By 7daydaily, Shweproperty.com
Updated at 30 September 2015
ကျူးကျော်များ အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြော သည်။
လက်ရှိတည်ဆောက်နေ သော တန်ဖိုးနည်းအိမ်ရာများ ထက် ဈေးနှုန်းပိုသက်သာသည့် နှုန်းများဖြင့် ကျူးကျော်များအတွက် တည်ဆောက်ပေးမည်ဟု စက်တင်ဘာ ၂၉ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီးကပြောကြားသည်။
‘‘ဘယ်လိုမျိုး ကျူးကျော်မျိုး စုံဖြစ်ပါစေ။ ကျွန်တော်တို့က ဒီ ကျူးကျော်တဲ့ အိမ်ရာတွေကို သူ တို့ကျူးကျော်နေတဲ့ နေရာတွေမှာ ကျွန်တော်တို့က စနစ်တကျရွှေ့ ပြောင်းပေးပါမယ်။ ရွှေ့ပြောင်းပြီး အဲဒီနေရာတွေမှာ တန်ဖိုးအနည်း ဆုံးအိမ်ရာတွေ တည်ဆောက်ပါ မယ်။ ဆောက်ပြီးလို့ရှိရင် သူတို့ ကို ပြန်ပြီးတော့ နေရာချထားပေး မှာဖြစ်ပါတယ်’’ဟု ဦးစိုးတင့်က ပြောသည်။
ဒုဝန်ကြီးက အိမ်ရာတည် ဆောက်ပေးမည်ဟု ဆိုသော် လည်း အခန်းအရေအတွက်မည် မျှဖော်ဆောင်ပေးမည်ကို ပြောကြားသွားခြင်းမရှိဘဲ ကျူးကျော် များ နေထိုင်သည့် နေရာဒေသအ လိုက် အရေအတွက်နှင့် မြေနေ ရာ အကျယ်အဝန်းပေါ်မူတည် ပြီး တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ ပြန်လည်နေရာချ ပေးမည်ဟု ဝန်ကြီးကဆိုသည်။
‘‘ဒါတွေကိုလည်း ကျွန်တော် တို့ ဘဏ်မှာ အရစ်ကျစနစ်နဲ့ပဲ လုပ်ပေးမှာပါ။ ကျွန်တော်တို့က ၂၀ ရာခိုင်နှုန်းမတည်ပေးရမယ်။ ဘဏ်နဲ့ တစ်ဆင့်ချိတ်ပြီး လုပ်မှာ ဖြစ်တဲ့အတွက် သူ့ဝင်ငွေအာမခံ ချက်ကိုလည်း တစ်ယောက် ယောက်က ထောက်ခံပြီးတော့ အာမခံပေးရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ငွေအရစ်ကျပြန်မသွင်း နိုင်မှာ စိုးလို့ ထောက်ခံချက်တော့ လိုတာပေါ့’’ဟု ဦးစိုးတင့်ကပြော ကြားသည်။
ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို စတင် နေပြီဖြစ်သော်လည်း လက်ရှိတွင် ရွေးကောက်ပွဲကာလရောက်နေ သည့်အတွက် စီမံကိန်းများ ရပ်နားထားပြီး ရွေးကောက်ပွဲပြီး နောက် စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။ဆောက်လုပ်ရေးဝန်ကြီး ဌာနက လက်ရှိအစိုးရလက်ထက် တွင် အခန်းပေါင်း ၅၇,၀၀၀ ကျော် တည်ဆောက်ရန် စီစဉ်ထားပြီး ၃၈,၀၀၀ ကျော်ကို တည်ဆောက်ပြီးဖြစ်ကြောင်းနှင့် ၁၉,၀၀၀ ကျော်ကို ယခုနှစ်အတွင်း ဆက်လက်တည် ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ