By Aye Sandar, Shweproperty.com
Updated at 10 February 2021
ငွေရေးကြေးရေးအခက်အခဲကြောင့်ပဲဖြစ်ဖြစ် မိမိအမြန်ဆုံး ရောင်းထွက်ချင်သူများ၊ အိမ်ပွဲစားအကူအညီမလိုဘဲ ကိုယ်တိုင်ရောင်းချချင်သူများအတွက် အချိန်တိုအတွင်း အိမ်ရောင်းထွက်နည်းများကို ပြောပြပေးသွားပါမည်။ သင်သာဆိုရင် ဘယ်လိုအိမ်မျိုးနဲ့နေချင်မလဲ ဆိုတဲ့အတွေးနဲ့ ဝယ်သူများနှစ်သက်စေရန် ပြင်ဆင်ကာ ရောင်းချပေးသင့်ပါသည်။ ၁။ ပြုပြင်သင့်တာ၊ လဲလှယ်သင့်တာမျိုးဆို ကြိုတင် စီမံထားရန်။ ပြန်လည်မွမ်းမံသင့်သည်များကို ဝယ်သူအားမပြခင်တစ်ခါတည်း ပြင်ဆင်ထားရှိရန်လိုအပ်သည်။ ဉပမာ - အိမ်ခန်းတံခါးများ ကောင်း/မကောင်း၊ မီးကြိုးများကောင်း/မကောင်း၊ ရေမော်တာစနစ် မှန်/မမှန်၊ မျက်နှာကြက်နံရံများ မိုးလုံခြင်းရှိ/မရှိ စသည်များကို ကြပ်မတ်ပြင်ဆင်ထားပါက ဝယ်သူဘက်မှ ဈေးအလျှော့အတင်းစကားဆိုလာပါက မိမိဘက်မှ Facility ပြည့်စုံနေ၍ မိမိတောင်းသည့် ဈေးအတိုင်းအပြည့်အဝတောင်းခံနိုင်မည်ဖြစ်ပါသည်။ ၂။ အခန်းကို ဦးစွာရှင်းလင်းပြင်ဆင်ပါ။ အိမ်အမြန်ရောင်းထွက်နည်း Strategies များစွာရှိတဲ့အထဲမှ အချိန်တိုတိုနဲ့ ဈေးကောင်းကောင်းရလိုပါက အိမ်အတွင်း ရှုပ်ထွေးပေပွနေခြင်း၊ ပစ္စည်းများ ဗရမ်းဗတာ ဖြစ်နေတာတွေကို အရင်ဆုံး ပြောင်းလဲသင့်ရန်လိုပေမည်။ စစ်တမ်းကောက်ယူမှုများအရ ဝယ်သူ၏ ၆၄ ရာခိုင်နှုန်းခန့်သည် နေရာကျယ်ဝန်းသော၊ ပစ္စည်းများထားသို ပြင်ဆင်ရန် လွယ်ကူသည့် အခန်းပုံစံကို ပိုနှစ်ခြိုက်သည်ဟု သိရသည်။ အရင်အိမ်ငှားများ ဒါမှမဟုတ် ကိုယ်နေခဲ့တဲ့အိမ်ကိုပဲ ပြန်လည်ရောင်းချမည်ဆိုပါက အခန်းအတွင်းပိုင်းကို အရင်နေထိုင်သူများ ပြောင်းသွားသည်နှင့်တပြိုင်နက် ရှင်းလင်းထားရန် လိုအပ်ပေမည်။ ဒါမှလည်း ဝယ်သူအနေနဲ့ မိမိအိမ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုကို အပြည့်အဝဖြစ်ကာ ဝယ်ယူချင်စိတ် ပိုပြင်းပြလာမည်ဖြစ်သည်။ ၃။ ရောင်းဈေးတိကျစွာ သတ်မှတ်ထားပါ။ မိမိရောင်းချမည့် မြေနေရာ၊ အထပ်အနိမ့်အမြင့်နဲ့ တည်နေရာမြို့နယ်အလိုက် အိမ်ဈေးနှုန်းမှာ တိကျမှန်ကန်ဖို့ အင်မတန်အရေးကြီးပါသည်။ တစ်ခုသတိထားရမည်မှာ ဝယ်ယူမည့်သူ၊ စုံစမ်းသူသည် အိမ်ခြံမြေအကြောင်း နှံ့စပ်ကျွမ်းကျင်သူလည်းဖြစ်နိုင်သလို၊ စိုးစဉ်းမျှ အိမ်အကြောင်း နားမလည်သူလည်းဖြစ်ကောင်းဖြစ်နိုင်သည်မို့ အချက်အလက်များကို တိတိကျကျနဲ့ စိတ်ရှည်ရှည် ပြောပြပေးရန် အရေးကြီးသည်။ အိမ်ခြံမြေ အမြန်ဆုံးရောင်းထွက်ချင်ပါက မိမိအလုပ်အပေါ် တာဝန်ယူမှုသည်လည်း တစ်နည်းနည်းနှင့် ဆက်စပ်နေသည်ကို သိထားသင့်ပါသည်။ ထို့ပြင် စာချုပ်စာတမ်းကိစ္စရပ်များကို အရှုပ်အရှင်းကင်းအောင် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသူများနှင့် တစ်ခါတည်း ကြိုတင်ပြင်ဆင်ထားရန်လည်း လိုအပ်ပါသည်။ ၄။ အိမ်ရဲ့ ထူးခြားချက်ကို ထင်ရှားစွာ ဖော်ပြတတ်ပါစေ။ ဝယ်ယူသူအနေနဲ့ သင့်အိမ်နဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား ဝယ်လာစေမည့် အချက်များကို စာရင်းပြုစုဖော်ပြပေးသင့်သည်။ ဉပမာ - အချက်အချာကျသော နေရာတွင် တည်ရှိခြင်း၊ အိပ်ခန်းအရေအတွက်၊ အကျယ်အဝန်း၊ အလင်းရောင်ကောင်းကောင်းရခြင်း၊ လုံခြုံရေးစနစ်ကောင်းမွန်ခြင်း၊ ဈေးနဲ့ နီးခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ခြင်း၊ သွားရေးလာရေး လွယ်ကူခြင်း စသည့် သင့်အိမ်နဲ့ ပတ်သက်ပြီး ဝယ်သူများ ထင်သာမြင်သာ ဖြစ်စေမည့်အချက်များကို ဖော်ပြပေးသင့်ပါသည်။ မိမိအိမ်ကို ကြော်ငြာတင်ယူသည့်အခါတွင်လည်း ပြတ်သားကြည်လင်သော ပုံများကိုသာ ရိုက်ပြီး ပို့စ်တင်သင့်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ အိမ်ရဲ့အကျိုးစီးပွားတက်ဖို့ဆို ရှေးထုံးများလည်း လိုက်နာ မှတ်သားဖို့လို အိမ် ကျက်သရေတိုးစေရန် နဂါးဘက်ခြမ်း၊ ကျားဘက်ခြမ်း သိထားအံ့ သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ