အရင်ကဆို ဘဏ်တိုးလည်းရ၊ အိမ်ခန်းလည်းဝယ်ယူနိုင်တဲ့အတွက် နှစ်စဉ်ငွေစုဆောင်းသူ အရေအတွက်မှာ မြင့်မားလျက်ရှိပြီး ယခုကိုဗစ်ကာလအတွင်းတွင် ဝင်ငွေလျော့ပါးလာမှုကြောင့် CHID ဘဏ်၌ လစဉ် အိမ်ရာစုဆောင်းငွေများ ထပ်မံစုဆောင်းရန် အခက်အခဲများရှိနေ၍ ဒီကာလမှာတော့ ကျဆင်းလျက်ရှိကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးဝင်းဇော်က ဆိုပါသည်။


ပြည်သူများအဆင်ပြေစေရန် ကိုဗစ်ကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဧပြီလ မှစတင်ကာ ယနေ့ချိန်ထိ အိမ်ရာဝယ်ယူထားသူများအား ငွေသွင်းရမည့်ရက်ကို ပုံမှန်သတ်မှတ်ချိန်ထက် နောက်ကျခွင့်ပြုခြင်း၊ နောက်ကျပေးသွင်းသူများအတွက် ကောက်ခံသည့် ဒဏ်ကြေးများ ကင်းလွတ်ခွင့်ပြုခြင်းတို့ကိုပါ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။


ဒါ့အပြင် ချေးငွေများကို မပျက်မကွက်ပေးဆောင်သူများအတွက် အရင်းငွေပေးချေမှု ကာလဆိုင်းငံ့ပေးခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထားသေးသည်။ ဝယ်ယူသူများအနေဖြင့် အဆိုပါ ဖြေလျှော့မှုအကျိုးခံစားခွင့်များအတွက် မိမိတို့စာချုပ်ချုပ်ဆိုခဲ့သော ဘဏ်ခွဲများသို့ ဆက်သွယ်စုံစမ်း ဆောင်ရွက်နိုင်ကြောင်းလည်း CHID က ထုတ်ပြန်ကြေညာထားသည်။ဘဏ်ချေးငွေနှုန်းထားများကိုလည်း CHID Bank မှ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ JICA Two Step Loan မှ အတိုးနှုန်း ၈ ဒဿမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချထားသည်ဟု သိရှိရပါသည်။





၂၀၁၉ - ၂၀၂၀ ပြည့်နှစ်တို့အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက  အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများမှ အပြီးသတ်ဆောက်လုပ်ထားသော ကြိုတင်ရောင်းချနိုင်မည့် အခန်းအရေအတွက်မှာလည်း ယခုနှစ်အတွင်း ထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရသည်။


အခန်းများရောင်းချရာတွင်လည်း လက်ရှိဆောက်လုပ်ရေး၊ အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၌ ငွေစုဆောင်းထားကြသူများအနက် ကနဦးပေးသွင်းငွေ မြန်မာကျပ် သိန်း ၃၀ နှင့်အထက်ရှိသူများကို Down Payment Senior Number အလိုက် တန်းစီစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ‌ဒေါ်မီမီတင်က ဆိုပါသည်။


ကနဦးပေးသွင်းငွေ ပြည့်သွားနှင့်တပြိုင်နက် CHID Bank မှ ချေးငွေအမျိုးအစားနဲ့ ဝယ်ယူရရှိနိုင်တဲ့အိမ်ခန်းတန်ဖိုးပေါ်မူတည်ပြီး လစဉ် ကျပ် ၅ သောင်း ကနေ ၁ သိန်းကျပ်ပေးသွင်းရုံနဲ့ အိမ်ခန်းပိုင်ဆိုင်နိုင်မည်ဖြစ်သည်ဟု သိရှိရသည်။


နောက်ဆုံးရ သတင်းများ


မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းခန့် ဖန်တီးပေးနိုင်မည့် ကိုရီးယား -မြန်မာ စက်မှုဇုန်


အဆင့်မြင့် ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် RESORT များအပြင် တန်ဖိုးသင့်အိမ်ရာများပါ ပါဝင်မည့် ပုသိမ်စက်မှုမြို့တော် စီမံကိန်း


ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးထားသော နိုင်ငံ့ဝန်ထမ်းအိမ်ရာ မကြာခင်တွင် စတင်ဖွင့်လှစ်မည်


ရုပ်ရှင်လောကသားများ အဆင်ပြေစေရန်ရည်ရွယ်၍ အရစ်ကျအိမ်ရာများ စီမံဆောင်ရွက်လျက်ရှိ


Posted By : Sint Sint (ShweProperty.com)