By Sint Sint, Shweproperty.com
Updated at 5 November 2020
ကျန်းမာရေးအတွက် သင့်တော်သလို စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိုလည်း ကောင်းမွန်စေတဲ့ အပင်တွေ ဖြစ်ပါတယ်။သင့်ရဲ့ အိမ်ထဲမှာ စွမ်းအင်ကောင်းတွေ တိုးတက်စေပြီး လေကို သန့်စင်ပေးကာ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှုတွေကို ဖန်တီးပေးနိုင်မယ့် အပင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပင်စိမ်းပင်ပင်
စိမ်းပင်က လေကို သန့်စင်ပေးပါတယ်။ တစ်နေ့ကို နာရီ ၂၀ အောက်ဆီဂျင် ထုတ်ပေးပြီး ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူပေးပါတယ်။
၂။ ရို့စ်မေရီပင်
ရို့စ်မေရီက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို သန့်စင်ပေးပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာအောင် မြှင့်တင်ပေးပါတယ်။ သူ့အနံ့က စိတ်ကို ကြည်လင်စေပြီး စိတ်ဖိစီးမှု၊ အိပ်မပျော်တဲ့ ရောဂါနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ကုသပေးကာ မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။ စိတ်တွင်း ငြိမ်းချမ်းမှုရှိဖို့လည်း ကူညီပေးပါတယ်။
၃။ ပိန်းပန်းပင်
ပိန်းပန်းပင်က စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချမ်းသာမှုကို ယူဆောင်ပေးပါတယ်။ လေကို သန့်စင်ပေးတဲ့ စွမ်းအင်ကို တိုးပွားစေပြီး အိမ်တွင်းက ဓာတ်ငွေ့တွေကို လျော့ပါးစေပါတယ်။ ငြိမ်းချမ်းစွာ အိပ်စက်နိုင်အောင်လည်း ကူညီပေးပါလိမ့်မယ်။
၄။ ရှားဇောင်းလက်ပတ်ပင်
ဒီအပင်ကတော့ စွမ်းအင်ကောင်းတွေနဲ့ ပျော်ရွှင်မှုကို ယူဆောင်လာပေးပါတယ်။ မကောင်းတဲ့ လှိုင်းတွေကို ဖျက်ဆီးပေးပြီး အနာရောဂါပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
၅။ စံပယ်ပင်
စံပင်ပင်ရဲ့ အနံ့က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စွမ်းအင်ကောင်းတွေပေးပါတယ်။ စိတ်ကြည်နူးမှုကို တည်ဆောက်ပေးကာ ဆက်ဆံရေးတွေကို ကောင်းမွန်စေတယ်။
၆။ အလှစိုက် ဝါးပင်ပု (Lucky Bamboo)
ဒီအပင်က ချမ်းသာဝပြောခြင်းနဲ့ ကံကောင်းခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။
၇။ သစ်ခွပင်
သစ်ခွပင်တွေဟာ စွမ်းအင်ကောင်းတွေကို တိုးပွားစေပြီး အိမ်သူအိမ်သားတွေကို အသက်ရှည်စေပါတယ်။ သင်းပျံ့တဲ့ ရနံ့ ရှိတာကြောင့် စိတ်ကို အေးချမ်းစေပါတယ်။ ညဘက်မှာ အောက်ဆီဂျင် ထုတ်ပေးတဲ့အတွက် အိပ်ခန်းထဲမှာ စိုက်တာ အကောင်းဆုံးပါပဲ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကျန်းမာရေးအတွက် ဆားအသုံးဝင်ပုံ
သင့်အိမ်မှာ မှိုတွေစွဲနေတာ ရှိလား ရှာကြည့်ပါ
ရှလကာရည်သုံးပြီး သန့်ရှင်းရေးမလုပ်သင့်တဲ့ အိမ်သုံးပစ္စည်းများ
လေထုကိုသန့်စင်စေတဲ့ အိမ်တွင်း အလှဆင်အပင်လေးတွေအကြောင်း
Ref : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ