By Ra Wai, Shweproperty.com
Updated at 17 March 2022
အိမ်အသစ်ကို ဆောက်တော့မယ်ဆိုရင် အိမ်ခန်းအနေအထားတွေကို သေသေချာချာနေရာချထား ရပါမယ်။ ဘယ်နေရာမှာ“ချီ” ဆိုတဲ့ စွမ်းအင်ဓာတ်ပိုရမယ်၊ မရနိုင်ဘူး၊ ဘာတွေကတားဆီးထားလို့ ဘယ်လိုဖယ်ရှားရမယ်ဆိုတာ သိဖို့လိုပါတယ်။ ဥပမာတစ်ခုပြပါမယ်။ အခုပြထားတဲ့ အိမ်ပုံစံမှာ “မီးဖိုချောင်” ကအရှေ့တောင်အရပ်မှာ ကျနေပါတယ်။ ဒါ့ကြောင့် သစ်သားရဲ့ “ချီ” ဓါတ်က မီးဖိုရဲ့ “မီး” ဓါတ်ရယ်၊ ပန်းကန်ဆေးကန်က “ရေ” ဓါတ်ရယ်နဲ့ လိုက်လျောညီထွေရှိနေပါတယ်။ အဲဒီလိုပဲရေချိုးခန်းက “ရေ” ဓါတ်ကလဲ အရှေ့ဘက်က “သစ်သားဓါတ်” နဲ့ ကိုက်ညီနေတာတွေ့ရမယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်းက တောင်ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတယ်။ ဒါ့ကြောင့်လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်ပြေမယ်။ တောင်အရပ်က ဖြေဖျော်မှုမှာစံပြဖြစ်ပြီး အနောက်တောင် ကတော့ အခြေချတည်မြဲရေးကို ကိုယ်စားပြုပါတယ်။ တံခါးမကြီးက အနောက်ဘက်မှာရှိတယ်။ ဒါ့ကြောင့် စိတ်ကျေနပ်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို ဆောင်ကြဉ်းတဲ့ “ချီ” ဓါတ်ပိုရနိုင်တာပေါ့။ အလည်ခေါင်က ခန်းမကြီးကလည်း လေးထောင့်စပ်စပ်ကျနေတာမို့ “ချီ” ဓါတ်က လွတ်လပ်စွာ ရွေ့လျားသွားလာနိုင်တဲ့အတွက် မင်္ဂလာနဲ့ပြည့်စုံလှပါတယ်။ စာကြည့်ခန်းက အနောက်မြောက်မှာရှိတယ်။ စီမံကိန်းချမှတ်ဖို့၊ ဉာဏ်ရည်ပွင့်လင်းဖို့ အားလာတဲ့နေရာပါပဲ။ မြောက်အရပ်မှာ အိပ်ခန်းရှိတာကြောင့် နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနိုင်မယ်၊ အနားယူအပန်းဖြေမှု အပြည့်အဝရနိုင်မယ်။ အလှပြင်ခန်းကို အရှေ့မြောက်မှာထားတာလဲ နေရာမှန်ပါတယ်။ အရပ်မျက်နှာနဲ့ အရောင်တွေကိုတော့ အောက်ပါဇယားတွေကြည့်ပြီး သိနိုင်ပါတယ်။ အနောက်အရပ် အနီ၊ ပန်းရောင် (အကောင်းဆုံး) အနက်၊ အဖြူ၊ မီးခိုး၊ နို့နှစ်ရောင် (ဒုတိယဦးစားပေး) သတ္တုဓါတ်၊ ကျောက်တုံး ကော်ဇော၊ မှန် ပုံသဏ္ဍာန် – အဝိုင်း၊ အခုံး အနောက်မြောက်အရပ် မီးခိုး၊ ငွေရောင် (အကောင်းဆုံး) အနက်၊ အဝါ၊ အနီ နို့နှစ်ရောင် (ဒုတိယဦးစားပေး) သတ္တု၊ ကျောက်တုံး၊ ကော်ဇော၊ မှန် ပုံသဏ္ဍာန် -အဝိုင်း၊ အခုံး မြောက်အရပ် နို့နှစ်ရောင်၊ အရောင်တောက်တောက် (အကောင်းဆုံး) အစိမ်းရောင်ဖျော့ဖျော့၊ အပြာရောင်ဖျော့ဖျော့၊ မီးခိုးရောင်၊ ပန်းရောင်၊ ငွေရောင် (ဒုတိယဦးစားပေး) မှန်၊ သတ္တု၊ ကျောက်တုံး၊ သစ်သား ပုံသဏ္ဍာန် – အတွန့်၊ အလိမ်အကောက်၊ အဝိုင်း၊ ရှည်ရှည် အရှေ့မြောက်အရပ် အဖြူရောင်၊ ခရမ်းရောင်၊ အဝါရောင်၊ (အကောင်းဆုံး) အနက်ရောင်၊ ပန်းရောင်၊ မီးခိုးရောင် (ဒုတိယဦးစားပေး) ကော်ဇော၊ သတ္တု၊ မြေထည်ပစ္စည်း ပုံသဏ္ဍာန် – ပြားချပ်ချပ်၊ အချွန်၊ အဝိုင်း အရှေ့အရပ် အစိမ်းရောင်တောက်တောက်၊ နို့နှစ်ရောင် (အကောင်ဆုံး) အပြာရောင်၊ ခရမ်းရောင် (ဒုတိယဦးစားပေး) သစ်သား၊ မှန်ထည်၊ မြေထည် ပုံသဏ္ဍာန် – ရှည်ရှည်၊ လှိုင်းတွန့်၊ အချွန် တောင်အရပ် ခရမ်းရောင်၊ အစိမ်းရောင်၊ အပြာရောင် (အကောင်းဆုံး) အဝါရောင်၊ အညိုရောင်၊ အဝါရောင်ဖျော့ဖျော့ (ဒုတိယဦးစားပေး) သစ်သား၊ မှန်၊ မြေထည် ပုံသဏ္ဍာန် – အချွန်၊ ပိရမစ်ပုံ၊ ရှည်ရှည် အရှေ့တောင်အရပ် အစိမ်းရောင်ရင့်ရင့်၊ အပြာရောင် (အကောင်းဆုံး) ခရမ်းရောင်၊ နို့နှစ်ရောင် (ဒုတိယဦးစားပေး) သစ်သား၊ မှန်၊ မြေထည် ပုံသဏ္ဍာန်-အတွန့်၊ အချွန် အနောက်တောင် အနက်ရောင်၊ အဝါရောင် (အကောင်းဆုံး) အညို၊ မီးခိုးရောင်၊ ပန်းရောင် (ဒုတိယဦးစားပေး) ရွှံ့၊ အထည်အလိပ်၊ ကော်ဇော နိမ့်နိမ့်ပြားပြား၊ ချွန်ချွန်အဝိုင်း ယင်းနှင့်ယန်းပုံစံများ ယန်းပုံစံက ချီဓါတ်ကို လှုပ်ရှားသွားလာရာမှာ ပိုမြန်အောင်အားပေးတယ်။ မျဉ်းဖြောင့်တွေ အစွန်းတွေ က “ယန်းဓါတ်” ပဲ။ ထောင့်မှန်စတုဂံပုံစံအနေနဲ့ ထောင့်မှန်စတုဂံပုံ ပရိဘောဂတွေက အဆင်ပြေတယ်။ “ယင်းဓါတ်” ကတော့ အကောက်အကွေ့ အလုံးအဝိုင်းတွေ ပုံစံတွေပဲ။ ဒါ့ကြောင့် ပုံစံမမှန်တဲ့ အခန်းမှာ ပရိဘောဂအဝိုင်းတွေ၊ အကောက်တွေနဲ့ ပိုသင့်တော်တယ်။ ချီဓါတ်က ကွေ့ကောက်သွားပြီး အထိုင်ကျသွားနိုင်တယ်။ ဓါတ်ကြီးငါးပါးနှင့် ပုံသဏ္ဍာန်များ သစ်သားဓါတ် – ဒေါင်လိုက်၊ မျဉ်းမတ် မီးဓါတ် – ကြယ်ပုံစံ၊ မြွေလိမ်မြေကောက်၊ ပိရမစ်ပုံစံ မြေကြီးဓါတ် – အလျားလိုက်၊ မြေပြင်ညီ သတ်္တုဓါတ် – အခုံးတွေ၊ အဝိုင်းတွေ ရေဓါတ် – လှိုင်းတွန့်၊ ပုံစံမမှန်ပုံ ဓါတ်ကြီးငါးပါးနှင့် ဆက်စပ်သောပစ္စည်းများ သစ်သားဓါတ် – ဝါး၊ ဖော့၊ သစ်သား၊ ကြိမ် မီးဓါတ် – စဉ့်၊ အုတ်ကြွပ်၊ မီးခတ်ကျောက် မြေကြီးဓါတ် – ကော်ဇော၊ ပိတ်စ သတ္တုဓါတ် – သတ္တုပစ္စည်းများ ရေဓါတ် – မှန်၊ ကြည့်မှန်၊ ဖန်ထည်၊ မှန်ထည် ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ပါမစ်စာရွက်စာတမ်းတွင် အပေါက်များဖောက်ထားပါက သတိပြုနိုင်ရန်အချက် GP နှင့် SP ခြားနားခြင်း သိကောင်းစရာ အရောင်းအ၀ယ်ပျက်သည့်အခါ စရန်ငွေပြန်ရနိုင်သလား BOT မြေပေါ်ဆောကိတဲ့တိုက်ခန်းနဲ့ဂရန်မြေပေါ်ဆောက်တဲ့တိုက်ခန်းကွာခြားချက် Credit By: MM Home Decor Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ