By မော်ဒန်, Shweproperty.com
Updated at 9 February 2018
အခြေခံ လူတန်းစား အိမ်ရာစီမံကိန်းတေါ အတွက် အတိုးနှုန်း သက်သက်သာသာ နဲ့ အရစ်ကျ ဝယ်ယူနိုင်ဖို့အတွက် ဂျပန်အစိုးရက ယန် ၁၅ သန်း ( မြန်မာငွေ ကျပ် ၁.၅ ဘိလျံ) ယခုနှစ်အတါင်း ကူညီဖို့စီစဉ်နေကြောင်း အကျိုးဆောင်ကုမ္ပဏီတစ်ခုကသိရပါတယ်။
Housing Finance Support အတွက်ပါ ၊ ပြောထားတာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ မတ်လကတည်းကချေးငွေက ဒီနှစ်ထဲဖြစ်လာနိုင်ပါတယ် လိုမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာရောင်းချနေတဲ့ အိမ်ရာစီမံကိန်းတွေ မှာ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ရှိပြီး အတိုးနှုန်းများနေတာကြောင့် နိုင်ငံတကာကချေး ငွေ ရရှိရင် အတိုးနှုန်း လျှောချနိုင်မှာဖြစ်ပါတယ် ။ချေးငွေရရှိအောင် ပြည်ထောင်စုအစိုးရအဖွဲ့ ကစီစဉ်နေပြီး ယခု ၂၀၁၈ မှာ ရလာ ချင်တယ်လို့ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဟာ လက်ရှိရန်ကုန် တိုင် အစိုးရအဖွဲ့ကအကောင်အထည်ဖော်မယ် မြို့သစ်စီမံကိန်းမှာပါ ဝင်လု ပ်ေ ဆာင်ဖို့ကမ်းလှမ်းခံ ထားရပြီး တစ်နိုင်ငံလုံးမှာအိမ်ရာ စီမံကိန်းတွေဖော်ဆောင်ဖို့တာဝန်ပေးခြင်းကို ခံထားရတဲ့အဖွဲ့အစည်ြး ဖ စ် ပါတယ်။
မြန်မာနိုင်ငံမှာ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေ တည်ဆောက်တဲ့အခါ ကျပ်သိန်း ၁၀၀ အောက်နဲ့ တည်ဆောက်ဖို့အတွက် အစိုး ရပို င်ကို တောင်းဆိုရန်အခက်အခဲရှိကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ် ။ ဒါကြောင့် အတိုးနှုန်းသက်သက် သာသာ နဲ့ အရ စ်ကျလပေါင်းများစွာရောင်းချနိုင်ဖို့ ဆောက်လုပ်မှုကုန်ကျစရိတ်ဟာ ခေတ်ကာလအခြေအနေကြောင့် သိန်း ၁၀၀ အောက် နဲ့ရော င်းချ ဖို့မဖြစ်နိုင်သေးဘူးလို့ ဆောက်လုပ်ရေးကုမ္ပဏီ တခု၏ မန်နေဂျင်း ဒါရိုက်တာ တစ်ဦးကပြောပါတယ် ။
Ref : မော်ဒန် Photo Credit : Elevenmyanmar Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ