By Sint Sint, Shweproperty.com
Updated at 28 November 2020
Unicode
ကလေးရှိတဲ့ မိသားစုတွေအတွက် ဆင်ခြင်နိုင်ဖို့ အောက်ပါ ရွက်လှပင်အကြောင်း ဘာသာပြန် ဖော်ပြလိုက်ပါတယ်။အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင်အမျိုးမျိုးကို အလှပန်းအိုးတွေအဖြစ် စိုက်ထားလေ့ရှိကြတယ်။
မျက်စိ ပသာဒ ဖြစ်စေသလို၊ အခန်းတွင်း လေသန့်ရှင်းစေလို့၊ ကြည့်ရတာလည်း လှလို့ စာရေးသူလည်း သဘောကျမိတယ်။ အောက်ဖော်ပြပါ စာဆက်ဖတ်ကြည့်ရင်တော့ အဲလို အပင်မျိုး အလှ အဖြစ်တောင် ဘယ်နေရာမှ မစိုက်သင့်တော့ပါဘူး။
အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်းအတွင်း လူကြီးဆိုရင်လည်း ၁၅ မိနစ် အတွင်း အသက်သေစေနိုင်ပါသတဲ့။
Keep (+) Healthy မှာ မိခင်တစ်ယောက်က ပြောတာကို အခုလိုတွေ့ရတယ်။( ကျွန်မသမီးလေး အသက် ဆုံးရှုံးရတော့မလို ဖြစ်သွားရတယ်။ အသိဦးပေလို့သာ။
အဲဒီ အရွက်တစ်ပိုင်းတစ်စကို ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင်း လက်ငင်း သမီးရဲ့ လျှာတွေထူထဲရောင်ရမ်းလာတယ်။ အသက်ရှူရခက်ခဲလာတယ်။
အဲဒီအရွက်နည်းနည်းလေး ဝါးမိတဲ့ ကျွန်မသမီးလေး သေတော့မလို့ ဖြစ်သွားရတယ်။ လူအတော်များများက ဒီအရွက်က အဆိပ်ပြင်းမှန်း၊ မသိကြဘူး။ သတိလည်းမထားမိကြဘူး။)
အဲဒီအရွက်က သိပ်ပြီး အသက် အန္တရာယ်ပေးနိုင်ပါတယ်။သူ့လိုနဲ့ သူ့လောက် အသက် အန္တရာယ် ခြိမ်းချောက်တဲ့ အပင်များများစားစားမရှိလှဘူး။
အဲလို ရွက်လှပင်တွေ အိမ်တွင်း အိမ်ပြင် လုံးဝမစိုက်သင့်ပါဘူး။တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့ လက်လှမ်းမမှီတဲ့နေရာ၊ အဝေးနဲ့ အမြင့် တစ်နေရာ တင်ထားတာကောင်းပါတယ်။ ကလေးကို အဲဒီ အနားမသွားစေဘို့ မျက်ခြေမပြတ် ထိန်းသိမ်း စောင့်ရှောက်နေသင့်ပါတယ်။ ကလေးရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့ နေရာနဲ့ အိပ်ယာတွေကို၊ အဲဒီ အပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေးမှာ ထားရှိသင့်ပါတယ်။
အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ ဆီမှာတော့ ရွက်လှဂမုန်းလို့ ခေါ်ကြတယ်။ စာရေးသူတောင် ကြည့်ရတာ လှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထားမိသေးတယ်။
ကိုယ်ပိုင် ကလေးမရှိပေမဲ့ လူနာကလေးလေးတွေ မတော်တဆ အိမ်ခေါင်းရင်း ရောက်သွား ဆော့ကစား စားမိရင်၊ ကလေးတွေ ဒုက္ခများမှာ စာရေးသူလည်း ပြေးပေါက်မှားမှာ စိုးရိမ်လို့၊ ဒီ စာရေးပြီးရင်ကို၊ သွားရောက်ဖယ်ရှားပစ်တော့မယ်။
အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာ ” ကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။
အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံး စေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။
အရွက်ရဲ့ အဆိပ်က ဘယ်လောက်ပြင်းထန်သလဲဆိုရင် ၊ မျက်စိထဲဝင်မိရင် မျက်စိတောင် ကွယ်စေမျက်စိကန်းစေနိုင်တယ်။
ချစ်စွာသော စာရှုသူ။ သင်တို့အိမ်မှာ ရုံးမှာ အဲဒီ ရွက်လှပင် ရှိနေပါသလား။ အခုပဲ သွားရောက် နှုတ်ပစ် ဖယ်ရှားလိုက်တာက သင့်အတွက်ရော မိသားစု အတွက်ရော၊ မိတ်ဆွေတွေ သားသမီးတွေအတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရပါလိမ့်မယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကျောက်ငရုတ်ဆုံ အသုံးပြုကြတဲ့ အိမ်တိုင်း မဖြစ်မနေ သိထားသင့်သော ကျန်းမာရေးသတိပေးချက်
သင့်ရဲ့ကျန်းမာရေးပေါ်မှာ သက်ရောက်စေတဲ့ အဲယားကွန်းရဲ့ဆိုးကျိုး (၆)ခု
ဆရာဇင်ယော်နီပြောပြတဲ့ သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ
Zawgyi
ကေလးရွိတဲ့ မိသားစုေတြအတြက္ ဆင္ျခင္ႏိုင္ဖို႔ ေအာက္ပါ ႐ြက္လွပင္အေၾကာင္း ဘာသာျပန္ ေဖာ္ျပလိုက္ပါတယ္။အိမ္တြင္း ၿခံတြင္း ႐ုံးတြင္း ေနရာေတြမွာ ႐ြက္လွပင္အမ်ိဳးမ်ိဳးကို အလွပန္းအိုးေတြအျဖစ္ စိုက္ထားေလ့ရွိၾကတယ္။
မ်က္စိ ပသာဒ ျဖစ္ေစသလို၊ အခန္းတြင္း ေလသန႔္ရွင္းေစလို႔၊ ၾကည့္ရတာလည္း လွလို႔ စာေရးသူလည္း သေဘာက်မိတယ္။ ေအာက္ေဖာ္ျပပါ စာဆက္ဖတ္ၾကည့္ရင္ေတာ့ အဲလို အပင္မ်ိဳး အလွ အျဖစ္ေတာင္ ဘယ္ေနရာမွ မစိုက္သင့္ေတာ့ပါဘူး။
အစိမ္း၊ အဝါႏုနဲ႔ အျဖဴေရာင္စပ္ၾကား အ႐ြက္ဖားဖား (ဓါတ္ပုံပါ) ႐ြက္လွပင္ရဲ႕အ႐ြက္ဟာ စားမိမယ္ဆိုရင္၊ ကေလးဆိုရင္ မိနစ္ပိုင္းအတြင္း လူႀကီးဆိုရင္လည္း ၁၅ မိနစ္ အတြင္း အသက္ေသေစႏိုင္ပါသတဲ့။
Keep (+) Healthy မွာ မိခင္တစ္ေယာက္က ေျပာတာကို အခုလိုေတြ႕ရတယ္။( ကြၽန္မသမီးေလး အသက္ ဆုံးရႈံးရေတာ့မလို ျဖစ္သြားရတယ္။ အသိဦးေပလို႔သာ။
အဲဒီ အ႐ြက္တစ္ပိုင္းတစ္စကို ကေလးက ပါးစပ္ထဲ ထည့္လိုက္တာ ခ်က္ခ်င္း လက္ငင္း သမီးရဲ႕ လွ်ာေတြထူထဲေရာင္ရမ္းလာတယ္။ အသက္ရႉရခက္ခဲလာတယ္။
အဲဒီအ႐ြက္နည္းနည္းေလး ဝါးမိတဲ့ ကြၽန္မသမီးေလး ေသေတာ့မလို႔ ျဖစ္သြားရတယ္။ လူအေတာ္မ်ားမ်ားက ဒီအ႐ြက္က အဆိပ္ျပင္းမွန္း၊ မသိၾကဘူး။ သတိလည္းမထားမိၾကဘူး။)
အဲဒီအ႐ြက္က သိပ္ၿပီး အသက္ အႏၲရာယ္ေပးႏိုင္ပါတယ္။သူ႔လိုနဲ႔ သူ႔ေလာက္ အသက္ အႏၲရာယ္ ၿခိမ္းေခ်ာက္တဲ့ အပင္မ်ားမ်ားစားစားမရွိလွဘူး။
အဲလို ႐ြက္လွပင္ေတြ အိမ္တြင္း အိမ္ျပင္ လုံးဝမစိုက္သင့္ပါဘူး။တကယ္လို႔ ရွိေနခဲ့ရင္၊ ကေလးနဲ႔ လက္လွမ္းမမွီတဲ့ေနရာ၊ အေဝးနဲ႔ အျမင့္ တစ္ေနရာ တင္ထားတာေကာင္းပါတယ္။ ကေလးကို အဲဒီ အနားမသြားေစဘို႔ မ်က္ေျခမျပတ္ ထိန္းသိမ္း ေစာင့္ေရွာက္ေနသင့္ပါတယ္။ ကေလးေရာက္ႏိုင္တဲ့ (သို႔) ကစားႏိုင္တဲ့ ေနရာနဲ႔ အိပ္ယာေတြကို၊ အဲဒီ အပင္နဲ႔ ခပ္လွမ္းလွမ္း ဟိုးအေဝးမွာ ထားရွိသင့္ပါတယ္။
အဲဒီအ႐ြက္ပင္ကို၊ စာေရးသူတို႔ ဆီမွာေတာ့ ႐ြက္လွဂမုန္းလို႔ ေခၚၾကတယ္။ စာေရးသူေတာင္ ၾကည့္ရတာ လွလို႔ ဘုန္းႀကီးေက်ာင္းက ေတာင္းၿပီး ႏႈတ္လာကာ၊ ပန္းအိုးနဲ႔ စိုက္ထားမိေသးတယ္။
ကိုယ္ပိုင္ ကေလးမရွိေပမဲ့ လူနာကေလးေလးေတြ မေတာ္တဆ အိမ္ေခါင္းရင္း ေရာက္သြား ေဆာ့ကစား စားမိရင္၊ ကေလးေတြ ဒုကၡမ်ားမွာ စာေရးသူလည္း ေျပးေပါက္မွားမွာ စိုးရိမ္လို႔၊ ဒီ စာေရးၿပီးရင္ကို၊ သြားေရာက္ဖယ္ရွားပစ္ေတာ့မယ္။
အဲဒီ ႐ြက္လွပင္ကို၊ အဂၤလိပ္လိုေတာ့၊ Dieffenbachia လို႔ ေခၚပါတယ္။ သူ႔အ႐ြက္ေတြ တိုင္းမွာ ” ကယ္လ္စီယမ္ ေအာက္ဇဲလိတ္ ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ္ဓါတ္ေတြ အေျမာက္အမ်ား ( အသက္ေသေစေလာက္တဲ့ အထိ) ပါဝင္တယ္။
အသက္ငယ္လြန္းတဲ့ ကေလးေတြ စားမိရင္၊ခ်က္ခ်င္း ေသဆုံး ေစႏိုင္သလို၊ အ႐ြယ္ေရာက္ၿပီး သူေတြမွာေတာ့ ၁၅ မိနစ္ မိနစ္ ၂၀ အတြင္း၊ ေသဆုံးေစႏိုင္တဲ့ အထိ အဆိပ္ျပင္းထန္ပါတယ္။
အ႐ြက္ရဲ႕ အဆိပ္က ဘယ္ေလာက္ျပင္းထန္သလဲဆိုရင္ ၊ မ်က္စိထဲဝင္မိရင္ မ်က္စိေတာင္ ကြယ္ေစမ်က္စိကန္းေစႏိုင္တယ္။
ခ်စ္စြာေသာ စာရႈသူ။ သင္တို႔အိမ္မွာ ႐ုံးမွာ အဲဒီ ႐ြက္လွပင္ ရွိေနပါသလား။ အခုပဲ သြားေရာက္ ႏႈတ္ပစ္ ဖယ္ရွားလိုက္တာက သင့္အတြက္ေရာ မိသားစု အတြက္ေရာ၊ မိတ္ေဆြေတြ သားသမီးေတြအတြက္ပါ ၊ အဆိပ္ေဘးမွ စိတ္ခ်ရပါလိမ့္မယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
ေက်ာက္င႐ုတ္ဆုံ အသုံးျပဳၾကတဲ့ အိမ္တိုင္း မျဖစ္မေန သိထားသင့္ေသာ က်န္းမာေရးသတိေပးခ်က္
သင့္ရဲ႕က်န္းမာေရးေပၚမွာ သက္ေရာက္ေစတဲ့ အဲယားကြန္းရဲ႕ဆိုးက်ိဳး (၆)ခု
ဆရာဇင္ေယာ္နီေျပာျပတဲ့ သင့္အခန္းနံရံမွာ ဘာပန္းခ်ီကားခ်ိတ္မလဲ
Credit : Apannpyaymedia
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ