By Myanmar Times, Shweproperty.com
Updated at 25 January 2019
ရန်ကုန်မြို့မှာ အစိုးရနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ တွေက တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်(အဆင့်မြင့်)အိမ်ရာတွေကို အကောင်အထည်ဖော်နေကြပေမဲ့ ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေအချိုးအရ အိမ်ရာလိုအပ်ချက်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ကွန်ဒိုတိုက်ခန်းတွေအတွက် အရေးပါတဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီတွေလည်း ထွက်ရှိခဲ့တဲ့အတွက် ဈေးကွက် ဝယ်လိုအား ပိုမိုကောင်းမွန်လာနိုင်ပြီး ပြည်ပက ဝယ်ယူတဲ့သူတွေထက် ပြည်တွင်းက နိုင်ငံသားအချင်းချင်း အိမ်ရာလိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ချမ်းသာရွှေမြေဆောက်လုပ်ရေးကုမ္ပဏီရဲ့ တည်ထောင်သူ ဒေါ်အေးအေးလတ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်အရ လူတန်းစားမရွေး နေထိုင်တဲ့ အရည်အသွေးကောင်းပြီး စနစ်တကျရှိတဲ့ အိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ဖို့ လိုနေသေးတယ်လို့ လည်း ဒေါ်အေးအေးလတ်က သုံးသပ်ပါတယ်။
ချမ်းသာရွှေမြေဆောက်လုပ်ရေးကုမ္ပဏီအနေနဲ့ တကယ်အိမ်ရာလိုအပ်နေသူတွေ အဆင့်မြင့်အိမ်ရာမှာသင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ နေထိုင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဧရာချမ်းသာကွန်ဒိုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ရောင်းချပေးခဲ့ပါတယ်။
သာကေတမြို့နယ်အဆုံး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစမှာတည်ရှိတဲ့ ဧရာချမ်းသာကွန်ဒိုက အရင်က အစိုးရအိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ ဧရာဝဏ်ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်းက စတင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
အစိုးရကနေ ဧရာဝဏ်ရတနာ အိမ်ရာစီမံကိန်းဆိုပြီး အထပ်မြင့်အဆောက်အအုံ ၄၉ လုံး ဆောက်လုပ်ဖို့ စီမံရာမှာ ချမ်းသာရွှေမြေကုမ္ပဏီက အဆောက်အအုံတစ်ခုအတွက် ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ အဆိုပါစီမံကိန်းကိုအစိုးရက တစ်ဦးတည်း ဆက်လက်လုပ်ကိုင်ဖို့ ၂၀၁၂ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချမ်းသာရွှေမြေကုမ္ပဏီက အဆိုပါအိမ်ရာစီမံကိန်းကို အစိုးရနဲ့ ဆက်လက်ပြီး စပ်တူလုပ်ကိုင်ခဲ့ပါတယ်။
"တခြားကုမ္ပဏီတွေကလည်း လာမလုပ်ကြတော့ ဆက်လက်ဆောက်လုပ်ခွင့်ပြုဖို့ အစိုးရကို တင်ပြခဲ့တယ်။ အစိုးရကလည်း အကျိုးတူပူးပေါင်းလုပ်ဖို့ သဘောတူကမ်းလှမ်းခဲ့တဲ့အတွက် ဒီနေရာမှာ လုပ်ကိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်"လို့ ဒေါ်အေးအေးလတ်က ဆိုပါတယ်။
ဧရာချမ်းသာကွန်ဒိုကနေ အခန်းဝယ်ယူနေထိုင်မယ့်သူတွေအတွက် အခန်းတန်ဖိုးရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ပေးချေပြီးတာနဲ့တစ်ပြိုင်နက် အိမ်ခန်းမှာ နေထိုင်နိုင် မှာပဲ ဖြစ်ပါတယ်။ ကျန်ငွေတွေကိုတော့ လပေါင်း ၁၀ဝ ကနေ ၁၂၀ အထိ နှစ်ရှည်အိမ်ရာချေးငွေတွေကို ကုမ္ပဏီက စီစဉ်ပေးထားပါတယ်။ တစ်ခါတည်း ငွေအကျေချေပြီး ဝယ်ယူမယ့်သူတွေအတွက် အထူးအစီအစဉ်အနေနဲ့ အခန်းတွင်း အလှဆင်ပေးတဲ့ ဝန်ဆောင်မှုကို အခန်းအလိုက် လုပ်ဆောင်ပေးနေပါတယ်။
အဆောက်အအုံရဲ့ဒီဇိုင်းကိုတော့ စင်ကာပူနိုင်ငံကSurbana Jurong ကုမ္ပဏီက ရေးဆွဲပေးထားတာဖြစ်ပြီး အခန်းတိုင်းမှာ ပြင်ပအလင်းရောင်နဲ့ လေကောင်းလေသန့်ဝင်နိုင်ဖို့ ဆောင်ရွက်ထားတဲ့အပြင် အိမ်ရှေ့ရော အိမ်နောက်မှာပါ ဝရန်တာတွေ ထည့်သွင်းဆောက်လုပ်ပေးထားတယ်လို့လည်း ဒေါ်အေးအေးလတ်က ဆိုပါတယ်။
ကွန်ဒိုမီနီယမ်ဖြစ်ပေမဲ့ သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ နေထိုင်မှုစနစ်ကောင်းမွန်တဲ့ အိမ်ရာစီမံကိန်း တစ်ခုမှာလူလတ်တန်းစားကစပြီး အလွှာစုံက လူတွေ ဝန်ထုပ်ဝန်ပိုးမရှိဘဲ သက်သောင့်သက်သာစွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အေးအေးလတ်က ပြောပါတယ်။
"စပြီးရောင်းတုန်းကဆိုရင် ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် ဝယ်သူတွေက စိတ်တောင်မဝင်စားဘူး။ ထပ်တောင်ပြောလို့မရတဲ့ အနေအထား၊ လုပ်ငန်းရှင်အချင်းချင်းတောင် ဖြစ်မယ်လို့ မယုံကြည်ကြဘူး"လို့ ဒေါ်အေးအေး လတ်က အိမ်ရာ စတင်ရောင်းချခဲ့စဉ်ကအကြောင်းကို ပြောပြပါတယ်။
လက်ရှိမှာတော့ ဆောက်လုပ်ပြီး စုစုပေါင်း အခန်းအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းအထက် ရောင်းချပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ အခန်းအကျယ်အဝန်းက တော့ စတုရန်းပေ ၆၀ဝ ကစပြီး မိသားစုအလိုက် လိုအပ်တဲ့ တခြားအခန်းကျယ်တွေလည်း ရှိပါတယ်။ ချက်ချင်းဝယ်ယူနေထိုင်လိုသူတွေအတွက် အထူးအစီအစဉ်အနေနဲ့ အိမ်ခန်းတွင်း ပြင်ဆင်မှုတွေကိုပါ အိမ်ခန်းအလိုက် အထူးလက်ဆောင်အဖြစ် ပြင်ဆင်ပေးနေပါတယ်။
အရောင်းအပြင် အခန်းငှားနေမယ့်သူတွေ အဆင်ပြေအောင် အိမ်ရှင်တွေရဲ့အခန်းတွေကို တစ်ဆင့်ပြန်လည် ငှားရမ်းပေးနေပြီး ဈေးနှုန်းကတော့ ပြင်ဆင်ပေးထားတဲ့ အနေအထားပေါ် မူတည်ပြီး ငွေကျပ် လေးသိန်းကစပြီး ရှစ်သိန်းလောက်အထိ ရှိပါတယ်။
"အိမ်ရှင်တွေ အဆင်ပြေအောင် သူတို့အခန်းတွေကို ဦးစားပေးငှားပေးတယ်။ အခန်းတွေ အကုန်ဆောက်လုပ်ပြီးသွားရင်တော့ ကျန်တဲ့အခန်းတွေကိုလည်း ငှားပေး မှာပါ" လို့ ဒေါ်အေးအေးလတ်က ပြောပါတယ်။
ဧရာချမ်းသာကွန်ဒိုမှာ နေထိုင်မယ့်သူတွေအတွက် ဝန်ဆောင်မှုတွေကတော့ အဆောက်အအုံတစ်ခုစီမှာ ဓာတ်လှေကား သုံးစီးပါရှိပြီး ၁၈ ထပ်အမြင့်ရှိတဲ့အတွက် ရန်ကုန်မြစ်နဲ့ ရွှေတိဂုံဘုရားတို့ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ပြင် အားကစားလိုက်စားလိုသူတွေအတွက် ကလေး၊ လူကြီး ရေကူးကန်၊Gym နဲ့ ယောဂ အားကစားခန်းမတို့အပြင်Spa လည်း ပါရှိမှာဖြစ်ပါတယ်။ နေထိုင်သူတွေအတွက် နောက်ထပ်အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ ကားပါကင်ကိုလည်း သီးသန့်ဆောက်လုပ်ပေးထားပြီး အိမ်ရှင်မတွေအနေနဲ့ အမှိုက်တွေကို နေ့စဉ် မိမိနေတဲ့ တိုက်ခန်းအလွှာကနေပဲ လွယ်ကူမြန်ဆန်စနစ်ကျစွာ စွန့်ပစ်နိုင်ဖို့အတွက် အမှိုက်ပစ်ပြွန်စနစ်တွေလည်း ပါရှိ မှာဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ