By မိုးညို, Shweproperty.com
Updated at 20 February 2013
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းကို ယခု၂ဝ၁၃ နှစ်ကုန်တွင်အပြီးသတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမြို့ပြ မြေယာ ဌာနမှ ဌာနမှူး ဦးတိုးအောင်က ပြောသည်။
လက်ရှိတွင် ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ JIC အပါအဝင် ရန် ကုန်မြို့တော်စင်ပင်သာယာရေး ကော်မတီမြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုး ဦးစီးဌာနရန်ကုန်မြို့တော် ရှေး ဟောင်းအဆောက်အအုံ ထိန်းသိမ်းရေး ရေးအဖွဲ့နှင့် မြို့ပြပညာရှင်များ စုစည်းရေးဆွဲလျက်ရှိသည့် အ ထက်ပါစီမံကိန်းကို ယခုနှစ်ကုန် ပိုင်းတွင် အပြီးသတ်ရန်လျာထား သည်ဟု အဆိုပါ ဌာနမှုးက ပြော သည်။
''ဒီကြားထဲမှာ စီမံကိန်းကရေးဆွဲနေတုန်းဆိုတော့ ဘယ်နေ ရာကိုဘယ်လောက်ချဲ့မယ်၊ ဘယ် လောက်ပြန်လျှော့မယ်ဆိုတာတွေ ကို ဒီဇင်ဘာလ ကုန်မှ အတည်ဖြစ်သွားမှာ။ အခုလောလောဆယ် ပြောထားတဲ့ မြို့နယ်တွေကို အတိုးအလျှော့တွေ အများကြီးရှိနိုင်သေးတယ် 'ဟု ၎င်း က ပြောသည။်
လက်ရှိအဆိုပြုထားသည့် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ တွံတေးမြို့နယ် အ များစုတွင်နေထိုင်သည့် မိသားစု များ၏သဘောထား ယင်းတို့၏ လူနေမှု ပုံစံ ၊ စီးပွားရေး အစရှိသော အခြေအနေများကို စတင်လေ့လာ စစ်တမ်းကောက်ယူမှုများ အကြိမ်ကြိမ် ပြုလုပ်နေပြီး ယင်းတို့၏အကျိုး စီးပွားမထိခိုက်ရေးကိုလည်း ဦး စားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ က ထုတ်ပြန်သည်။
ယင်းစီမံကိန်းဆောင်ရွက် စဉ်ကာလ ငါးနှစ်အတွင် ဒေါ်လာ သန်း ၂,၂ဝဝ ကျော်ကုန်ကျမည် ဖြစ်ပြီး ကနဦးဒေါ်လာ သန်း ၅ဝဝ ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ မှ ယခုနှစ်အတွင်း ချေးသွားမည်ဟု သိရသည် လက်ရှိတွင် ရန်ကုန်မြို့၏ အိမ်ရာမလုံလောက်မှုပြဿနာ၊ မြေယာဈေးနှုန်းကြီးမြင့်မှုပြသနာ များမှာ တစ်နှစ်ထက်တစ်နှစ် ကြီး ထွားလျက်ရှိပြီး နှစ်စဉ်ရန်ကုန်မြို့ တွင် အိမ်ရာအခန်းပေါင်း သုံး သောင်း လိုအပ်လျက်ရှိသည်။
အမှန်တကယ် တည်ဆောက် ဖြည့်ဆည်းပေးနိုင်မှုမှာ နှစ်စဉ် အိမ်ရာအခန်ပေါင်း ၇,ဝဝဝ ကျော် သာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ ထုတ်ပြန်သာ ကိန်းဂဏန်း များက ဆိုသည်။
ယင်းကဲသို့ မြေဈေးကြီးမြင့် မှု၊ အိမ်ရာမလုံလောက်မှု ပြဿနာ များကို ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံ ကိန်းမှ တဖြည်းဖြည်းချင်း ဖြေရှင်း ပေးသွားနိုင်ရန် ပေးသွားနိုင်ရန်အပြင် လတ်တ လောရန်ကုန်မြို့၏မြို့တွင်းပိုင်း ကျပ်တည်းမှုများကို တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီး အ စိုးရအဖွဲ့မှ ဘတ်ဂျက်ကို တိုးမြှင့်တောင်းခံထားကြောင်း ရန်ကုန် တိုင်းဒေသကြီ အစိုးရ အဖွဲ့မှာ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
''အရင်ဆောင်ရွက်ခဲ့တဲ့ မြို့ပြတွေမှာမြေယာအသုံးချမှုက စနစ်မကျခဲ့ဘူး။ အခုဒီစီမံကိန်း အတွက် မြေယာ အသုံးချမှုက အရမ်း အရေးကြးီတယ'် ' ဟု မြို့ပြ ဗိသုကာ ပညာရှင် ဦးဝင်းမြင့်က သုံးသပ် သည်။
လက်ရှိ ရန်ကုန်မြို့တော် ၏ အကျယ်အဝန်းမှာ ၃ဝ၆ စတုရန်းမိုင်ရှိပြီး လူဦးရေခြောက် သန်းကျော် နေထိုင်လျက်ရှိကာ လာမည့် ၂၀၄၀ ခုနှစ်အတွင် လူဦးရေ အနည်းဆုံး ၉ သန်းမှ ၂၄ သန်းအ ထိ တိုးပွားလာနိုင်ကြောင်း ရန် ကုန်မြို့တော် ဖွံ့ဖြိုးမှုစီမံကိန်းရေး ဆွဲသူများက သုံးသပ်ထားသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ