By Myanmar Builders Guide, Shweproperty.com
Updated at 9 January 2019
သတိပေးထားပြီဖြစ်သော်လည်း အိမ်ရာချေးငွေပေးသွင်းရန် ထပ်မံပျက်ကွက်ပါက တိုက်ခန်း ပြန်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHD Bank) ချေးငွေစနစ်ဖြင့် ရောင်းချခဲ့ပြီးသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း သုံးထောင်ကျော်အနက် ချေးငွေပြန်လည်ပေးသွင်းရန် ပျက်ကွက်သူ ၂၀၀ ကျော်အထိရှိကာ နို့တစ်စာပေးပို့သတိပေးထားကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။
" အိုးအိမ်ကချေးထားတာ သုံးထောင်ကျော်ရှိတယ်။ အဲ့ဒီမှာ အကြွေးမဆပ်တာ ၂၀၀ ကျော်ရှိတယ်။ လစဉ်မပေးကြတာ။ အဲ့ဒီတော့ ပြောရရင် ၇ ရာခိုင်နှုန်း ဖြစ်နေပြီ။ အဲ့ဒီတော့ဘာဖြစ်ကြသလဲဆိုတော့ World Bank က လူတွေက အံ့သြတယ်။ တကယ်ဆို ၃ ရာခိုင်နှုန်းကျော်ဆိုတာနဲ့ အစိုးရရှုံးပြီ။ အဲ့ဒီတော့ မင်းတို့မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ၇ ရာခိုင်နှုန်းဖြစ်သလဲ ဒါမျိုးမေးတယ်။ အဲ့တော့ပြောရရင် ချေးငွေသွင်းတာ ပျက်ကွက်လို့ အခန်းပြန်သိမ်းမယ် ဆိုတဲ့အပိုင်းတွေကို လုပ်တော့မယ်။ ပြောရရင် အဲ့အပိုင်းတွေလုပ်ရတာလည်း အရမ်းကြာတယ်။ အဲ့ဒီမှာ ဦးတို့ကတော့ နည်းလမ်းသုံးခု ရှိတယ်။ တစ်နည်းကတော့ လူမှုရေးနည်းလမ်း၊ လူမှုရေးနည်းလမ်းကတော့ ခေါ်တယ်၊ ဆွေးနွေးတယ်၊ တိုက်တွန်းတာပေါ့နော်။ အဲ့ဒါမရရင် ဒုတိယစီမံခန့်ခွဲမှုနည်းလမ်းပေါ့။ ဌာနကနေ သူတို့ကို နို့တစ်စာတွေ ထုတ်တယ်။ မရရင်တော့ တရားဥပဒေနည်းလမ်းပေါ့ " ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ လစဉ်ပုံမှန်ပေးသွင်းခြင်းမရှိသူများကြောင့် အစိုးရအနေဖြင့် အရှုံးပေါ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး လုပ်ငန်းစဉ်များလည်း နှောင့်နှေးနိုင်ကြောင်း သိရသည်။လက်ရှိရောင်းချပြီးအိမ်ရာများမှာ လှိုင်သာယာ၊ ရွှေလင်ပန်းအိမ်ရာ၊ မြောက်ဥက္ကလာရွှေပေါက်ကံအိမ်ရာနှင့် ဒဂုံဆိပ်ကမ်းရှိ ယုဇနအိမ်ရာတို့ ဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ