By ပြည်သိမ်း၊ ဇာဇာနို, Shweproperty.com
Updated at 19 December 2012
အစိုးရဝန်ထမ်းများအတွက် တိုင်းနှင့်ပြည်နယ်အားလုံးတွင် တန်ဖိုးနည်းတိုက်ခန်းနှင့် နေအိမ်များဆောက်လုပ်ပေးရန် စီစဉ်နေကြောင်းဆောက်လုပ်ရေးဝန်ကြီး ဌာန အောက်ရှိ မြို့ရွာ နှင့် အိုးအိမ်ဖွိ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။
''ပထမဆုံးတော့ Research လုပ်ဖို့ရှိတယ်။ ဘတ်ဂျက်ရတဲ့အပေါ်မူတည်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ လုပ်ဖို့ စီစဉ်ထားတယ်'' ဟုမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန(စီမံကိန်း)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောကြားသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော်မည့်ဧရာဝဏ်အိမ်ရာနှင့် ရတနာအိမ်ရာတို့မှာပထမဦးဆုံးစီမံကိန်းဖြစ်ကြောင်း၊ယင်းအိမ်ရာစီမံကိန်းတွင် တိုက်အလုံးရေ ၁၅၁ လုံးနှင့် အခန်းပေါင်း ၁ဝ,ဝ၅၆ ခန်း ပါဝင်ကြောင်းအထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
''ဒါက ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တွဲဖက်ဆောက်မှာပါ။တည်ဆောက်စရိတ်က အနည်းဆုံး ကျပ်သိန်းတစ်ရာ အထက်မှာရှိတော့ ဈေးနှုန်းက အဲဒီအထက်မှာပဲ ရှိနိုင်တယ်'' ဟု ဦးရွှေဝင်းကရှင်းပြသည်။
အဆိုပါတိုက်ခန်းများ၏အ ကျယ်အဝန်းမှာ ၆၄ဝ ဒသမ၅ စတုရန်းပေမှ ၁၂၇ဝ ပေ အထိကျယ်ဝန်းသည်။ ယင်းတိုက်ခန်းများကို အစိုးရဝန်ထမ်းများသာမက ပုဂ္ဂလိက ဝယ်လိုသူများကိုပါရောင်းချမည်ဖြစ်သည်။ အခြားသော တိုင်းနှင့်ပြည်နယ်များတွင်အကောင်အထည်ဖော်မည့် စီမံကိန်းများမှာမူ အစိုးရဝန်ထမ်းများကိုသာ အဓိကရောင်းချပေးမည်ဟု သတင်းရရှိသည်။
''အိမ်ရာစီမံကိန်းတွေက မြို့ သစ်တွေမှာပဲ ဆောက်တာများတယ်။ အောက်ခြေလူတန်းစားပါ နေနိုင်အောင်ဆိုတော့ အဆင့်မြင့် အိမ်ရာမရှိနိုင်ဘူး'' ဟု MotherLand ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးမင်းမင်းထွန်းက ဆိုသည်။
အိမ်ရာစီမံကိန်းများသည် စာရွက်ပေါ်တွင်သာ အများစုရှိနေသဖြင့် တိုက်ခန်းဈေးကွက်ကိုလောလောဆယ် ထိခိုက်မှုမရှိနိုင် သေးကြောင်း Three Friends ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆောက်လုပ်ရေးလုပ်ငန်းများကလည်း ငွေများစွာ စိုက်ထုတ်ပြီး အမြတ်မကျန်နိုင်သည့်အတွက် လုပ်ချင်သူ လွန်စွာနည်းပါးကြောင်း ရှင်းပြသည်။
လက်ရှိတည်ဆောက်ထားသည့် ယုဇနမြို့တော် အိမ်ရာ စီမံကိန်းများမှာပင် ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရသဖြင့် လက်တွေ့လုပ်ရာတွင် ကျော်ဖြတ်ရမည့် အပိုင်းများစွာ ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ