By ဝိုင်းနန္ဒီ (ShweProperty.com), Shweproperty.com
Updated at 15 August 2019
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုုနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံကော်မတီ အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁၀)ဒသမ (၂၃၉)သန်းနဲ့ မြန်မာကျပ်ငွေ(၁၆၇၅)သန်းဖြစ်ပြီး၊ (၅၉၆၇)ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ သြဂုတ်လ(၁၃)ရက်နေ့ထိ၊ စက်မှု၊ ဟိုတယ်၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံကဏ္ဍများနဲ့ အခြားကဏ္ဍတွေမှာ တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင်နှင့်ထိုင်ဝမ်၊ ကိုးရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၃၂)ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈)ခု တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ(၂၂၈) ဒသမ (၆၄၉)သန်း - မြန်မာကျပ်ငွေနဲ့ဆိုရင် ၃၅၆၅၃ ဒသမ ၉၆၆ သန်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၇၈၃၄၂)ဦးအတွက် ဖန်တီးပေးခဲ့ကြောင်း ရန်ကုန်တိုင်းရင်းနှီးမြှပ်နှံမှုကော်မတီရုံးရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
အဆိုပါအစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးဦးဖြိုးမင်းသိန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Thenational
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ