By Myanmar Property Journal, Shweproperty.com
Updated at 27 August 2013
လာမည့်နှစ် ဇန်နဝါရီလအတွင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ‘ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်’မှ သတင်းရရှိ သည်။
လတ်တလောဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ထားပြီး လာမည့်နှစ် ဇန်နဝါရီလမှ စတင်၍ ရွှေတိဂုံဘုရားလမ်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး၏ ဘေးတွင်ရှိသော လေးထပ်အဆောက်အအုံ၌ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ပထမ ပတ်အတွင်းမှာ ဖွင့်နိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ၊ အခုလတ်တ လောမှာတော့ အဆောက်အအုံကို ဖွင့်လှစ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါပြီ”ဟု ‘ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်’ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အား ပြည်တွင်းရှိ အိမ်ရာပိုင်ဆိုင်မှု မရှိသူများအတွက် အိမ်ရာပိုင်ဆိုင်ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အိမ်ရာဝယ်ယူရန် ဆန္ဒရှိသူများအနေဖြင့် ပုံမှန်ဝင်ငွေ၊ လစာအစရှိသဖြင့် အထောက်အထားခိုင်လုံစွာရှိပါက အနှစ် ၃၀၊ အနှစ် ၂၀ နှစ်ရှည်ချေးငွေစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ အတိုးနှုန်းမှာလည်း သင့်တင့်မျှတသော နှုန်းထားဖြစ်စေရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ငွေကြေးချို့တဲ့သူတွေကို အိမ် ရာပိုင်ဆိုင်ဖို့အတွက် အနှစ် ၃၀၊ အ နှစ် ၂၀ စီမံကိန်းနဲ့ ချေးငွေချေးပြီး အိမ်ရာဝယ်ယူနိုင်အောင်လို့ ဆောင်ရွက်ပေးသွားမှာပါ၊ ဒီမှာက အိမ်ရာပိုင်ဆိုင်ဖို့ ဝယ်ယူနိုင်စွမ်း အားနည်း ကြတယ်၊ အဲဒါကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ပေးနိုင်အောင်လို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင် ဆောင်ရွက်တာပါ”ဟု ‘ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်’မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါဘဏ်တွင် ငွေကြေးချို့တဲ့သူများ အိမ်ရာဝယ်ယူနိုင်ခွင့်သာမက ငွေကြေးတတ်နိုင်သူများမှလည်း အိမ်ရာဝယ်ယူရာ၌ ချေးငွေချေးကာ ဝယ်ယူလိုသူများအတွက်လည်း နှစ်တိုချေးငွေ ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ