By Sint Sint, Shweproperty.com
Updated at 3 November 2020
မြန်မာနိုင်ငံတွင် COVID-19 ကာလအလွန် စီးပွားရေးပြန်လည် ကောင်းမွန်လာစေရန်အတွက် စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံရန် ယခင်ကထက် ပိုမိုဖိတ်ခေါ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က “ ကျွန်တော်တို့တိုင်းပြည်အတွက် နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးရှိရင် နိုင်ငံတိုင်းကို ရင်းနှီးမြှုပ်နှံဖို့အတွက် ဖိတ်ခေါ်ပါတယ်။တရုတ်နိုင်ငံဆိုရင်လည်း မြန်မာနိုင်ငံမှာကြည့်လိုက်ရင်အများဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံထဲမှာပါတယ်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံတို့ ၊ အိန္ဒိယနိုင်ငံတို့နဲ့ မဟာဗျူဟာအချက်အချာကျကျတည်ရှိနေလို့ ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ ဒါကြောင့်စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ထားပါတယ်’’ ဟုဆင်ဟွာသို့ အောက်တိုဘာ ၂၄ ရက်တွင်ပြောသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍ၊အခြေခံအဆောက်အအုံကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ များတွင်လည်း ဦးစားပေး၍ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်းဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းများကို အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်ရန် MyCo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ထားကြောင်း၊ အွန်လိုင်းမှ အခွန်ငွေအားပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများကြား လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်းများအား ရေးဆွဲလျက်ရှိကြောင်းသိရသည်။
ထို့ပြင် COVID-19 ကာလစီးပွားရေးကုစားမှုအစီအစဉ် (CERP) နှင့်အညီ စီးပွားရေးသက်ရောက် မှုများအားလျှော့ချရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါအလွန်ကာလ တွင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း နှင့် ချိတ်ဆက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။
နောက်ဆုံးရ သတင်းများ
ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ခုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို ဧရာဝတီဖောင်ဒေးရှင်းက မန္တလေးမြို့တွင် စတင်တည်ဆောက်လျက်ရှိ
ရန်ကုန်မြို့သစ်စီမံကိန်းသစ် EOI အတွက် မြန်မာ့ထိပ်သီးဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလျှောက်ထား
စင်္ကာပူနိုင်ငံထက် (၂) ဆ ကျယ်ဝန်းမည့် ရန်ကုန် အနောက်ဘက်ကမ်း မြို့သစ် စီမံကိန်း စတင်တည်ဆောက်
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ