By Aye Sandar, Shweproperty.com
Updated at 9 February 2021
အပင်များသည် လူတို့ကို အေးချမ်းတဲ့အရိပ်အာဝါသပေးစွမ်းနိုင်သလို၊ မထင်မှတ်သည့်အခါမျိုးတွင်လည်း ဘေးဒုက္ခပေးနိုင်တတ်ပါသေးသည်။ ထို့ကြောင့် အိမ်ခြံဝင်းအတွင်း အပင်စိုက်ပျိုးထားသူများ သတိမူစေရန် အောက်ပါအကြောင်းအရာများကို မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။ ၁။ ကိုယ့်ခြံထဲက အပင်ဆိုတိုင်း အလွယ်တကူ မခုတ်လှဲပစ်ပါနဲ့။ တချို့ အပင်များသည် အိမ်သား တစ်ယောက်ယောက်နဲ့ ဆက်နွယ်ပတ်သတ်နေသည်ဟူသော အယူရှိလို့ အိမ်သားထဲက တစ်ယောက်ယောက် ထိခိုက်စေနိုင်ပါသည်ဟု ရှေးလူကြီးများက ဆိုထားသည်။ ၂။ အလုပ်အကိုင်အဆင်မပြေ ဖြစ်တတ်၍ အိမ်ပေါက်ဝတည့်တည့် ဝါးပင်မစိုက်သင့်ဘူးဟု လူကြီးမိဘများက ဆိုကြသည်။ ၃။ ပင်စိမ်းပင် ခြံထဲ စိုက်ခြင်းဖြင့် အိမ်သားတွေ တော်ရုံမဖျားနာနိုင်ဘူးဟု ဆိုသည်။ ၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပျိုးခြင်းဖြင့် အပွင့်များဝေဆာလာတဲ့အခါ ငွေဝင်တတ်ပါသည်။ အပွင့်များကို ရေဆေး ဘုရားကပ်လှူပူဇော်ပေးဖို့လည်း မမေ့ပါနှင့်။ ၅။ နှစ်တစ်ရာ ကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါက အလုပ်အကိုင် အဆင်ပြေပါတယ်။ (အနံ့မရှိ ပန်းမရှိ အရွက်တွေ ဘုရား မကပ်သင့်ပါဘူး) ၆။ သရက်ပင် ခြံထဲ စိုက်ထားခြင်းဖြင့် အိမ်အေးချမ်းမှုကို ခံစားရရှိစေသည်။ ၇။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်သည်ဟု အယူရှိပါသည်။ ၈။ ထို့နည်းတူစွာ ဗန်ဒါပင်လည်း ခြံထဲ မစိုက်ကောင်းပါ။ (ခြံရှေ့ တွင် သဘာဝပေါက်နေတာဆို ထားလို့ ရပါတယ်) ၉။ ညောင်ပင် ခြံထဲ မစိုက်ပါနဲ့။ ဘာသာရေး မမြဲတဲ့ မိသားစုဖြစ်ပါက ဒုက္ခရောက်တတ်သည်ဟု ဆိုသည်။ ၁၀။ မိမိအိမ်တွင်း နေထိုင်မကောင်းသူရှိပါက ထိုသူရဲ့ လက်သည်း၊ ခြေသည်း၊ ဆံပင် စတာတွေကို သစ်ပင် အပေါက်ဖေါက်ပြီး ထည့်လိုက်ပါ။ သစ်ပင် ညိုးသွားခြင်း ဒါမှမဟုတ် အကိုင်းအခက်များ ကျိုးကျတာမျိုးတစ်ခုခုဖြစ်ရင် နာဖျားနေသူ အမြန်ဆုံး နာလန်ထလာနိုင်ပါမည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နိမိတ်ကောင်းများ ရောင်ပြန်ဟပ်စေမည့် အိမ်ခန်း မှန် ချိတ်ဆွဲနည်း ကြွယ်ဝခြင်းနိမိတ်ဆောင်တဲ့ အိမ်တွင်းစိုက် LUCKY အပင်များ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် အိမ်တွေမှာ အလှစိုက်နေကြတဲ့ ဂမုန်းပင်အကြောင်း ကြောက်စရာကောင်းလွန်းလို့ ရှဲပေးကြပါနော် Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ