By Messenger, Shweproperty.com
Updated at 9 November 2015
အိမ်ခြံမြေဈေးသည် အံအားသင့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လျက်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် တဲအိမ်သာသာ ရှိသည့် နေအိမ်တစ်လုံးကို ဒေါ်လာနှစ်သန်းခန့်ဖြင့် ရောင်းချရန် စီစဉ်ထားသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းအိမ်ကို အမေရိကန်တွင် ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ အိမ်၏အကျယ်ကလည်း စတုရန်းပေ (၁၈၀) သာရှိပြီး၊ ရေချိုးခန်း တစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာပါကာ နောက်ဖေး မီးဖိုချောင် မပါရှိကြောင်း သိရသည်။ ယင်းအိမ်ကို ၁၉၃၀ ကတည်းက တည်ဆောက်ထားပြီး တဲသာသာ ဖြစ်သောကြောင့် ဝယ်ယူသူအနေဖြင့် အိမ်သစ်ပြန်ဆောက်ရမည် ဖြစ်သည်။
ယင်းအိမ်မှာ မည်သည့်အတွက်ကြောင့် ဈေးကြီးနေရသည်ကို သိချင်ပါလိမ့်မည်။ ယင်းအိမ်သည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် တည်ရှိပြီး ဆဲလ်ဖို့ဒ် တက္ကသိုလ်၊ Facebook ရုံးချုပ်တို့နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ဈေးကြီးနေခြင်း ဖြစ်သည်။ ယင်းအိမ်ဝန်းကျင်တွင် နေထိုင်သူများက ရောင်းမည့်အိမ်ဈေးကို ကြားသိပြီးနောက် အံ့အားသင့်ခဲ့ပြီး အိမ်ဈေးကြီးသည်ကို သိထားသော်လည်း ယခုကဲ့သို့ ဈေးခေါ်ထားခြင်း အတွက် တုန်လူပ်မိကြောင်း ဟြေကြားခဲ့ကြသည်။
Ref : Messenger
Photo Credit : Messenger
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ