By Sint Sint, Shweproperty.com
Updated at 18 October 2020
ဒီဖက်ခေတ်မှာ အိမ်တွင်းနဲ့ အိပ်ခန်းတွင်း အလှဆင်ဖို့အတွက် လူတွေက အပင်ငယ်လေးတွေကို အိမ်ထဲမှာ စိုက်ပျိုးလာကြပါတယ်။
အိပ်ခန်းတွေထဲမှာဆိုရင်လည်း သစ်ပင်က ထုတ်ပေးတဲ့ အောက်စီဂျင်ရဖို့ရယ် မျက်စေ့ပသာဒကျဖို့ အတွက်ရယ်အတွက် အပင်လေးတွေကို စိုက်ပျိုးကြပါတယ်။
သစ်ပင်စိုက်တိုင်း ကောင်းလားဆိုရင် ကောင်းတာတွေ ရှိသလို မကောင်းတာတွေ လည်းရှိ ပါတယ်။ မြန်မာ့အယူအဆအရဆိုရင် အထူးသဖြင့် ဂမုန်းပင်တွေကိုစိုက်တဲ့ အခါမှာ အထူးသတိထားရပါတယ်။
အခုဆိုရင် မလေးရှား ဓာတုဗေဒပညာရှင် တစ်ဦးက ဆင်စွယ်ဂမုန်း အနွယ်ဝင် နဂါးစက်ဂမုန်းကို အိမ်တွင်းမှာ စိုက်ပျိုးမိပါက ကျန်းမာရေးအန္တရာယ်ကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံနည်းကျဆိုလာပါတယ်။
ဗိုင်းရက်ပိုး အချို့ကို ပြန့်နှံ့စေတတ်လို့ မလေးသိပ္ပံ ပညာရှင်တွေက ဆိုရှယ်မီဒီယာပေါ်မှာ အိမ်တွင်းအလှမဆင်သင့်တဲ့ အပင်မျိုးစိတ်တွေကို အမြဲလို ထုတ်လွှတ်ကြေညာပေးနေပါတယ်။ သိပ္ပံနာမည်အရ Sansevieria spp လို့ ခေါ်ပါတယ်။
အိမ်တွင်အလှပင် စိုက်တာနဲ့ပတ်သက်ပြီး ဘယ်အပင်တွေ စိုက်သင့်တယ် ဘယ်အပင်တွေက မစိုက်သင့်ဘူးဆိုတာ ဟိုးအရင် ကတည်းက ရှိပါတယ်။
ဒါကို ဒီဖက်ခေတ်ရောက်တော့ ရှေးထုံးဆိုတာကို အလေးမထားတော့ဘဲ မျက်စေ့ ပသာဒကျမယ့် အပင်အတွဲအစပ်တွေကို ယှဉ်တွဲပြီး စိုက်ကျတော့တာပါပဲ။
သူတို့ကတော့ အယူအဆဟောင်းတွေဆိုပြီး အပြစ်တောင် တင်လိုက်ကြပါသေးတယ်။ ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေက အိမ်တွင်းမှာ စိုက်ပျိုးရင် အနုဇီဝကောင်တွေကို ပြန့်စေတတ်လို့ ကျန်းမာရေးကို ထိခိုက်လာနိုင်စေတယ်လို့ဆိုလာပါတယ်။
မလေးရှားဓာတုဗေဒပညာရှင်ဒေါက်တာဆလင်းက နဂါးစက်ဂမုန်းတွေကို အိမ်ထဲမှာအိုးနဲ့စိုက်တဲ့အခါမှာ အပင်ရဲ့ အောက်ခြေအိုးထဲမှာ အနုဇီဝကောင်တွေကို ပေါက်ပွားစေတတ်တယ်လို့ဆို ပါတယ်။
အပင်ကိုစိုက်ဖို့ မြေဆွေးထည့်တဲ့အခါမှာ မြေဆွေးထဲမှာ ဘတ်တီးရီးယား ၊ရေညှိ ၊ မှို ၊ ပရိုတိုးဇိုးဝါး တွေပါလာတတ်ပါတယ်။ မြေဆွေး ကောင်းလေ မြေဆွေး တစ်ဂရမ်မှာ အနုဇီဝကောင် သန်း၁၀၀၀လောက်ပါလာတတ်ပါတယ်။
သူတို့တွေက အပင်ရဲ့ အမြစ်ပတ်ဝန်းကျင်မှာနေပါတယ်။ အဲ့ဒိကနေ သူတို့က ပြန့်ပွားလာပြီး အခန်းထဲ အိမ်ထဲကို ပြန့်လာတော့တာပါပဲ။ သူတို့က လူတွေရဲ့ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။
ဖြစ်နိုင်ရင် မြေဆွေးနဲ့စိုက်ဖို့ မလိုတဲ့အပင်တွေကို စိုက်တာအကောင်းဆုံးလို့ ဒေါက်တာ ဆလင်းက ဆိုပါတယ်။
ကိုယ့်အခန်းထဲမှာ ဒါမှမဟုတ် အိမ်ထဲမှာ ဆင်စွယ်ဂမုန်း အနွယ်ဝင် ဂမုန်းတွေရှိမယ်ဆိုရင် အိမ်ပြင်ထုတ်စိုက်တာ အကောင်းဆုံးပါပဲလို့ သူကဆိုတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ဒယ်အိုးနီ သုံးသူများ မမြင်နိုင်တဲ့ အန္တရာယ်အတွက် ဖတ်ဖြစ်အောင်ဖတ်ထားနော်
လာဘ်ကောင်းပြီး စီးပွါးရေးအဆင်ပြေစေလို့ အိမ်ထဲမှာ စိုက်ပျိုးပေးသင့်တဲ့ အပင်လေးတွေ
အိမ်တွေမှာ ကြမ်းပိုးပြဿနာတက်နေကြသူများအတွက် ကြမ်းပိုးပျောက်စေသောနည်း
အိမ်မှာသောင်းကျန်းနေတဲ့ကြွက်တွေကို အပြတ်နှိမ်နင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ
Credit : Pwintsan
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ