By The Voice, Shweproperty.com
Updated at 10 December 2018
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာချေးငွေ ဝန်ဆောင်မှုအသစ်ကို စတင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ယင်းဘဏ်၏ စီးပွားရေးအမှုဆောင် အရာရှိချုပ် (CBO) ဦးကျော်နီခင်က ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်အနေနှင့် ကျပ်သိန်း ငါးထောင်ဝန်းကျင်ရှိ တိုက်ခန်းနှင့် ကွန်ဒိုများကို ကနဦး ပေးသွင်းငွေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ငါးနှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ရာချေးငွေဝန်ဆောင်မှုများကိုသာ စတင်နိုင်သေးကြောင်း ၎င်းကဆိုသည်။
"ကျွန်တော်တို့ အခု Credit Bureau ဟာမျိုး ပေါ်လာတော့မယ်ဆိုတော့ လာမယ့်နှစ်တွေမှာ အိမ်ရာချေးငွေနဲ့ ပတ်သက်တာတွေက အများကြီး တိုးတက်လာဖို့ရှိပါတယ်" ဟု ၎င်းကပြောဆိုသည်။
လတ်တလောတွင် MAB ဘဏ်က အိမ်ရာချေးငွေများကို ကာလတို(ငါးနှစ်) သာ ထုတ်ချေးပေးထားခြင်းမှာ ဝယ်ယူသူများအတွက် ချေးငွေအတိုးအပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေရန်အတွက် နှစ်ရှည်အိမ်ရာချေးငွေများ ထုတ်မချေးသေးခြင်းဖြစ်ကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်ထံမှ သိရသည်။
နှစ်ရှည်အိမ်ရာချေးငွေများကို အခြားပြည်တွင်းပုဂ္ဂလိကဘဏ်များဖြစ်သည့် သမဝါယမဘဏ် ၊ဧရာဝတီဘဏ် ၊ရိုးမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့က အွန်လိုင်းအိမ်ရာအရောင်းအဝယ်ဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ကာ လုပ်ဆောင်လျက်ရှိကြသည်။
Ref & Photo Credit : The Voice
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ