဦးခန်း၌ ၇၂ နာရီပြည့်သည့်အထိ ထောင်ထားပေးရပါမည်။ နောက်နေ့မနက်၌ ဘယ်ဘက်လက်ဖြင့် အုန်းလက်ကိုကိုင်ဆောင်၍ “အိမ်ရောင်းထွက်”ဟု ခုနှစ်ကြိမ် ရွတ်ဆိုပါ။ ပြီးနောက် အဝေးသို့ လွှတ်ပစ်လိုက်ပါ။ ထိုသို့ ပြုလုပ်နေစဉ် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ စကားမပြောဆိုမိရန် အထူးသတိပြုရပါမည်။ ဤနည်းဖြင့် ရောင်းထွက်လိုသော် အိမ် မကြာမီတွင်း အဆင်ပြေချောမွေ့စွာ ရောင်းထွက်သွားပါမည်။ (အထက်ပါ အကြောင်းအရာများသည် သုတေသီ ဆရာငြိမ်းရေးသားပြုစုထားသည့် သုတအဖြာဖြာစာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ဖုန်းရွှေအယူအဆနဲ့ ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း ဘုန်းကံနိမ့်သွားစေနိုင်လို့ အိမ်မှာ ဘယ်တော့မှမလုပ်မိအောင် ရှောင်ရမယ့် အချက် (၄) ချက် ရန်ကုန်မြို့သစ် တွံတေး R1 မှ TIMES 108 PROJECT သည် အာဆီယံမှာပါ စံချိန်ချိုးမည့် အလားအလာရှိ စီးပွားတက်မည့် အိမ်ဆောက်နည်း Photo Credit : Myanmar Times Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ