By Myanmar Times, Shweproperty.com
Updated at 4 June 2015
ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် တန်ဖိုးကြီးကွန်ဒိုများ ဆောက်လုပ်မည့်အစား တန်ဖိုးမျှတ အိမ်ရာများကို ပိုမိုတည်ဆောက်ပေးသင့်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင် များအသင်း တာဝန် ရှိသူများက ပြောသည်။
အခြေခံလူတန်းစားများအတွက်လိုအပ်သည့် တန်ဖိုးမျှတအိမ်ရာများကို ဆောက်လုပ် ပေးမှသာ ဈေးကွက်သာမက သာမန်လူတန်း စားများအတွက် အကျိုးဖြစ်စေကြောင်း ၎င်းတို့က ပြောသည်။
"သာမန်လူတွေအတွက် လိုအပ်တဲ့ တန်ဖိုး မျှတအိမ်ရာလိုဟာမျိုးတွေ ပိုဆောက်သင့်ပါ တယ်။ ရန်ကုန်မြို့မှာ တစ်နှစ် တစ်နှစ် အိမ်ရာ လိုအပ်ချက်က ကြီးမားလာနေတယ်။ ဒါပေမဲ့ ခုချိန်ထိ မဖြည့်ဆည်းနိုင်သေးဘူး" ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဉာဏ်သစ်လှိုင်က ပြောသည်။
မြို့ပြသို့ ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားလာမှုနှင့် တိုးပွားလာသည့်လူဦးရေအတွက် အိမ်ရာ လိုအပ်ချက် မြင့်တက်လျက် ရှိရာ ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း တန်ဖိုး နည်းနှင့် တန်ဖိုးသင့်အိမ်ရာ လိုအပ်ချက်များ ကြီးမားလာကာ တစ်နှစ်လျှင် အခန်းပေါင်း ၂၀,၀၀၀ ခန့်လိုအပ်သော်လည်း၊ ထောင်ဂဏန်း မျှသာ ဖြည့်ဆည်းနိုင်သေးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
"ကွန်ဒိုတွေက တကယ်လိုအပ်လို့ ဆောက် ရင် ကောင်းပါတယ်။ ဈေးကွက် သုတေသန ပြုလုပ်သင့်တယ်။ တကယ်ဝယ်တဲ့ လူတွေ ဈေးကစားကြတာ များပါတယ်။ တကယ်လိုအပ်တဲ့ တန်းဖိုးမျှအိမ်ရာလိုဟာမျိုးတွေ တည် ဆောက်သင့်တယ်" ဟု မြနန္ဒာဆောက်လုပ်ရေး ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးအေးလင်းက ပြောသည်။ ရန်ကုန်မြို့သည် လူဦးရေထူထပ်များပြား လာသည့်အတွက် အိမ်ရာလိုအပ်ချက် မြင့်တက်လျက်ရှိနေသော် မြေယာဈေးနှုန်း များ မြင့်တက်နေမှုကြောင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် အတားအဆီး များ ရှိနေသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ