By Mizzima, Shweproperty.com
Updated at 30 November 2015
အစိုးရအနေဖြင့် အိမ်ယာများဖွံ့ဖြိုးရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး တွင် ၅၂၇ လုံး နှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များ၌ ၃၁ လုံးတည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တည်ဆောက်ဆဲ အဆောက်အဦး(၅၅၈)လုံးတွင် တန်ဖိုးသင့်၊တန်ဖိုးနည်း၊တန်ဖိုးမြင့်အိမ် ရာ များဝင်ပြီး အားလုံးတည်ဆောက်ပြီးဆီးပါက တန်းဖိုးသင့်အခန်းရေအတွက်(၆၈၂၉)ခန်း၊တန်ဖိုးနည် အခန်အ ရေအတွက်(၁၁၁၆၀)ခန်းနှင့် တန်းဖိုးမြင့်အခန်းအရေအတွက်(၄၃၈၂)ခန်းရရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သိရသည်။
“တန်ဖိုးနည်းအိမ်ရာ၊တန်းဖိုးသင့်အိမ်ရာ၊တန်ဖိုးမြင့်အိမ်ရာတွေ ဒီလိုဟာတွေကိုတည်ဆောက်ပြီးတော့ အငှားချတာလည်းရှိမယ်၊အပြတ်ရောင်းချတဲ့စနစ်လဲရှိမယ် ပြီးရင် အရစ်ကျပေချေစနစ်နဲ့ ကျွန်တော်တို့မှာဘဏ် နဲ့ချိတ်ဆက်ပြီတော့ ရောင်းတာရှိမယ်“ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဆောက်ရွက်ဆဲ အိမ်ရားစီမံကိန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆောက်လုပ် ရေးကုမ္မဏီများနှင့် အကျိုးတူတည်ဆောက်လျှက်ရှိကြောင်းသိရပြီး အဆောက်အဦးအလုံးရေ (၃၀၀)ရောကျော် သည် မြေပြင်ရှင်းလင်းမှု ပြီးစီးသည့် အဆင့်သာရှိသေးကြောင်းယင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
Ref : Mizzima
Photo Credit : Mizzima
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ