By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 23 July 2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွှဲ့၊ အိမ်ရာစီမံကိန်းများရောင်းချရေးကော်မတီမှ ရောင်းချမည့် ပြည်သူ့အရောင်းအိမ်ရာ အိမ်ခန်းများကို ပထမ အသုတ်ရောင်းချပေးရာတွင် ၀ယ်ယူရမည့်အခန်းနေရာ မဲနှိုက်ခြင်းကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှုးရုံး၊ ဒုတိယထပ် အစည်းအဝေးခန်းမ (ဗိုလ်တထောင်မြို့နယ်)တွင် ဇူလိုင်လ (၂၅)ရက်နှင့် (၂၆)ရက်များတွင် မဲနှိုက်ဝယ်ယူရမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ တရားဝင် အသိပေးထုတ်ပြန်ခဲ့ပါသည်။
လာရောက်မဲနှိုက်ဝယ်ယူမည့်သူများအနေဖြင့် မိမိရဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လူကိုယ်တိုင် လာရောက် မဲနှိုက်ရမည်ဖြစ်ကြောင်း အသိပေးထားပါသည်။
ဖူလိုင်လ(၂၅)ရက်နေ့၊ မနက်(၉)နာရီတွင် ပထမအုပ်စုဖြစ်သော ၀င်ငွေ(၅)သိန်းနှင့်အထက် ၀ယ်ယူခွင့်ရသူ (၁၆၁)ဦးမှ မဲနှိုက်ခွင့်ရမှာ ဖြစ်ပြီး နေ့လည် (၁၂)နာရီမှစတင်ကာ ဒုတိယအုပ်စု ၀င်ငွေ(၅)သိန်းနှင့်အောက် ရွှေပေါက်ကံအိမ်ရာ ၀ယ်ယူခွင့်ရသူ(၅၆)ဦး၊ ရွှေလင်ပန်းအိမ်ရာ ၀ယ်ယူခွင့်ရသူ (၁၄၈)ဦး မဲနှိုက်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဇူလိုင်လ (၂၆)ရက်နေ့တွင် မနက်(၉)နာရီမှ စတင်ကာ ဒုတိယအုပ်စု ၀င်ငွေ(၅)သိန်းနှင့်အောက် ယုဇနတန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရသူ (၂၉၁)ဦး၊ နေ့လည်(၁၂)နာရီတွင် ဒုတိယအုပ်စု ၀င်ငွေ(၅)သိန်းနှင့်အောက် ကနောင်တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူခွင့်ရသူ (၂၀၈)ဦး မဲနှိုက်မှာ ဖြစ်ကြောင်း သိရပါသည်။
မဲနှိုက်ဝယ်ယူခွင့် ရရှိသူများအနက်မှ အချက်အလက်ပြည့်စုံပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီသူများ၊ ဘဏ်ချေးငွေနှင့် ၀ယ်ယူခွင့်ရသူများအတွက် ဘဏ်စစ်ဆေးပြီး ပြည့်စုံသူများကို ထပ်မံစိစစ်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်ကော်မတီ၏ ထုတ်ပြန်ထားသော တန်းစီဇယားအတိုင်း ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါသည်။
ရောင်းချပေးမယ့်အိမ်ရာများမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ကနောင်အိမ်ရာ၊ ယုဇနအပိုင်း(၁)၊ ယုဇနအိမ်ရာ၊ တောင်ဒဂုံမြို့နယ်မှ အင်းဝအိမ်ရာ၊ Town Center၊ လှိုင်သာယာမှ ရွှေလင်ပန်းအပိုင်း(၃)၊ ရွှေလင်ပန်း တန်ဖိုးနည်းအပိုင်း(၁)၊ ရွှေလင်ပန်းစက်မှုဇုန်၊ ထီးလှိုင်ရှင်အိမ်ရာ၊ မြောက်ဥက္ကလာမြို့နယ်မှ ရွှေပေါက်ကံ(၁၄) အိမ်ရာ၊ ရွှေပြည်သာမြို့နယ်မှ ဇွန်(၃)၊ သင်္ကန်းကျွန်းမြို့နယ်မှ ကြီးပွားရေးအိမ်ရာများမှ တိုက်ခန်းပေါင်း (၈၆၄)ခန်းကို ရောင်းချပေးသွားမှာ ဖြစ်ပြီး တိုက်ခန်းဈေးနှုန်းများမှာ သိန်း(၉၀)ကျော်မှ သိန်း(၆၀၀)အထိ ရှိကြောင်း သိရှိရပါသည်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ