By The Kumudra, Shweproperty.com
Updated at 16 June 2015
မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်နေတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေကို ဝယ်ယူခွင့်ရရှိတဲ့ပြည်သူတွေကအရစ်ကျချေးငွေနှစ်အကန့်အသတ်နဲ့တောင်းဆိုရင်ရောင်းချပေးမယ်လို့ သိရပါတယ်။
“ ဌာနဘက်က ပြည်သူတွေပေးချေနိုင်တဲ့နှစ်အကန့်အသတ်နဲ့ရောင်းချပေးသွားမယ်၊ လက်ရှိမှာတော့ ရွှေလင်ပန်းကိုရှစ်နှစ်သတ်မှတ်သလိုနောက်ထပ်ရောင်းချမယ့် အိမ်ရာကိုရှစ်နှစ်အရစ်ကျနဲ့ လိုချင်ရင်လဲပေးမှာဖြစ်သလိုအရင်လိုလေးနှစ်နဲ့ ဝယ်မယ်ဆိုရင်လဲ ခွင့်ပြုပေးမယ်” လို့မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် ကပြောပါတယ်။
အိုးအိမ်ကရောင်းချပေးတဲ့ အိမ်ရာစီမံကိန်းတွေ့ရဲ့ အရစ်ကျပေးချေမှု ပမာဏဟာပြီးခဲ့တဲ့ (၂၀၁၄)ခုနစ် ကအရစ်ကျချေးငွေကိုအများဆုံးလေးနှစ်အထိသာရရှိခဲ့ရာက(၂၀၁၅)ခုနစ်အတွင်းမှာတော့ ထပ်မံရောင်းချပေးခဲ့တဲ့ ရွှေလင်ပန်းအိမ်ရာကို(၈)နှစ်အရစ်ကျချေးငွေနဲ့ စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြို့ရွာနဲ့အိုးအိမ်ကအကောင်အထည်ဖော်နေတဲ့ အိမ်ရာစီမံကိန်းတွေကတော့ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှာရတနာနဲ့ ဧရာဝဏ်အိမ်ရာစီမံကိန်း၊ ယုဇနမြို့တော်တန်ဖိုးနည်းအိမ်ရာစီမံကိန်းတို့ဖြစ်ပြီးအခန်းပေါင်း (၄၀,၀၀၀) ကျော်ပါဝင်ပါတယ်။ စီမံကိန်းကိုလာမယ့် (၂၀၁၅ ၊ ၂၀၁၆) ဘဏ္ဍာနှစ်မှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းတည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းမှာတခြားဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အိမ်ရာစီမံကိန်းတွေလိုမဟုတ်ဘဲလူနေထိုင်မှုမှာလိုအပ်တဲ့ ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်းနဲ့ Bus Terminal စတဲ့စီမံကိန်းတွေ ပါဝင်ပါတယ်။ စီမံကိန်းနေရာဟာ သီလဝါစက်မှုဇုန်နယ်မြေနဲ့ တစ်ဆက်တည်းဆောက်လုပ်ဖို့ ရှိတယ်လို့သိရပါတယ်။
အစိုးရကလက်ရှိတည်ဆောက်အကောင်အထည်ဖော်နေတဲ့ အိမ်ရာစီမံကိန်းတွေရဲ့ တန်ဖိုးတွေကအနည်းဆုံးကျပ် သိန်း (၁၂၀) ကနေကျပ် သိန်း (၃၀၀) ဝန်းကျင်အထိရှိတာကြောင့် ဝယ်ယူနိုင်တဲ့ လူတန်းစားတွေဟာလူလတ်တန်းစားတွေသာ ဖြစ်တဲ့အတွက် အစိုးရဘက်က နှစ်ရှည်ချေးငွေတွေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ် နေတာဖြစ်ပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ