By Sint Sint, Shweproperty.com
Updated at 14 November 2020
ရာသီကာလ သုံးပါးထဲမှာ နွေဥတုရဲ့ အပူရှိန်ဟာ အပူပြင်းဆုံးဖြစ်ပါတယ်။ဒီလိုပူပြင်းတဲ့ရာသီမျိုးမှာ ရှေးခတ်က လူတွေဟာ အပူဒဏ်ကိုသက်သာစေဖို့ အရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီးတွေ၊ စိမ်းစိုတဲ့သဘာဝ ပတ်ဝန်းကျင်အရိပ် တွေကိုခိုကြပါတယ်။ တိုးတက်ထွန်းကားတဲ့ ခေတ်ကိုရောက်လာတော့ စိမ်းစိုတဲ့ သဘာဝအရိပ်အာဝါသတွေ ရှားပါးလာကာ လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေကိုဘဲ အမှီသဟဲပြုလာကြ ရပါတယ်။ မိမိတို့တတ်နိုင်ရာ ပန်ကာ၊လေအေးပေးစက်နဲ့ အဲကွန်း အစရှိတာကိုတပ်ဆင်အသုံးပြု လာကြပါတယ်။
ရုံးတွေ၊ ကုမ္မဏီတွေ၊ သယ်ယူပို့ဆောင်နေတဲ့ခရီးသွားယာဉ်တွေ၊ စာသင်ခန်းတွေ ၊နေအိမ်တွေမှာ အဲကွန်းကို တပ်ဆင်ထားကြပြီး နွေရာသီမှာ မဟုတ်သလိုနေနိုင်ကြပါတယ်။ အပြင်မှာ နေဘယ်လောက်အပူပြင်းပြင်း လူတွေဟာ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်တွေထဲမှာ အဲကွန်းလေးဖွင့်ပြီး အေးအေးစိမ့်စိမ့်လေးနဲ့ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ကြပါတယ်။
အဲကွန်းရဲ့ အကျိုးကျေးဇူး
ဒီလို အဲကွန်းကို အသုံးပြုနိုင်ခြင်းဖြင့် လူတွေအတွက် အကျိုးကျေးဇူး ခံစားရရှိတာတွေရှိပါတယ်။ အလွန်အမင်းပူပြင်းခြင်းဒဏ်ကြောင့် စိတ်နှလုံးမအီမသာဖြစ်တာတွေ မရှိတော့သလို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွစွာနဲ့ အလုပ်တွေကိုလုပ်နိုင်ကြပါတယ်။
အဲကွန်းအေးစိမ့်စိမ့်လေးနဲ့ ချွေးထွက်ခြင်းတို့ မရှိတော့ကာ ချွေးထွက်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံး မှုကိုလည်း လျော့ချနိုင်သွားပါတယ်။ အအေးဒဏ်ကြောင့် အခန်းထကဲ ပိုးမွှားတွေ ၊ ကပ်ပါးကောင်တွေကို လည်း အလိုအလျောက်မောင်းထုတ်ပြီးဖြစ်သွားစေပါတယ်။ ပြင်ပ ကအမှုန်အမွှားတွေဝင်ရောက်မှု ကြောင့် အရေပြားလွှာ ယားယံမှုတွေလည်း မဖြစ်တော့ကာ အသားအရေကို သန့်ရှင်းနေစေပါတယ်။
အဲကွန်းတပ်ဆင်မှုစနစ်ကောင်းမွန်ပြီး အသုံးပြုမှု၊ ထိန်းသိမ်းမှုတို့လည်းကောင်းမွန်ခဲ့ရင် လေထုသန့်ရှင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့် တစ်ချို့လူတွေဟာ အပူဒဏ်ကို ရှောင်တဲ့အနေနဲ့ ကားထဲမှာ ၊ အိမ်ထဲမှာ ၊ ရုံးခန်းထဲမှာ အဲကွန်းနဲ့ မပြတ်ထိတွေ့ပြီးနေတတ်ကြပါတယ်။ တစ်ချို့ဆိုရင် မီးပြတ်တာကြောင့်ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် အဲကွန်းနဲ့ ခဏလေးဖြတ်တောက်ခံရရင် မချိမဆန့်ပင်ပန်းနွမ်းနယ် နေတာကို တွေ့ရပါတယ်။
ဒီအတွက် “ တန်ဆေးလွန်ဘေး ” ဆိုတဲ့စကားပုံလေး ကိုသတိရမိပါတယ်။ဒီစကားပုံလေးဟာ လူတွေအတွက်ဘယ်အရာကိုမဆို အလွန်အကျွံမဖြစ်စေဘဲ အတိုင်းအတာတစ်အနေနဲ့ သင့်တင့်မျတစွာ အသုံးပြု တတ်ရင် ဘေးဥပါဒ်ကင်းပြီး ကောင်းကျိုးဖြစ်ထွန်းစေတယ်ဆိုတာ ဆင်ခြင်စေလိုတယ်လို့ ခံစားမိပါတယ်။တကယ်တော့ လူတွေနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ၊ အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ လူသုံးကုန်တွေမှာ ကောင်းကျိုးရှိသလို ဘေးထွက် ဆိုးကျိုး ဆိုတာလည်းရှိပါတယ်။ ဒါတွေကိုသင့်တင့်မျှတစွာ အသုံးပြုတတ်ရင် ကောင်းကျိုးကို ခံစားရရှိနိုင်ပြီး ဆိုးကျိုးကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
တစ်ချို့လူတွေဟာ အဲကွန်းကို မပြတ်ထိတွေ့မှုနဲ့အတူ အဲကွန်း ရဲ့ အအေးဒဏ်ကို အလွန်အကျွံခံစားမိတတ် ကြတွေရှိပါတယ်။ အနောက်တိုင်းသုတေသနပညာရှင်တို့ ရဲ့လေ့လာဖော်ပြချက်အရ လူတွေဟာ အဲကွန်းကို အသုံးပြုတဲ့အခါ မိမိတို့ရဲ့ အခန်းအပူချိန်ကို အနည်းဆုံး 21-25 ံC ကြားမှာ ထားရှိသင့်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။ အအေးဒဏ်ကို ကြိုက်လွန်းတာကြောင့် အလွန်အကျွံသုံးမိကြတဲ့အခါ “တော်သင့်ရင်ဆေး ဘက်ဝင်တယ်၊ လွန်ရင် ဘေးဖြစ်စေတယ်”ဆိုသလို အဲကွန်းရဲ့ ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။
အဲကွန်းရဲ့ဆိုးကျိုး
အဲကွန်းကို အလွန်အကျွံ အဆက်မပြတ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးနဲ့ဆက်စပ်ထိခိုက်နိုင်မှုတို့ကို Global News က အခုလို ဖော်ပြထားပါတယ်။
နှာခေါင်း၊ ပါးစပ်အတွင်းရှိ ချွဲ၊သလိပ် ၊နှပ်ရည်တွေထွက်တဲ့အမြှေးပါးကို ထိခိုက်ရောင်ရမ်းစေပြီး နှာမွန်ကာ အသက်ရှုရခက်ခဲမှုတို့ဖြစ်စေတတ်ပါတယ်။ အဆက်မပြတ်မောပန်းနွမ်းနယ်ခြင်း ၊ အအေးမိခြင်းတို့လည်းဖြစ်စေတတ်ပါတယ်။
အရေပြားလွှာအတွင်း အစိုဓာတ်တို့ခမ်းခြောက်ကာ အသားအရေ ခြောက်သွေ့မှုကိုဖြစ်စေတတ်ပါတယ်။ သွေးပေါင်ချိန်ကျခြင်း၊ အဆစ်ရောင်ခြင်း၊ အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်စေတတ်ပါတယ်။ အပူဒဏ်ကို သည်းမခံနိုင်ခြင်းကြောင့် အဲကွန်းကို အဆက် အပြတ်ခံစားနေသူတွေဟာအဲကွန်းမရှိတဲ့အပြင်ပတ်ဝန်းကျင် တစ်ခုခုကိုသွားရဖို့အရေးကို stress တစ်ခုအနေနဲ့ ခံစားရစေပါတယ်။
အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်နိုင်ပါတယ်။ လူဝီစီးနီးယားပြည်နယ် ကဆေးပညာဌာန တစ်ခု ဟာ သူတို့ပြည်နယ်အတွင်းရှိ ကား ၂၅ စီးကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ၂၃ စီးသော ကားတွေထဲမှာ အမှုံအမွှားမှိုအမျိုးအစား ၈ မျိုး ရှင်သန်နေကြတာကိုလေ့လာတွေ့ရှိကြပါတယ်။ဒီလို မှိုအမှုန် အမွှားတွေဟာ အဲကွန်းရဲ့လေလမ်းကြောင်းထဲမှာ လည်ပတ်ပြီး လူတွေရှုရှိုက်လိုက်ရာအဆုတ်ထဲကို ရောက်ရှိသွားတတ်ကြပါတယ်။
ကားထဲမှာ အဲကွန်းကို ရေရှည်အသုံးပြုနေရသူတွေအနေနဲ့ အဆုတ်ရောဂါတွေဖြစ်ပွားနိုင်ချေများ ကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ပြီး အပြင်းဖျားနာတတ်ကြောင်းလည်း လေ့လာဖော်ပြထားပါတယ်။အဲကွန်းခန်းအတွင်း လေလမ်းကြောင်း လည်ပတ်မှုမှတစ်ဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဖြစ်ပွားစေတတ်ပါတယ်။ မျက်စိရောင်ရမ်းခြင်းတို့ဖြစ်တတ်ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ အဓိအားဖြင့် ပြဿနာ ကြုံတွေ့ရတတ်ပါတယ်။
နွေရာသီကာလမှာ လူတိုင်းဟာ လုပ်ငန်းခွင်မှာ ၊အိမ်မှာ အဲကွန်းကို အသုံးပြုကြရတာကြောင့် အကျိုးမယုတ်စေဘဲ ကျန်းမာရေးထိခိုက်မှုကိုရှောင်ကြဉ်နိုင်တဲ့ မျတတဲ့သုံးစွဲမှုတို့ကို သတိရှိနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်
သိသူဖော်စားမသိသူကျော်သွားအိမ်သုံးဆားရဲ့အသုံးဝင်ပုံများ
အိမ်တွင်းမှာ အသုံးဝင်မယ့် ရှာလကာရည်လျှို့ဝှက်ချက် (၅) ခု
နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း
Credit : Wunyan
Photo Credit : freepik
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ